Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် နေအိမ်အဆောင်အအုံ ပြိုကျမှုတွင် သေဆုံးသူ (၁၁)ဦးအထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီတွင် တစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံ အပျက်အစီးများတွင် ကူညီကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို ဒေသခံမီးသတ်တပ်ဖွဲ့မှ ဇွန် ၂၅ ရက်က ထုတ်ပြန်သည့် ဓါတ်ပုံတွင်တွေ့ရစဉ် (ဓာတ်ပုံ -Miami-Dade Fire Rescue/Handout via Xinhua)

ဝါရှင်တန်၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီ Surfsideမြို့နယ်၌ လူနေအဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပြိုကျမှု ဖြစ်စဉ်တွင် သေဆုံးသူ (၁၁)ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူ(၁၅၀)ဦး ရှိနေဆဲ ဖြစ်ကြောင်း Miami-Dade ကောင်တီ အုပ်ချုပ်ရေးမှူး Daniella Levine Cavaက ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။အသက်ရှင်ကျန်ရစ်နိုင်သူများ၏အခြေအနေ နည်းပါလာသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကောင်တီမီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးစင်တာမှ လူတစ်ဦးက ဆိုသည်။

လက်ရှိ အချင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဒေသခံမီဒီယာများ၏ သတင်းအရ ပြိုကျပျက်စီးသည့် လူနေအဆောက်အအုံသည် မြို့နယ်အာဏာပိုင်၏ ဆောက်လုပ်ရေးဥပဒေသတ်မှတ်မှုအမြင့်ကန့်သတ်ချက်ကို အထူးကင်းလွတ်ခွင့် ရထားခြင်းဖြစ်ပြီး အဆောက်အအုံခေါင်မိုးပေါ်တွင် ထပ်တိုးအခန်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း ၊ ၎င်းမှာ အဆောက်အအုံ၏ ဝန်ခံအားကို ကျော်လွန်ခြင်းနှင့် သက်ဆိုင်မှုရှိမရှိ မသိရသေးကြောင်း ဖော်ပြထားသည်။

၁၉၈၀ ပြည့်လွန်နှစ်များက ပင်လယ်မြင်ကွင်းနေအိမ်အဆောက်အအုံများ လူကြိုက်များရေပန်းစားခြင်းကြောင့် ဖလော်ရီဒါပြည်နယ် တောင်ပိုင်း အိမ်ခြံမြေအကျိုးဆောင်များက နည်းလမ်းရှာ၍ ဒေသအဆောက်အအုံတည်ဆောက်မှုအမြင့်ကန့်သတ်ချက်များကို ပြောင်းလဲရန် နည်းလမ်းရှာဆောင်ရွက်ခဲ့ကြရာ အိမ်ခေါင်မိုးတွင် အထပ်တိုးဆောက်၍ အကျိုးအမြတ်ပိုရအောင် လုပ်ဆောင်ခဲ့ကြသည်။

အင်ဂျင်နီယာ ဝန်ထမ်းများ၏ ၂၀၁၈ ခုနှစ်က ရေးသားခဲ့သည့် အစီရင်ခံစာတစ်ခုတွင် အချင်းဖြစ် လူနေအဆောက်အအုံသည် ဖွဲ့စည်းတည်ဆောက်ပုံ ယိုယွင်းနေပြီး ကွန်ကရစ်တိုင်နှင့်နံရံများတွင် ကွဲအက်မှုများ ရှိကြောင်း ဆိုသည်။

ဇွန် ၂၄ ရက် နံနက်ပိုင်းတွင် Miami-Dade ကောင်တီ Surfsideမြို့နယ်တွင် (၁၂)ထပ် လူနေအဆောက်အအုံတစ်လုံး တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားခဲ့သည်။ အချင်းဖြစ်ပွားသည့် အဆောက်အအုံတွင် လူနေအိမ်ခန်း (၁၃၆)ခန်း ရှိရာ ၎င်းတို့အနက် (၅၅)ခန်း ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————–
(Chinese Version)

(国际)美国佛罗里达州住宅楼坍塌事故死亡人数升至11人

新华社华盛顿6月28日电(记者徐剑梅 邓仙来)美国佛罗里达州迈阿密-戴德县县长丹妮拉•莱雯•卡瓦28日说,该县瑟夫赛德镇住宅楼局部坍塌事故死亡人数已升至11人,失联人数为150人。

县消防救援中心人员说,救援仍在进行,尽管“找到幸存者的可能性越来越小”。
目前事故原因仍在调查。据当地媒体报道,坍塌住宅楼的开发商获得小镇当局对建筑法定高度限制的“特别豁免”,在楼房上增建了一层屋顶公寓,目前尚不清楚增建是否对楼房造成过度压力。

上世纪80年代,因海景房抢手,佛罗里达南部的房地产开发商经常“寻求变通办法”应对当地建筑高度法规限制,增建顶层公寓,以提高建筑利润。
工程人员2018年曾在一份报告中指出,事发住宅楼存在结构性损坏,水泥柱和墙体等出现多处裂缝。
24日凌晨,瑟夫赛德一栋12层住宅楼发生局部坍塌。事故楼房共有136套住房,其中55套在坍塌中损毁。(完)