Connect with us

Africa & Middle East

အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS)က ဂင်းနီဗစ်ဆောနိုင်ငံသို့ ငြိမ်ဝပ်ပိပြားရေးထိန်းသိမ်းမှုတပ်ဖွဲ့ စေလွှတ်မည်

ဂင်းနီဗစ်ဆောနိုင်ငံ သမ္မတ Embaló အား မြို့တော် Bissau တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အက်ခရာ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့်ရက်ပိုင်းက အာဏာသိမ်းမှုမအောင်မြင်ခဲ့သည် ဂင်းနီဗစ်ဆောနိုင်ငံကို အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း(ECOWAS) ငြိမ်ဝပ်ပိပြားရေးထိန်းသိမ်းမှုတပ်ဖွဲ့တစ်ခု စေလွှတ်သွားမည် ဖြစ်ကြောင်း ECOWAS ကော်မတီ ဥက္ကဋ္ဌ Brouက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ECOWAS အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များသည် ဖေဖော်ဝါရီ ၃ ရက်က ဂါနာနိုင်ငံ အက်ခရာ အထူး ထိပ်သီးအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် Brou က ECOWAS အနေဖြင့် ဂင်းနီဗစ်ဆောနိုင်ငံကို စစ်ရေးပံ့ပိုးပေးမည်ဖြစ်ရာ ၎င်းနိုင်ငံ၏ “ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်း” ရာတွင် အကူအညီဖြစ်စေရန်အတွက်ဖြစ်ကြောင်း ဆိုသည်။ ဂင်းနီဗစ်ဆောသို့ ငြိမ်ဝပ်ပိပြားရေးထိန်းသိမ်းမှုတပ်ဖွဲ့ စေလွှတ်သည့် ရည်ရွယ်ချက်သည် လက်နက်အင်အားဖြင့် အာဏာလုယူသည့် ကိစ္စရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဂင်းနီဗစ်ဆောနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်က မအောင်မြင်သည့် အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူအချို့ဖမ်းဆီးခံခဲ့ရသည်။ ဂင်းနီဗစ်ဆောနိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Fernando Vaz က ယခုဖြစ်ပွားသည့် မအောင်မြင်သောအာဏာသိမ်းမှုတွင် လူ ၁၁ ဦးသေဆုံးခဲ့သည်ဟု ဖေဖော်ဝါရီ ၂ ရက်က ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
(国际)西共体将向几内亚比绍派遣维稳部队
2022-02-04 07:09:59
新华社阿克拉2月3日电(记者许正)西非国家经济共同体(西共体)委员会主席布鲁3日说,西共体将向日前发生未遂政变的几内亚比绍派遣一支维稳部队,以帮助稳定该国安全局势。
西共体成员国领导人3日在加纳首都阿克拉举行特别峰会。布鲁在会后的记者会上表示,西共体决定向几内亚比绍提供军事援助,以帮助该国“维护民主、和平与安全”。向几内亚比绍派遣维稳部队的目的,是确保企图通过武力夺权的事件不会再次发生。
几内亚比绍1日发生一起未遂政变,数人被捕。几内亚比绍政府发言人费尔南多•瓦斯2日说,有11人在这起未遂政变中死亡。(完)
图说1:2月1日,几内亚比绍总统恩巴洛在首都比绍召开的新闻发布会上讲话。 新华社发(阿利乌•巴尔德摄)