Connect with us

North America

အမေရိကန်တွင် ထရပ်ကားယာဉ်မောင်း ရှားပါးလာသဖြင့် ပြည်သူများအကြား ကားမောင်းသင်ရန် စိတ်အား ထက်သန်နေ

ပေကျင်း၊နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်တွင် ထရပ်ကားယာဉ်မောင်းများ ပိုမို ရှားပါးလာခြင်းကြောင့် ယင်းလုပ်ငန်းခွင်တွင် ဝန်ထမ်းခေါ်ယူမှုပိုမိုများပြားလာသလို လစာများလည်း ဆက်တိုက် မြင့်တက်နေသောကြောင့် အမေရိကန်ပြည်သူများအကြား ကားမောင်းသင်ရန် စိတ်အားထက်သန် ရေပန်းစားလျက်ရှိကြောင်းသိရသည်။

တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်မှ မာရှယ်ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးမှုကွင်းဆက် ထိန်းချုပ်ရေး စင်တာ၏ အမှုဆောင် ညွှန်ကြားရေးမှူး Nick Vias က အမေရိကန်နိုင်ငံ၌ လက်ရှိတွင် ထရပ်ကားယာဉ်မောင်း ၈၀,၀၀၀ ခန့်လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ကုန်တင်ကားလုပ်ငန်းအသင်း၏ခန့်မှန်းချက်အရ ယင်းလိုအပ်ချက်အပေါ် စီမံချက်များ မလုပ်ဆောင်လျှင် အမေရိကန်ထရပ်ကားယာဉ်မောင်းများ ပြတ်လပ်မှုသည် ၂၀၃၀ ပြည့်နှစ်တွင် ၁၆၀,၀၀၀ အထိ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

Associated Press ၏အစီရင်ခံစာအရ ကယ်လီဖိုးနီးယားရှိ ထရပ်ကားယာဉ်မောင်းသင် လေ့ကျင့်ရေးကျောင်း၏ နှစ်စဉ်စာရင်းသွင်းမှုသည် ယခင်နှစ်ကတည်းက ၂၀ ရာခိုင်နှုန်း နီးပါးတိုးလာခဲ့ရာ ၎င်းတို့အတွက် ညပိုင်း လေ့ကျင့်ရေးသင်တန်းကိုပါ တိုးမြှင့် ဖွင့်လှစ်ထားရကြောင်းသိရသည်။

“အမေရိကန်မှာ ပစ္စည်းအားလုံးနီးပါးကို ထရပ်ကားနဲ့ပဲသယ်ယူကြတယ်၊ပစ္စည်းတွေ သယ်နေသရွေ့တော့ ထရပ်ကားယာဉ်မောင်းတွေလိုအပ်ပါတယ်”ဟုထရပ်ကားယာဉ်မောင်းသင် လေ့ကျင့်ရေးကျောင်းက ပြောကြားခဲ့သည်။

ထရပ်ကားယာဉ်မောင်းသင် ကျောင်းသား Tieno Barry က “တစ်ဖက်က လူ့အဖွဲ့အစည်းအတွက်အကျိုးပြုနိုင်တယ်၊ တဖက်ကလည်း ငွေရှာနိုင်တယ် ၊ ဒါက ဘုံအကျိုးဖြစ်စေတဲ့ အခြေအနေပဲ” ဟုဆိုသည်။

သို့သော် ကျောင်းအပ်နှံသူဦးရေ တိုးလာသည်နှင့်အမျှ ထရပ်ကားယာဉ်မောင်းသင် လေ့ကျင့်ရေးကျောင်းတွင် ထရပ်ကားမောင်းသင်တန်းပို့ချသူဦးရေမှာ မလုံလောက်သည့် ပြဿနာဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း အမေရိကန် ပြည်သူအများစုသည် အခြားသူများနှင့် မကြာခဏထိတွေ့မှုလိုအပ်သော အလုပ်မှ နုတ်ထွက်ကြရာ ဆိပ်ကမ်းများ၊ စူပါမားကတ်များနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်သားရှားပါးလာကာ ထောက်ပံ့ရေးကွင်းဆက်၏တည်ငြိမ်မှုကို ထိန်းသိမ်းရန် ခက်ခဲလာကြောင်း ၊ ၎င်းတို့အနက် ထရပ်ကားယာဉ်မောင်းများ ရှားပါးမှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာမှာ အထူးဆိုးရွားနေကြောင်း၊အမေရိကန်စီးပွားရေးအစုအဖွဲ့တွင် ကုန်ပစ္စည်း၏ ၇၁ ရာခိုင်နှုန်းသည် ထရပ်ကားဖြင့်သာ သယ်ယူပို့ဆောင် ရကြောင်း၊ကုန်ပစ္စည်းများ ၀ယ်လိုအား တိုးလာသည်နှင့်အမျှ ထရပ်ကား ယာဉ်မောင်းများ လိုအပ်မှုလည်း တိုးလာကြောင်း သိရသည်။

ထို့အပြင် ထရပ်ကား ယာဉ်မောင်း ရှားပါးမှုကြောင်း US ဆိပ်ကမ်းများ၏လည်ပတ်မှုကိုလည်းထိခိုက်စေခဲ့သည်။ အမေရိကန်တွင် ထရပ်ကား ယာဉ်မောင်းများ စံချိန်တင်ရှားပါးစဉ် US ဆိပ်ကမ်းများတွင်လည်း စံချိန်တင်ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

ကယ်လီဖိုးနီးယားရှိ လော့စ်အိန်ဂျလိစ်ဆိပ်ကမ်းနှင့် Long Beach ဆိပ်ကမ်းတို့တွင် အောက်တိုဘာလမှစ၍ “၂၄ နာရီဆက်တိုက်လုပ်ငန်းလည်ပတ်ခြင်း” ဖြင့် လုပ်ငန်းဆောင်တာဝန်အား ပိုမိုလေးလံသော လည်ပတ်မှု အသွင်သို့ ဆိုက်ရောက်လာခဲ့ရသည်။ ထရပ်ကားယာဉ်မောင်းများနှင့် ကုန်တင်ကုန်ချဝန်ထမ်းများ ရှားပါးလာခြင်း၊ ကုန်တင်ကုန်ချ အခြေခံစနစ်နှင့် auto စီမံခန့်ခွဲမှုဆိုင်ရာစနစ် အဆင့်နိမ်ပါးခြင်းတို့ကြောင့် သင်္ဘောတစ်စင်း စီသည် ပျမ်းမျှအားဖြင့် ကုန်စည်တင်ရန် ၁၇ ရက်နီးပါး စောင့်ဆိုင်းရကာ ပင်လယ်ပြင်တွင် ကွန်တိန်နာတင်သင်္ဘောများ တန်းစီပြည့်ကျပ်နေကြောင်း သိရသည်။ (Xinhua)
………………………………………………
(Chinese Version)
美国急缺卡车司机 催生民众“学车热”

新华社北京11月21日电 由于美国严重缺少卡车司机,这门职业招聘需求旺盛、薪酬一涨再涨,美国民众中掀起了一轮“学车热”。
南加州大学马歇尔全球供应链管理中心执行董事尼克•维亚斯说,眼下美国缺少8万名卡车司机。 美国卡车运输业协会预测,如果不采取任何措施,美国卡车司机缺口到2030年可能达到16万人。

据美联社报道,自去年以来,加利福尼亚州卡车驾驶培训学校的年招生人数增长近20%。 面对民众日益旺盛的学车热情,这所学校还增设了夜校培训班。

校方表示:“美国(几乎)所有东西都离不开卡车运输。只要运输东西,我们就需要卡车司机。”
驾校学员蒂埃诺•巴里说,他之所以报名学开卡车,“一方面是为社会作贡献,另一方面能赚到钱,这是双赢情形”。
不过,这所驾校也面临难题,那就是随着报名学生增多,卡车驾驶教练的数量严重不足。

新冠疫情期间,许多美国人辞去需要频繁接触他人的工作,造成港口、超市和运输行业劳动力短缺,难以保障供应链稳定。 其中,卡车司机短缺引发的问题尤为严重,因为美国经济体系中71%的商品离不开卡车运送。 随着消费者对商品的需求增加,对卡车司机的需求持续增长。
此外,缺少卡车司机还影响了美国港口运转。 美国卡车司机数量出现创纪录缺口之时,美国各港口同样出现创纪录拥堵。

以加利福尼亚州洛杉矶港和长滩港为例,这两座港口从10月开始进入“24小时连轴转”的超负荷作业模式。 由于卡车司机和装卸工人短缺,再加上装卸基础设施落后、管理自动化水平低等原因,平均每艘船需要等待近17天才能卸货,以致大量集装箱货轮在海面上拥堵“排长队”。 (杨舒怡)
图说1- 10月22日在美国加利福尼亚州洛杉矶港拍摄的等待集装箱的卡车。 (新华社发)