Connect with us

North America

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း ကမ်းရိုးတန်းတွင် ရေနံစိမ်း ယိုစိမ့်မှု ဆိုးဆိုးဝါးဝါးဖြစ်ပွား

လော့စ်အိန်ဂျယ်လိစ်၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Orangeခရိုင် ကမ်းရိုးတန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက ရေနံစိမ်း ယိုစိမ့်မှု ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃ ရက်နေ့လယ်ပိုင်းအထိ ရေနံစိမ်းယိုစိမ့်မှုပမာဏ ၁၂၆,၀၀၀ ဂါလန်(၄၇၇,၀၀၀ လီတာခန့်)ရှိပြီး ပင်လယ်ရေမျက်နှာ ၃၅ စတုရန်းကီလိုမီတာနီးပါးကို ညစ်ညမ်းစေခဲ့ရာ ယင်းဒေသ ဂေဟစနစ်ကို ဆိုးဝါးသည့် အန္တရာယ် ဖြစ်စေကြောင်း သိရသည်။Orangeခရိုင်အစိုးရ၏ သတင်းများအရ ယခုအကြိမ် ရေနံယိုစိမ့်သည့်အရင်းအမြစ်သည် အမေရိကန်နိုင်ငံ ဖက်ဒရယ်အစိုးရ ထိန်းချုပ်သည့် ရေပြင်ရှိ ရေနံစိမ်းပို့ဆောင်ရန်တပ်ဆင်ထားသည့် ပစ္စည်းကိရိယာတွင် ဖြစ်ပြီး ကမ်းရိုးတန်းနှင့် ၅ ကီလိုမီတာကွာဝေး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေသခံအစိုးရက ရေနံယိုစိမ့်ကြောင်းအကြောင်းကြားချက်ကို အောက်တိုဘာ ၂ ရက်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့လယ်ပိုင်းအထိ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ရာ ပင်လယ်ရေမျက်နှာပြင် ၃၅ စတုရန်းကီးလိုမီတာနီးပါးတွင် ညစ်ညမ်းနေပြီး ရေနံစိမ်း ယိုစိမ့်မှုပမာဏ ၁၂၆,၀၀၀ ဂါလန်ရှိပြီဖြစ်ကြောင်း သိရသည်။

မေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Orangeခရိုင် Huntington Beach မြို့တွင် ရေနံစိမ်းယိုစိမ့်မှုကြောင့် ညစ်ညမ်းသွားသည့် ပင်လယ်ရေအား အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အချင်းဖြစ်ပွားမှုကြောင့် Orangeခရိုင် Huntington Beach မြို့နှင့် Newport Beachမြို့အကြား ၈ ကီလိုမီတာခန့်ရှိ ကမ်းရိုးတန်းကို ပိတ်ထားခဲ့ပြီး မူလက အောက်တိုဘာ ၃ ရက် Huntington Beachတွင် ကျင်းပမည့် (၅)ကြိမ်မြောက် ပစိဖိတ် လေကြောင်းပြပွဲ၏နောက်ဆုံးနေ့ ပျံသန်းပြသမှုအစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ ယခုဖြစ်ပွားသည့် ရေနံယိုစိမ့်မှုသည် ဂေဟစနစ်အတွက် အန္တရာယ်အလားအလာဖြစ်ကြောင်း Huntington Beachမြို့ မြို့တော်ဝန်Kim Carrက သတိပေး ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Orangeခရိုင် Huntington Beach မြို့တွင် ရေနံစိမ်းယိုစိမ့်မှုကြောင့် ညစ်ညမ်းသွားသည့် ပင်လယ်ရေအား အလုပ်သမားဝန်ထမ်းများက သန့်စင်နေသည်ကို အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရေနံညစ်ညမ်းသည့်နေရာများကို လူထုက ဝေးဝေးရှောင်ရှားရန် Orangeခရိုင်အစိုးရက အောက်တိုဘာ ၃ ရက်တွင် သတိပေးခဲ့ပြီး တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ကုသရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ အချင်းဖြစ်ပွားမှုကြောင့် သေဆုံးသည့် ငှက်များနှင့်ပင်လယ်နေသတ္တဝါများ၏ရုပ်အလောင်းများ အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက ကမ်းတင်နေခဲ့ကြောင်း၊ ပထမအသုတ် ဒဏ်ရာရသည့် ငှက်များကို ယင်းနေ့နေ့လယ်ပိုင်းတွင် ဒေသ ဂေဟနှင့်တိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့၏ ကြေညာချက်တစ်စောင်တွင် ကမ်းခြေစောင့်တပ်ဖွဲ့၊ ကယ်လီဖိုးနီးယားပြည်နယ် ငါးနှင့်တောရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေးဌာနက ညွှန်ကြားရေးအဖွဲ့ဖွဲ့စည်းပြီး အခြေအနေသုံးသပ်ချက်များလုပ်ဆောင်နေပြီး ညစ်ညမ်းသွားသော နေရာများကို ရှင်းလင်းသန့်စင်ဖို့ ကျွမ်းကျင်သူများက ကြိုးစားနေကြောင်း ဖော်ပြထားသည်။

ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းကမ်းခြေတွင် ၁၉၉၀ ခုနှစ်က ရေနံယိုစိမ့်မှုဖြစ်ပွားခဲ့ရာ ရေနံဂါလန် ၄၁၇,၀၀၀ (၁,၅၇၈,၀၀၀ လီတာခန့် )ပင်လယ်တွင်းသို့ ဝင်ရောက်ခဲ့ပြီး Orangeခရိုင် ကမ်းရိုးတန်းရှိ ငါးအမျိုးအစားအများအပြားနှင့် ပင်လယ်ငှက် ၃,၄၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် ကယ်လီဖိုးနီးယားပြည်နယ်က ဖက်ဒရယ်အစိုးရ ၎င်းပြည်နယ် ပစိဖိတ်ကမ်းရိုးတန်းတွင် ရေနံအရင်းအမြစ်တူးဖော်မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

ကယ်လီဖိုးနီးယားတွင် ၁၉၉၄ ခုနှစ်က ပြည်နယ်ပိုင်ကမ်းရိုးတန်းဒေသများတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ တူးဖော်ရန်တားမြစ်ခြင်း ဥပဒေတစ်ရပ်အတည်ပြုခဲ့သည်။၂၀၁၇ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းရှိ ဖက်ဒရယ်အစိုးရ စီမံအုပ်ချုပ်သည့်ရေပိုင်နက်တွင် ရေနံနှင့်သဘာဝဓါတ်ငွေစီမံကိန်းသစ်တည်ဆောက်မှုအပေါ် ယင်းပြည်နယ်က ဥပဒေထပ်ပြု၍ ကန့်ကွက်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်သည် ဖက်ဒရယ်စီမံအုပ်ချုပ်သည့်ရေပိုင်နက် ရေနံနှင့်သဘာဝဓါတ်ငွေ့ ဝန်ဆောင်မှုများအတွက် ယင်းပြည်နယ်တွင် စက်ကိရိယာထားရှိမှု တားမြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————–
(Chinese Version)

(国际)美国加州南部海岸发生严重原油泄漏事故

新华社洛杉矶10月3日电(记者黄恒)美国加利福尼亚州南部奥兰治县海岸日前发生严重原油泄漏事故,截至3日中午海面上已形成近35平方公里的污染带,原油泄漏量达12.6万加仑(约合47.7万升),给当地生态环境造成严重威胁。

据奥兰治县政府消息,此次泄漏源是美国联邦政府管辖水域的原油输送设施,距海岸约5公里。当地政府部门2日首次接到原油泄漏事故报告,截至3日中午问题仍未得到解决,海面上已形成近35平方公里的污染带,原油泄漏量达12.6万加仑。

受事故影响,奥兰治县亨廷顿比奇市和纽波特比奇市之间长约8公里的海岸已对公众关闭。原定3日在亨廷顿比奇市举行的第五届太平洋航展最后一天的飞行表演被取消。亨廷顿比奇市市长金•卡尔警告,这次原油泄漏事故是“一场潜在的生态灾难”。

奥兰治县政府3日警告民众远离受污染区域,并表示野生动物救治工作已经展开。据报道,漏油导致死亡的鸟类和海洋生物尸体3日上午已被冲到岸边,首批受伤的鸟类同日中午被送到当地生态和动物保护机构。
美国海岸警卫队在一份声明中表示,已成立由海岸警卫队、加州鱼类与野生动物保护局等组成的统一指挥部,事态正在评估中,专业人员正在努力清理被污染区域。
加州南部海岸1990年曾发生油轮泄漏事故,41.7万加仑(约合157.8万升)的原油流入海中,导致奥兰治县沿岸大量鱼类和约3400只海鸟死亡。此后,加州强烈反对美国联邦政府在该州太平洋沿岸开采油气资源。

加州于1994年通过法案,禁止在州属沿海区域开采石油和天然气。2017年,该州再度立法反对联邦政府在加州沿岸的联邦管辖水域建设新的油气项目。2019年,加州禁止在州属土地建设为联邦管辖海域油气设施服务的配套设施。(完)

图说1:10月3日,工作人员在美国加利福尼亚州奥兰治县亨廷顿比奇市被原油污染的海域处理泄漏的原油。新华社/美联
图说2:这是10月3日在美国加利福尼亚州奥兰治县亨廷顿比奇市拍摄的被原油污染的海水。 新华社/路透
图说3:10月3日,工作人员在美国加利福尼亚州奥兰治县亨廷顿比奇市被原油污染的海域处理泄漏的原油。新华社/美联