Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ လူနေအဆောက်အအုံ ပြိုကျမှုတွင် သေဆုံးသူ (၄) ဦးရှိလာပြီး လူပေါင်း (၁၅၉) ဦး ပျောက်ဆုံးနေဆဲဖြစ်

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံအား ဒေသခံမီးသတ်တပ်ဖွဲ့မှ ဇွန် ၂၅ ရက်က ထုတ်ပြန်သည့် ဓါတ်ပုံတွင်တွေ့ရစဉ် (ဓာတ်ပုံ -Miami-Dade Fire Rescue/Handout via Xinhua)

ဝါရှင်တန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီ Surfsideမြို့နယ်၌ ဇွန် ၂၄ ရက်ကဖြစ်ပွားသည့် လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျမှုကြောင့် ဇွန် ၂၅ ရက် နံနက်ပိုင်းအချိန်အထိ သေဆုံးသူ (၄)ဦးနှင့် အခြားပျောက်ဆုံးနေဆဲဖြစ်သူ (၁၅၉)ဦး ရှိပြီဖြစ်ကြောင်း ယင်းကောင်တီအာဏာပိုင်များ၏သတင်းအရ သိရသည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် လူနေအဆောက်အအုံတစ်စိတ်တစ်ပိုင်းပြိုကျမှု ဖြစ်ပွားခဲ့ခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို ဒေသခံမီးသတ်တပ်ဖွဲ့မှ ဇွန် ၂၅ ရက်က ထုတ်ပြန်သည့် ဓါတ်ပုံတွင်တွေ့ရစဉ် (ဓာတ်ပုံ -Miami-Dade Fire Rescue/Handout via Xinhua)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံ အပျက်အစီးများတွင် ကူညီကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဒေသခံမီးသတ်တပ်ဖွဲ့မှ ဇွန် ၂၅ ရက်က ထုတ်ပြန်သည့် ဓါတ်ပုံတွင်တွေ့ရစဉ် (ဓာတ်ပုံ -Miami-Dade Fire Rescue/Handout via Xinhua)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံ အပျက်အစီးများတွင် ကူညီကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဒေသခံမီးသတ်တပ်ဖွဲ့မှ ဇွန် ၂၅ ရက်က ထုတ်ပြန်သည့် ဓါတ်ပုံတွင်တွေ့ရစဉ် (ဓာတ်ပုံ -Miami-Dade Fire Rescue/Handout via Xinhua)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံအား ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အခင်းဖြစ်ပွားမှုကြောင့် သေဆုံးသူ (၄)ဦးနှင့် ပျောက်ဆုံးနေဆဲရှိသူ (၁၅၉)ဦးအထိ မြင့်တက်လာကြောင်း Miami-Dade ကောင်တီမှူး Daniella Levine Cava က ဇွန် ၂၅ ရက် နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါအရေအတွက်သည် ပြောင်းလဲနိုင်ခြေ အများကြီးရှိကြောင်း၊ လက်ရှိ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်နိုင်ရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ညပိုင်း ရှာဖွေကယ်ဆယ်မှုများလုပ်သည့်အခါ အသက်ရှင်ကျန်ရစ်သူများ၏ အသံပြုသံကို ကယ်ဆယ်ရေးသမားများက ကြားနေရဆဲဖြစ်ကြောင်း Miami-Dade ကောင်တီ မီးသတ်တပ်ဖွဲ့ အကြီးအကဲ Raid Jadala က ဆိုသည်။ လက်ရှိ မပြိုကျဘဲကျန်ရစ်သည့် အဆောက်အအုံအစိတ်အပိုင်း၏ ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများပြီးဆုံးပြီ ဖြစ်ပြီး ပြိုကျသွားသည့် အပျက်အစီးများကြား၌ ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

အစိုးရ၏ကိန်းဂဏန်းများအရ လက်ရှိတွင် လူ (၃၅)ဦးကို ကယ်ဆယ်ထားပြီဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူ (၁၁)ဦးရှိရာ ၎င်းတို့အနက် (၄)ဦးကို ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အမေရိကန် သမ္မတ ဘိုင်ဒန်က ဇွန် ၂၅ ရက်တွင် ဖလော်ရီဒါပြည်နယ်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး ဖက်ဒရယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီနှင့် အမေရိကန် အမိမြေလုံခြုံရေးဌာနကို ကူညီကယ်ဆယ်မှုများ ပံ့ပိုးဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သည်။

ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် Miami-Dade ကောင်တီ Surfsideမြို့နယ်တွင် (၁၂)ထပ် လူနေအဆောက်အအုံတစ်ခု တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားသည့် အဆောက်အအုံတွင် လူနေအိမ်ခန်း (၁၃၆)ခန်း ရှိရာ ၎င်းတို့အနက် (၅၅)ခန်း ပြိုကျ ပျက်စီးခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(国际)美国佛罗里达州住宅楼坍塌事故死亡人数升至4人
2021-06-26 00:03:47
新华社华盛顿6月25日电(记者邓仙来 徐剑梅)据美国佛罗里达州迈阿密-戴德县官方消息,截至当地时间25日早晨,24日发生在该县瑟夫赛德镇的住宅楼局部坍塌事故已造成4人死亡,另有159人仍然失联。
迈阿密-戴德县县长丹妮拉•莱雯•卡瓦在25日早上举行的新闻发布会上说,事故造成的死亡人数已升至4人,失联人数升至159人。卡瓦说,上述数字可能发生较大变化,目前仍有希望救出更多幸存者。
迈阿密-戴德县消防局局长拉伊德•贾达拉说,搜救人员在夜间搜救过程中仍能听到疑似幸存者发出的声音。目前,残存楼体内的搜救工作已经结束,搜救工作已经全部转移至废墟部分。
据官方统计,目前已有35人被救出。事故已造成11人受伤,其中4人在医院接受治疗。
美国总统拜登25日宣布佛罗里达州进入紧急状态,并指示联邦紧急措施署和国土安全部协助当地救援工作。
24日凌晨,迈阿密-戴德县瑟夫赛德镇的一栋12层住宅楼发生局部坍塌。事故楼房共有136套住房,其中55套在坍塌中损毁。目前事故原因仍在调查中。(完)

图说1:这张当地消防局6月25日发布的照片显示,美国佛罗里达州迈阿密-戴德县一栋发生局部坍塌的住宅楼。新华社发(佛罗里达州迈阿密-戴德县消防局供图)
图说2:这张当地消防局6月25日发布的照片显示,相关部门在美国佛罗里达州迈阿密-戴德县举行关于住宅楼局部坍塌事故的新闻发布会。 新华社发(佛罗里达州迈阿密-戴德县消防局供图)
图说3,4:这张当地消防局6月25日发布的照片显示,救援人员在美国佛罗里达州迈阿密-戴德县发生局部坍塌的住宅楼废墟上搜救。新华社发(佛罗里达州迈阿密-戴德县消防局供图)
图说5:这是6月25日拍摄的美国佛罗里达州迈阿密-戴德县发生局部坍塌的一栋住宅楼。新华社发(莫妮卡•麦克盖文摄)