Connect with us

Asia

အမေရိကန်စစ်တပ်များ ကိုဗစ်စစ်ဆေးမှုမရှိဘဲ ဂျပန်သို့စေလွှတ်မှုအပေါ် ဂျပန်ဝန်ကြီးချုပ် ဒေါသထွက်

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါကို အောက်တိုဘာ ၄ ရက်အား ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၊ အိုကီနာဝါစီရင်စုအခြေစိုက် အမေရိကန်စစ်တပ်၏ ဒီဇင်ဘာ ၂၅ ရက်တွင် သတင်းပေးပို့ချက်များအရ ကိုဗစ်အတည်ပြုလူနာ ၁၉ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အနက် ၁၅ ဦးမှာ ဟန်ဆန်စခန်းမှဖြစ်ကြောင်း သိရသည်။ဟန်ဆန်စခန်းတွင် ကိုဗစ်ရောဂါ အစုလိုက် ကူးစက်မှု ဖြစ်ပွားခဲ့ရာ အမေရိကန်ဝန်ထမ်း ၂၅၅ ဦး ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ဂျပန်ဝန်ထမ်း အများအပြားပါ ထိခိုက်ခဲ့ကြောင်း သိရသည်။

ကိုဗစ် ကာကွယ်ဆေးထိုးနှံပြီးမှုကို အကြောင်းပြကာ အမေရိကန်စစ်တပ်သည် စက်တင်ဘာ ၃ ရက်မှစ၍ ဂျပန်သို့ စေလွှတ်မည့် စစ်သားအားလုံးကို ကိုဗစ်စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hayashi Yoshimasa က ဒီဇင်ဘာ၂၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

Tokyo Broadcasting System ၏ ဒီဇင်ဘာ ၂၅ ရက် သတင်းထုတ်ပြန်ချက်အရ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါ သည် အမေရိကန်၏ လုပ်ရပ်ကို အလွန်အမင်း မကျေနပ်သဖြင့် အမေရိကန်အား ပြင်းထန်စွာ ကန့်ကွက်ရန် အမိန့်ချမှတ်ခဲ့ကြောင်း၊ ဝန်ကြီးချုပ်ရုံးမှ အရာရှိတစ်ဦးက အမေရိကန်၏ မထီမဲ့မြင်ပြုခြင်းသည် သည်းမခံနိုင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၅ ရက်အထိ အိုကီနာဝါစီရင်စုတွင် ဒေသခံ ၁၀ ဦးတွင် အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ၎င်းတို့အားလုံးသည် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းများနှင့် ထိတွေ့ဆက်စပ်မှုရှိသူများဖြစ်ကြောင်း၊ အိုကီနာဝါစီရင်စု ကူးစက်ရောဂါ ကာကွယ်ရေးဌာနမှ တာဝန်ရှိသူများက ဒေသတွင်း အိုမီခရွန် အစုလိုက်ကူးစက်ပြန့်ပွားမှု ရှိနိုင်ကြောင်း ဆိုသည်။

ဟန်ဆန်စခန်းတွင် ကပ်ရောဂါပြန့်ပွားမှုကာလအတွင်း အိုကီနာဝါစီရင်စုရဲတပ်ဖွဲ့များက စခန်းတွင်းရှိ အမေရိကန်စစ်သားနှစ်ဦးကို ဒီဇင်ဘာ ၂၀ ရက် ညပိုင်းနှင့် ဒီဇင်ဘာ ၂၅ ရက်နံနက်အစောပိုင်းတွင် အရက်မူးပြီးကားမောင်းမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် အိုကီနာဝါစီရင်စုအစိုးရသည် အခြေစိုက်စခန်းမှ အမေရိကန်ဝန်ထမ်းများ စခန်းပြင်ပမထွက်ရန် တောင်းဆိုထားသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် Fukuoka စီရင်စုတွင်း အိုမီခရွန်ပိုးကူးစက်မှု ပထမဆုံးဖြစ်ပွားမှုကို အတည်ပြုခဲ့သည်။ လက်ရှိတွင် တိုကျိုစီရင်စု၊ အိုဆာကာစီရင်စု၊ ကျိုတိုစီရင်စုတို့တွင် အိုမီခရွန်ပိုးကူးစက်မှုဖြစ်ပွားနေကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)
美军赴日本前不筛查新冠惹恼岸田首相
2021-12-26 09:17:10 分类: 社会
新华社北京12月26日电 驻日本冲绳县美军25日报告新增19例新冠确诊病例,其中15例出自汉森营地。汉森营地暴发聚集感染,已有255名美方人员确诊,并波及多名日本雇员。
日本外务大臣林芳正24日证实,美国军方9月3日起免除所有士兵赴日前新冠筛查义务,理由是他们已经接种完新冠疫苗。
10月4日,日本首相岸田文雄在日本东京召开记者会。(新华社发,花井亨摄)
东京广播公司电视台25日报道,首相岸田文雄对美方此举极为不悦,下令向美方“严正抗议”。在一名首相官邸官员看来,美方的轻视“令人难以容忍”。
截至25日,冲绳县有10名日本人感染变异新冠病毒奥密克戎毒株,都关联驻日美军基地。冲绳县防疫部门负责人担心奥密克戎毒株可能已经在社区传播。
汉森营地疫情蔓延期间,冲绳县警方先后于20日深夜、25日凌晨逮捕两名隶属该营地的美军士兵,他们涉嫌酒驾。为防止疫情扩散,冲绳县政府要求美方禁止基地人员外出。
福冈县25日确认县内首个奥密克戎毒株社区传播病例。目前,东京都、大阪府、京都府都已出现奥密克戎毒株社区传播病例。(刘秀玲)