Connect with us

COVID-19 UPDATES

အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၅၁၀,၀၀၀ ကျော်ရှိလာပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ အများဆုံးအဖြစ် စံချိန်တင်ခဲ့

အမေရိကန်နိုင်ငံ၊ နယူးယောက်၊ Times Square ရှိ ကိုဗစ်ရောဂါ ယာယီစစ်ဆေးရေးနေရာတွင် လမ်းဘေးဖျော်ဖြေရေးသမားတစ်ဦး တင်ဆက်နေသည်ကို ဒီဇင်ဘာလ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ထုတ်ပြန်ကြေညာချက်အရ ဒီဇင်ဘာ ၂၇ ရက်တွင် အမေရိကန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၅၁၂,၅၅၃ ဦးအထိ ရှိလာခဲ့ရာ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တစ်ရက်အတွင်း ကူးစက်ဖြစ်ပွားမှုအများဆုံးစံချိန်သစ်ဖြစ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်၊ အမေရိကန်၊ နယူးယောက်တွင် ဝန်ထမ်းများက လူနာတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်နေစဉ် (ဆင်ဟွာ)

ဒီဇင်ဘာ ၁၄ ရက်၊ အမေရိကန်၊ နယူးယောက်တွင် ဝန်ထမ်းများက လူနာတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်နေစဉ် (ဆင်ဟွာ)

ဒီဇင်ဘာ ၂၈ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်းစံတော်ချိန် ၁၄ နာရီ ၂၁ မိနစ်အထိ အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၅၃.၀၂ သန်းကျော်ရှိပြီး၊ စုစုပေါင်းသေဆုံးသူ ၈၁၉,၀၀၀ ကျော်ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် အိုမီခရွန်မျိုးကွဲကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာ ကူးစက်ပြန့်ပွားမှုကြောင့် အတည်ပြုလူနာများ၊ သေဆုံးသူလူနာများနှင့် ဆေးရုံတင်ကုသရသည့်လူနာများ ဆက်လက်အရှိန်မြင့် တိုးလာခဲ့သည်။ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ထုတ်ပြန်ကြေညာချက်အရ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အမေရိကန်နိုင်ငံ၌ ထပ်တိုးအတည်ပြုလူနာ ၁.၆၆ သန်းနီးပါးရှိခဲ့ရာ ယခုနှစ်အစပိုင်းကာလ တစ်ပတ်အတွင်း စံချိန်တင် ထပ်တိုးအတည်ပြုလူနာ ၁.၇၃ သန်းနှင့် နီးစပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ဒီဇင်ဘာ ၂၇ ရက် ထုတ်ပြန်သည့် ကြေညာချက်အရ ဒီဇင်ဘာ ၂၆ ရက် အထိ အမေရိကန် တွင် လွန် ခဲ့သည့် ၇ ရက် အတွင်း နေ့စဉ်ပျမ်းမျှ အတည်ပြုလူနာမှာ ၂၀၆,၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)
——————————–
(Chinese Version)
(国际疫情)美国单日新增新冠确诊病例超51万例 创疫情以来新高
新华社华盛顿12月28日电(记者谭晶晶)美国约翰斯•霍普金斯大学发布的最新统计数据显示,全美27日新增新冠确诊病例超过51万例,达512553例,为疫情暴发以来单日新增病例最高纪录。
数据显示,截至美国东部时间28日14时21分,美国累计新冠确诊病例超过5302万例;累计死亡病例超过81.97万例。
随着变异新冠病毒奥密克戎毒株近期在美加速传播,美国新增新冠确诊病例、死亡病例、住院病例持续激增。根据约翰斯•霍普金斯大学数据,过去一周,美国新增确诊病例近166万例,接近今年年初单周新增173万多例的最高纪录。
另据美国疾病控制和预防中心网站27日公布的数据,截至26日,美国过去7天平均日增新冠确诊病例超过20.6万例。(完)
图说1-12月20日,一名街头演员在美国纽约时报广场一处临时核酸检测点旁表演。
图说2-12月14日,在美国纽约,工作人员将一名病人送入医院。(新华社发,郭克摄)
图说3-12月14日,在美国纽约,工作人员将一名病人送入医院。(新华社发,郭克摄)