Connect with us

North America

အမေရိကန်နိုင်ငံ စာသင်ကျောင်းဝင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား၊ လူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိ

ချီကာဂို ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ် ဒက်ထရိုက်မြို့ငယ်အနီး အထက်တန်းကျောင်းတစ်ခုတွင် နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။သေနတ်ပစ်ခတ်မှုသည် ဒက်ထရိုက်မြို့ မြောက်ဘက် ၅၀ ကီလိုမီတာအကွာရှိ အောက်စ်ဖို့ဒ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က အချင်းဖြစ်ပွားသည့်နေ့ ၁၂ နာရီ ၅၅ မိနစ်တွင် အောက်စ်ဖို့ဒ်အထက်တန်းကျောင်း၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း တိုင်တန်းချက်တယ်လီဖုန်း လက်ခံရရှိခဲ့ပြီး ချက်ချင်းဆိုသလိုပင် ယင်းစာသင်ကျောင်းသို့ သွားရောက်၍ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပြစ်မှုကျူးလွန်သူဟု သံသယရှိသည့် ယင်းအမျိုးသားသည် သေနတ်တစ်လက်ကိုင်ဆောင်ထားသော်လည်း ဖမ်းဆီးစဉ် ပြန်လည်ခုခံခြင်းမရှိကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရာ အသက် ၁၆ နှစ်၊ ၁၄ နှစ် နှင့် ၁၇ နှစ် အသီးသီးရှိသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒဏ်ရာရသူ ၈ ဦးတွင် ဆရာ ၁ ဦး ပါဝင်ကြောင်း၊ ဒဏ်ရာရသူ ၂ ဦးသည် ခွဲစိတ်ကုသမှုခံယူနေပြီး ကျန် ၆ ဦးမှာ အခြေအနေတည်ငြိမ်ကြောင်း ဆိုသည်။

လက်ရှိတွင် ယင်းအမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်နေသည်။ ပြစ်မှုကျူးလွန်သူဟု သံသယရှိသည့် လူငယ်လေးသည် ၎င်းတစ်ဦးတည်း ပြစ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ယူဆရပြီး ပြစ်မှုကျူးလွန်သည့် အကြောင်းအရင်းကို လတ်တလော ရှင်းလင်းစွာမသိရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ယခုဖြစ်ပွားသည့် သေနတ်ပစ်ခတ်မှုသည် ၂၀၂၁ ခုနှစ် အမေရိကန်၌ ဖြစ်ပွားသည့် အဆိုးဝါးဆုံး စာသင်ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း အမေရိကန် သေနတ်ထိန်းချုပ်ရေး ထောက်ခံမှုအဖွဲ့ “Everytown for Gun Safety”က ယင်းနေ့တွင် ပြောကြားခဲ့သည်။ ယင်းအဖွဲ့၏စာရင်းများအရ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ ဒေသအသီးသီးတွင် ကျောင်းဝင်းအတွင်း သေနတ်ပစ်ခတ်မှု ၁၄၀ နီးပါးဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————————-
(Chinese Version)
(国际)美国发生一起校园枪击事件致3死8伤

2021-12-01 07:50:48
新华社芝加哥11月30日电(记者徐静)美国密歇根州底特律市附近一所高中11月30日下午发生一起枪击事件,造成3人死亡、8人受伤。
据美国媒体援引警方的话报道,枪击事件发生在底特律以北约50公里的牛津镇。警方当天12时55分接到牛津高中发生枪击的报警电话,随后前往事发学校并将该校一名15岁高二学生逮捕。这名男性嫌疑人携带一把手枪,在被捕过程中没有抵抗。

警方说,这起枪击事件造成1名男生和2名女生死亡,年龄分别为16岁、14岁和17岁。8名伤者中包括1名教师,其中2人正在接受手术治疗,另外6人情况稳定。

目前,警方正在对案件展开调查。警方说,犯罪嫌疑人据信为单独作案,其作案动机暂不清楚。
美国支持控枪组织“每个城市支持枪支安全”当天说,这起枪击案是2021年以来美国最严重的校园枪击案。据该组织统计,今年以来美国各地已发生近140起校园枪击事件,导致20多人死亡。(完)

图说1:这是11月30日拍摄的美国密歇根州牛津镇一所发生枪击事件的高中。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.