Connect with us

COVID-19 UPDATES

အမေရိကန်တွင် နေ့စဉ်ထပ်တိုးလူနာ တစ်သန်းကျော်အထိ ရှိလာသောကြောင့် ကိုဗစ်ဓာတ်ခွဲစစ်ဆေးကိရိယာ သန်း ၅၀၀ အရေးပေါ်ဝယ်ယူ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Times Square ရှိ ကိုဗစ်ရောဂါ ယာယီစစ်ဆေးရေးနေရာတွင် လမ်းဘေးဖျော်ဖြေရေးသမားတစ်ဦး တင်ဆက်နေသည်ကို ဒီဇင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်နိုင်ငံ၌ ကိုဗစ်ထပ်တိုးအတည်ပြုလူနာ ၁ သန်းကျော်ရှိပြီး ၎င်းတို့အနက် ၉၅ ရာခိုင်နှုန်းကျော်သည် အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာက ခန့်မှန်းထားသည်။

အမေရိကန်၌ ကိုဗစ်ထပ်တိုးလူနာ မြင့်တက်လာသောကြောင့် ကိုဗစ်ဓာတ်ခွဲစစ်ဆေးကိရိယာ ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသည်။ ကိုရိုနာဗိုင်းရပ်စ် အမြန်စမ်းသပ်ကိရိယာ သန်း ၅၀၀ ဝယ်ယူမှုအတွက် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ဇန်နဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။

ရောဂါဖြစ်ပွားမှုတွင် အိုမီခရွန်က ၉၀ ရာခိုင်းနှုန်းကျော်ရှိ
အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှထုတ်ပြန်သောအချက်အလက်များအရ ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်၌ ထပ်တိုးအတည်ပြုလူနာ ၁ ဒသမ ၈ သန်းကျော်ရှိခဲ့ပြီး ရောဂါဖြစ်ပွားချိန်မှ စ၍ တစ်ရက်အတွင်း ကူးစက်မှု အများဆုံးစံချိန်တင်ခဲ့ကြောင်း သိရသည်။

ရိုက်တာမှ ပြုစုထားသော အချက်အလက်များအရ လက်ရှိတွင် အမေရိကန်နိုင်ငံ၌ ဆေးရုံတင်ကုသမှု ခံယူနေသော လူနာ ၁၀၀,၀၀၀ ကျော်ရှိရာ ပြီးခဲ့သည့် သီတင်းပတ်ထက် ၅၀ ရာခိုင်နှုန်း နီးပါးတိုးလာခဲ့ကြောင်း၊ လွန်ခဲ့သည့် ခုနစ်ရက်အတွင်း အမေရိကန်တွင် နေ့စဉ်ပျမ်းမျှ ရောဂါရှာဂါကူးစက်ခံရသူ ၄၈၆,၀၀၀ ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှ ယခုနှစ် ဇန်နဝါရီ လဆန်းပိုင်းအထိ အမေရိကန်၏ နေ့စဉ်ပျမ်းမျှသေဆုံးသူဦးရေသည် တည်ငြိမ်သော အရေအတွက် ၁,၃၀၀ ခန့်တွင်ရှိကြောင်း၊ သို့သော် အများအားဖြင့် သေဆုံးမှုအရေအတွက်၏အပြောင်းအလဲသည် အတည်ပြုလူနာနှင့် ဆေးရုံတင်ကုသရသော လူနာအရေအတွက်ထက် နောက်ကျလေ့ရှိကြောင်း ရိုက်တာက သတိပေးခဲ့သည်။

ဇန်နဝါရီ ၁ ရက်မှစတင်၍ အမေရိကန်တွင် အိုမီခရွန် ရောဂါပိုးကူးစက်ခံရသူအရေအတွက်သည် ကိုဗစ်ဖြစ်ပွားမှု၏ ၉၅ ဒသမ ၄ ရာချုင်နှုန်းရှိသည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးစင်တာကဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန် ကလေးသူငယ်အထူးကုအသင်းနှင့်ဆေးရုံမှ ထုတ်ပြန်သည့် အချက်အလက်များအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၀ ရက်အထိ တစ်ပတ်အတွင်း အမေရိကန်တွင် ကိုဗစ်အတည်ပြုကလေးသူငယ် ၃၂၅,၀၀၀ ကျော်ရှိပြီး တစ်ပတ်အတွင်း ကူးစက်မှုအရေအတွက်သည် ယခင်သီတင်းပတ်နှစ်ပတ်ထက် နှစ်ဆနီးပါး တိုးလာကာ အများဆုံးစံချိန်တင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချက်အလက်များအရ အိုမီခရွန်သည် ကူးစက်ပြန့်ပွားမှု ပိုမိုအားကောင်းပြီး လက္ခဏာအပျော့စားကိုသာ ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

ရောဂါစစ်ဆေးမှုအင်အားနည်နေ

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် အမေရိကန်က ၎င်း၏ အိုမီခရွန်ပိုးတွေ့ရှိမှု ပထမဆုံးအတည်ပြုချက်ကို ထုတ်ပြန်ခဲ့သည်။ ကူးစက်မှုများ မြန်ဆန်စွာတိုးလာသည်နှင့်အမျှ အမေရိကန်ပြည်သူများက နျူကလိစ်အက်ဆစ်စမ်းသပ်ရန် နေရာရှာဖွေမရသော အခြေအနေနှင့်ကြုံတွေ့နေရသည်။

အမေရိကန်အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Jen Psaki က အမေရိကန်အစိုးရသည် ကိုရိုနာ ဗိုင်းရပ်စ် အမြန်စမ်းသပ်ကိရိယာ သန်း ၅၀၀ ဝယ်ယူမှုအတွက် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်ပြီး နိုင်ငံတွင်းသို့ ကိရိယာရောက်ရှိချိန်တွင် လိုအပ်သော ပြည်သူများကို အခမဲ့ခွဲဝေပေးမည့် ဖြစ်ကြောင်း ဇန်နဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

အစိုးရက အွန်လိုင်းတွင် လျှောက်ထားလိုသူများအတွက် ဝဘ်ဆိုဒ်တစ်ခု ဖွင့်လှစ်မည်ဖြစ်ပြီး ဝဘ်ဆိုဒ်သည် ယခုလနှောင်းပိုင်းတွင် အွန်လိုင်းတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ စမ်းသပ်ကိရိယာများကို မည်သည့်အချိန်တွင် ရယူနိုင်မည်ဟု ပြောကြားခြင်းမရှိပေ။ ပထမအသုတ် စမ်းသပ်ကိရိယာများကို မကြာမီ နိုင်ငံတွင်းသို့တင်ပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း Psaki က ပြောကြားခဲ့သည်။

ကပ်ရောဂါသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် လူနေမှုအခြေအနေကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး အမေရိကန်လေကြောင်းလုပ်ငန်း၊ ကျောင်းများ၊ ဆေးရုံများနှင့် စက်မှုလုပ်ငန်းအများအပြားတွင် လူအင်အား လုံလောက်မှုမရှိကြောင်း သိရသည်။

လက်ရှိအမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ၏ကူးစက်ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များတွင်ကိုဗစ်ကူးစက်ခံထားရသူများသည် ကွာရန်တင်း ၅ ရက်သာ ဝင်ပြီးနောက် ဆေးစစ်ရန်မလိုအပ်ဘဲ လုပ်ငန်းခွင်သို့ ပြန်ဝင်နိုင်ကြောင်း၊ အမေရိကန်က ဤကူးစက်ရောဂါကာကွယ်ရေးလမ်းညွှန်ချက်ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ တစ်စုံတစ်ဦးမှ စမ်းသပ်လိုပါက မိမိဆန္ဒအလျှောက် စမ်းသပ်နိုင်ပြီး ရောဂါစစ်ဆေးတွေ့ရှိပါက ကွာရန်တင်း ၅ ရက်ဆက်ဝင်နိုင်ကြောင်း ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်ကျန်းမာရေးတာဝန်ရှိသူများက ကိုဗစ်ကာကွယ်ဆေးနှင့် အားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးနှံခြင်းသည် ကပ်ရောဂါကာကွယ်ခြင်း၏ အကောင်းဆုံးနည်းလမ်းဖြစ််ကြောင်း အလေးပေးပြောကြားခဲ့သည်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများသည် Pfizer ကာကွယ်ဆေး၏ဒုတိယနှင့်တတိယအကြိမ်ထိုးနှံနိုင်မှု ကြားကာလကို မူလ ၆ လမှ ၅ လအထိလျှော့ချခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)
日增确诊破百万 美国急购5亿新冠检测盒
2022-01-05 15:12:06 分类: 社会
图片轮播
新华社北京1月5日电 美国1月3日新增新冠确诊病例突破100万例,估计其中超过95%感染了新冠变异株奥密克戎毒株。
面对新增病例飙升局面,美国新冠病毒检测能力捉襟见肘。美国政府4日宣布,即将签署5亿份新冠病毒快速检测盒采购合同。
奥密克戎占九成多
美国约翰斯•霍普金斯大学发布的数据显示,全美3日新增确诊病例超过108万例,刷新疫情暴发以来单日新增病例最高纪录。
2021年12月29日,医护人员在美国纽约街头的新冠检测点为检测者采样。(新华社记者王迎摄)
路透社汇总的数据显示,美国目前住院新冠感染者超过10万,比一周前增加近50%;过去七天日均新增确诊48.6万例,较一周前翻番。去年12月至今年1月初,美国日均新增死亡病例数相对稳定,在1300例左右。不过,路透社提醒,死亡病例数变动曲线通常晚于新增确诊和住院病例数。
美国疾病控制和预防中心4日说,截至1日,感染奥密克戎毒株的病例估计占全美新增病例的95.4%。
根据美国儿科学会和儿童医院协会发布的数据,截至去年12月30日的一周内,全美报告超过32.5万例儿童新冠确诊病例,刷新单周儿童确诊数最高纪录,相比之前两周数量几乎翻番。
现有证据显示,奥密克戎毒株具有更强传播力。世界卫生组织4日说,更多证据表明奥密克戎毒株引发症状较轻。
检测能力跟不上
美国去年12月1日报告首例感染奥密克戎毒株的确诊病例。随着新增感染人数飙升,越来越多美国人发现找不到地方做核酸检测,而那些开放的检测点门口常常排起长龙。
美国白宫发言人珍•普萨基4日说,美国政府即将与供应商签署5亿份快速新冠检测盒的采购合同,到货后免费发放给有需求的民众。
2021年12月29日,行人从美国纽约街头摆放着防疫和消毒用品的橱窗旁走过。(新华社记者王迎摄)
普萨基说,政府将为此开设网站,供有需求的民众线上申请,网站预计本月晚些时候上线运营。她没有说明何时能拿到检测盒,称预计首批检测盒将在不久后出货。
疫情给美国经济社会生活造成严重影响,美国航空业、学校、医院和多个行业人手短缺。
美国疾控中心现行防疫指南规定,新冠病毒感染者只需隔离5天即可返岗,隔离结束后无需做检测。这一机构4日说,将继续维持上述防疫建议,但如果有人想做且能做检测,可以在隔离5天后进行检测,如果结果呈阳性,可继续隔离5天。
美国卫生官员强调,接种新冠疫苗和加强针仍是对抗疫情的最佳手段。美国疾控中心4日建议,将接种辉瑞疫苗第二针和第三针的间隔从原先的6个月缩短为5个月。(刘秀玲)