Connect with us

North America

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းနိုင်ငံအား ကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ လုံခြုံရေးဆိုင်ရာ အကူအညီများထောက်ပံ့ပေးအပ်ကြောင်း ထုတ်ပြန်ကြေညာ

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့ ၂၀၂၁ ခုနှစ် မေ ၆ ရက်တွင် ကိယက်ဗ်မြို့၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ယူကရိန်းနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ လုံခြုံရေး ဆိုင်ရာ အကူအညီထောက်ပံ့မှုပေးအပ်သွားမည်ဖြစ်ပြီး ယူကရိန်းနိုင်ငံ ပိုင်နယ်မြေစိုးမိုးရေး နှင့် နေတိုး နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို ထိန်းသိမ်းသွားရန်ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ပင်တဂွန်၏ ထုတ်ပြန်ကြေညာချက်တွင် ယခုအကြိမ် ကူညီထောက်ပံ့မှုအစီအစဉ်သည် ယူကရိန်းနိုင်ငံ စစ်ရေးခြိမ်းခြောက်မှု ကြိုတင်သတိပေးမှု နှင့် တုံ့ပြန်ညွှန်ကြားရေးစွမ်းရည်များကို မြှင့်တင်နိုင်စေရန်ဖြစ်ပြီး တိုက်ခိုက်မှုအင်အား တိုးချဲ့နိုင်စေရန်အတွက်ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား အမြေှာက်ပစ်ခတ်မှု တန်ပြန်ရေဒါ ၊ မောင်းသူမဲ့လေယာဉ်တန်ပြန်ရေးစနစ် ၊ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးကိရိယာ ၊ အီလက်ထရောနစ်စစ်ပွဲ နှင့် စစ်ဘက်ဆိုင်ရာ ဆေးဝါးကုသမှု ပစ္စည်းကိရိယာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပင်တဂွန်၏ ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်နိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် မှ စတင်၍ ယူကရိန်နိုင်ငံအား အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံရှိ စစ်ရေးကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့် ဆက်လက်၍ ယူကရိန်နိုင်ငံ နှင့် လုံခြုံရေး ဆက်ဆံမှု ကိုခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လူသေစေနိုင်သည့် ခုခံကာကွယ်ရေးလက်နက်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၊ တစ်ချိန်တည်းမှာလည်း ယူကရိန်းနိုင်ငံ မှ ကာကွယ်ရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တိုက်တွန်းကြောင်း ပါဝင်သည်။

ခရိုင်းမီးယားသည် ၂၀၁၄ ခုနှစ်၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ပြီးနောက် ယူကရိန်းနိုင်ငံ မှ ခွဲထွက်၍ ရုရှားနိုင်ငံသို့ ပါဝင်သွားကြောင်း ၊ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donbas တိုက်ခိုက်မှုနှင့်အတူ ကာလရှည်ကြာစွာ မပြီးပြတ်သည့် ဆက်စပ်ကိစ္စရပ်များကြောင်း ရုရှား နိုင်ငံသည် ယူကရိန်း နှင့် အခြားအနောက်နိုင်ငံများအကြား ဆက်ဆံရေး များသည် လတ်တလောနှစ်ပိုင်းတွင် ဆက်တိုက်ပိုမိုတင်းမာ လာခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင် တို့သည် ဇွန် ၁၆ ရက်တွင် ဂျီနီဗာ ၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် စီစဉ်ထားပြီး နှစ်နိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်းအရေးနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး က လတ်တလောရက်ပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

——————————————
(Chinese Version)

(国际)美国国防部宣布向乌克兰提供1.5亿美元安全援助

新华社华盛顿6月11日电(记者刘品然)美国国防部11日宣布将向乌克兰提供1.5亿美元的安全援助,以协助乌方维护其领土完整并完善与北约的协同能力。

五角大楼在一份声明中说,此次援助计划旨在提升乌军危机预警和指挥能力,加强作战攻击力。美方将向乌提供反炮兵雷达、反无人机系统、军事通信设备、电子战和军事医疗设备等。

声明还说,美国自2014年以来已向乌克兰提供超过25亿美元的军事援助,美国将继续巩固与乌安全关系并提供致命性防御武器,同时敦促乌继续实施国防改革。

因克里米亚2014年经由全民公决脱离乌克兰、加入俄罗斯,以及乌东部顿巴斯冲突久拖不决等一系列问题,俄罗斯与乌克兰及一些西方国家的关系近年来持续紧张。美国总统拜登和俄罗斯总统普京定于今年6月16日在日内瓦举行会晤,白宫新闻秘书普萨基此前表示双方将在会晤中讨论乌克兰问题。(完)

Photo
2021年5月6日,乌克兰总统泽连斯基(左)在基辅与美国国务卿布林肯会见时碰肘。新华社发