Connect with us

North America

အမေရိကန်နိုင်ငံတွင် သေနတ်ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွား လူ ၇ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ Las Vegas မြို့ရှိ သေနတ်အရောင်းဆိုင်တစ်ခုမြင်ကွင်းအားတွေ့စဉ် (ဓာတ်ပုံ-Xinhua/AFP)

ချီကာဂို ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ချီကာဂိုမြို့နှင့် Albertville မြို့တို့တွင် ဇွန် ၁၅ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် သေနတ်ပစ်ခတ်မှုအသီးသီးဖြစ်ပွားရာ လူ ၇ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ ချီကာဂိုရဲတပ်ဖွဲ့အနေဖြင့် ဇွန် ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၀ မိနစ်တွင် တိုင်ကြားချက်ကို လက်ခံရရှိခဲ့ပြီး တိုင်ကြားချက်အရ ချီကာဂိုမြို့တောင်ဘက်ပိုင်းရှိ နေအိမ်တစ်လုံးတွင် အငြင်းပွားရာမှ သေနတ်ပစ်ခတ်သံကြားခဲ့ရကြောင်း ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီးနောက်ကြေညာချက် ထုတ်ပြန်ရာတွင် လူ ၄ ဦးသည် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန် ၄ ဦးကို ဆေးရုံသို့ ပေးဆောင်ပေးခဲ့ရကြောင်း နှင့် ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။ ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိချိန်၌ သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်နိုင်ငံ သတင်းမီဒီယာ၏ အခြားဖော်ပြချက်တစ်ခုအရ ဇွန် ၁၅ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် Alabama ပြည်နယ် Albertville မြို့ရှိ စက်ရုံတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း ၊ အလုပ်သမားတစ်ဦးက အခြားအလုပ်သမားများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် အကြောင်းအရင်းအား မသိရှိရသေးကြောင်း ၊ သေနတ်ပစ်ခတ်သူက အခင်းဖြစ်ပြီးနောက် ကားမောင်း၍ ထွက်ပြေးသွားခဲ့ကြောင်း နှင့် ရဲတပ်ဖွဲ့မှ ၎င်းအား ရှာတွေ့ချိန်တွင် မိမိကိုယ်ကိုအဆုံးစီရင်သွားကြောင်း သိရှိရသည်။

အမေရိကန်နိုင်ငံတွင် သေနတ်ကိုင်ဆိုင်မှုများလွန်စွာများပြားနေရာ သေနတ်ပစ်ခတ်မှုမှာလည်းမကြာခဏဖြစ်ပွားလေ့ရှိကာ ယခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုပေါင်းများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(社会)美国发生两起枪击事件造成7死6伤
2021-06-16 00:04:12 分类: 政治法律
新华社芝加哥6月15日电(记者徐静)当地时间15日凌晨,美国芝加哥市和亚拉巴马州艾伯特维尔市分别发生一起枪击事件,共造成7人死亡、6人受伤。
据美国当地媒体报道,芝加哥警方当地时间15日5时30分许接到报警说,在该市南部一住宅内发生争吵,有人开枪。警方在随后的通报中说,4人在枪击事件中当场死亡,另有4名伤者被送往医院,其中2人伤势严重。警方仍在对枪击事件进行调查。
另据报道,当天2时30分许,亚拉巴马州艾伯特维尔市一家工厂发生枪击事件。一名员工向其他员工开枪,造成至少2人死亡,2人受伤,枪击原因“不明”。嫌疑人随后驾车逃离现场,被警方发现时已自杀身亡。
美国枪支泛滥,枪击事件频发,今年以来已发生多起枪击事件。(参与记者:徐剑梅、邓仙来)(完)

Photo
这是10月4日在美国拉斯维加斯一家枪店拍摄的待售枪支。(新华社/法新)