Connect with us

North America

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မြို့တော် တွင် သေနတ် ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံးလူ ၁၃ ဦး ဒဏ်ရာရရှိ

၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက်က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် El Paso မြို့ရှိ ဥယျာဉ်တစ်ခု၌ အမျိုးသမီးတစ်ဦးက သေနတ်ထိန်းချုပ်ရေးအတွက် တောင်းဆိုနေစဉ် (ဆင်ဟွာ)

ဟူစတန် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Austin မြို့ မြို့လယ်ခေါင်တွင် ဇွန် ၁၂ ရက် နံနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားမှာ လက်ရှိချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။Austin မြို့ ရဲတပ်ဖွဲ့ရဲမှူးကြီး Joseph Chacon က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် သေနတ်ပစ်ခတ်မှုသည် ဇွန် ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ အခင်းဖြစ်ပွားသည့်နေရာသည် အရက်ဘား နှင့် စားသောက်ဆိုင်အများအပြားတည်ရှိရာ Austin မြို့ မြို့လယ်ခေါင်တွင် ဖြစ်ကြောင်း ၊ လက်ရှိတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရသည့်အကြောင်းရင်းအား မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။

ထို့ပြင်၎င်း က ဒဏ်ရာရရှိခဲ့သူများအနက် ၂ ဦးမှာ စိုးရိမ်ရပြီး ဒဏ်ရာရရှိသူအားလုံးကို လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ၊ ရဲတပ်ဖွဲ့အနေဖြင့် သေနတ်သမား၏ အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။လက်ရှိတွင်အမေရိကန် ရဲတပ်ဖွဲ့အနေဖြင့် သေနတ်သမားအား ဖမ်းဆီးရမိနိုင်ရန် အစွမ်းကုန် စုံစမ်းရှာဖွေနေကြောင်း သိရှိရသည်။ (Xinhua)

——————————————
(English Version)

(国际)美国得州首府发生枪击事件致13人受伤

新华社休斯敦6月12日电(记者高路)美国得克萨斯州首府奥斯汀市中心12日凌晨发生枪击事件,造成至少13人受伤,枪手目前在逃。
奥斯汀警察局代局长约瑟夫•查康在新闻发布会上说,枪击事件发生在凌晨1时30分左右,地点在酒吧与餐馆林立的奥斯汀市中心。目前尚不清楚枪击原因。
查康说,伤者中有两人伤势严重,所有伤者已被送往医院救治。警方尚未掌握枪手的详细信息。
目前,警方正在全力搜捕在逃枪手。(完)

Photo
2019年8月7日,在美国得克萨斯州埃尔帕索市的一个公园里,一名女子参加抗议种族主义、呼吁控枪的集会。埃尔帕索市8月3日发生严重枪击事件,造成22人死亡。(新华社记者王迎摄)