Connect with us

International Organizations

အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုက နျူကလီးယားပြန့်ပွားမှုအန္တရာယ်ပြင်းထန်စေနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော

ဗြိတိန် ပဲ့ထိန်းဒုံးကျည် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော "Avantgarde"အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နျူကလီးယားမပြန့်ပွားရေးစာချုပ်(NPT) တွင် သြစတြေးလျနှင့် အမေရိကန်၊ ဗြိတိန်တို့ပူးပေါင်း၍ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ခြင်းကို တားမြစ်ထားခြင်း မရှိဟု အမေရိကန်၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် လုပ်ဆောင်သော နျူကလီးယား ရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုသည် နျူကလီးယားပြန့်ပွားမှုအန္တရာယ်ပြင်းထန်နိုင်ကြောင်း နှင့် NPT ၏ ရည်ရွယ်ချက်ကို ဖောက်ဖျက်ကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ(IAEA) အနေဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်နိုင်သည့် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းရန် တရုတ်နိုင်ငံက အကြံပြုထားကြောင်း သိရသည်။

ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက သတင်းများအရ အမေရိကန် နိုင်ငံခြားရေးဌာန၏ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတစ်ဦးက နျူကလီးယားမပြန့်ပွားရေးစာချုပ်(NPT) တွင် သြစတြေးလျနှင့် အမေရိကန်၊ ဗြိတိန်တို့ပူးပေါင်း၍ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တည်ဆောက်ခြင်းကို တားမြစ်ထားခြင်း မရှိကြောင်း၊ သြစတြေးလျသည် ရေငုပ်သင်္ဘောများတွင် နျူကလီးယားလက်နက်မဟုတ်သော သမားရိုးကျလက်နက်များသာ တပ်ဆင်ရန် ရည်ရွယ်ထားကြောင်းနှင့် ဩစတြေးလျက ၎င်း၏ပိုင်နက်တွင် နျူကလီးယားစက်ရုံများ တည်ဆောက်မည့်ရည်ရွယ်ချက် မရှိဟု အတိအလင်းပြောကြားထားကြောင်း၊ အမေရိကန်က နျူကလီးယားရေငုပ်သင်္ဘောများမှ နျူကလီးယားပစ္စည်းများကို လက်နက်စီမံကိန်းများတွင် အသုံးပြုမည်မဟုတ်ကြောင်း ကမ္ဘာတစ်ဝန်းလုံးမှ စိတ်ချရန်နှင့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုသည် အမြင့်ဆုံးသောကာကွယ်မှုအဆင့်ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာတစ်ခုဖြစ်လာမည်ဟု ပြောကြားခဲ့ကြောင်း၊ ထို့အပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသလဲ ဟူသော မေးမြန်းချက်အား အထက်ပါအတိုင်း တုန့်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ကြား နျူကလီးယားရေငုပ်သင်္ဘောများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် နျူကလီယားမပြန့်ပွားရေးအန္တရာယ်ကို ဆိုးရွားစေပြီး NPT ၏ရည်ရွယ်ချက်ကို ချိုးဖောက်ကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။ IAEA ၏ လက်ရှိကြီးကြပ်ကွပ်ကဲမှုစနစ်သည် နျူကလီးယား ရေငုပ်သင်္ဘောသုံး ဓာတ်အားပေးဓာတ်ပေါင်းဖိုများကို ထိရောက်စွာ ကြီးကြပ်မှု မပြုလုပ်နိုင်သေးကြောင်း၊ ထို့ကြောင့် သြစတြေးလျအနေဖြင့် အဆိုပါ နျူကလီးယားပစ္စည်းများကို နျူကလီယားလက်နက်များ သို့မဟုတ် နျူဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်မှု ရှိမရှိကို အာမမခံနိုင်သောပြောကြားချက်နှင့် အမေရိကန်က သက်ဆိုင်ရာ နျူကလီးယားပစ္စည်းများကို နျူကလီယားလက်နက်များ ထုတ်လုပ်မှု မပြုကြောင်း အာမခံချက်များသည် နှုတ်ကတိသာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏သံသယများကို ဖယ်ရှားနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။ အမေရိကန်သည် နေတိုး၏ အရှေ့ဘက်သို့ ချဲ့ထွင်မှုအား တွန်းအာပေးမည် မဟုတ်ကြောင်း ကတိပြုခဲ့သော်လည်း အမေရိကန်သည် ၎င်း၏ ကတိများကို မည်သို့ ချိုးဖောက်ခဲ့သည်ကို လူတိုင်းက မျက်မြင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် နိုင်ငံတကာနျူကလီးယားမပြန့်ပွားရေးစနစ်၏ ခေါင်းဆောင်နှင့် ကာကွယ်သူများအနေဖြင့် မိမိကိုယ်ကို ခေါ်ဝေါ်နေထိုင်ခဲ့သော်လည်း သုံးနိုင်ငံနျူကလီးယားရေငုပ်သင်္ဘော ပူးပေါင်းဆောင်ရွက်မှုသည် ၎င်းတို့၏ မတူညီသော စံနှုန်းနှစ်မျိုးကို ပေါ်လွင်စေကြောင်းဟု ဝမ်ဝန်ပင်း က ပြောကြားခဲ့သည်။ ဤသုံးနိုင်ငံ လုပ်ဆောင်ချက်သည် နျူကလီးယားလက်နက်မရှိသော အခြားနိုင်ငံများကို အတုယူရန် လှုံ့ဆော်ပေးနေကြောင်း၊ ဒေသတွင်း နျူကလီးယား အဓိက ကိစ္စရပ်များအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများ ဆောင်ကြဉ်းနိုင်ပြီး နိုင်ငံတကာ နျူကလိယား မပြန့်ပွားရေး စနစ် ပြိုကွဲစေနိုင်ကြောင်း၊ အမေရိကန်သည် နျူကလီးယားလက်နက်မရှိသော သြစတြေးလျသို့ လက်နက်အဆင့်ရှိသော နျူကလီးယားပစ္စည်းများကို လွှဲပြောင်းပေးနေရာ နျူကလီးယားလက်နက်မရှိသော အခြားနိုင်ငံများတွင် အလွန်ကြွယ်ဝသော ယူရေနီယံများထုတ်လုပ်မှုကို ဆန့်ကျင်ရန် ဘာအကြောင်းပြချက်ရှိသနည်းဟု ၎င်းကမေးခွန်း ထုတ်ခဲ့သည်။

ဝမ်းဝန်ပင်းက IAEA ၏ နိုဝင်ဘာကောင်စီအစည်းအဝေးတွင် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့အကြား နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို တရားဝင် အစီအစဉ်တွင် ထည့်သွင်းဆွေးနွေးခဲ့ရာ အဖွဲ့ဝင်နိုင်ငံများက ယင်းကိစ္စအပေါ် လေးနက်သောဂရုပြုမှု ထင်ဟပ်ကြောင်း၊ အမေရိကန်က သုံးနိုင်ငံ နျူကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှုသည် အမြင့်ဆုံးသောကာကွယ်မှုအဆင့်ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး အနာဂတ်တွင်လည်း အလားတူပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာတစ်ခုဖြစ်လာမည် ဟုအခိုင်အမာဆိုသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်သည် အခြားနိုင်ငံများအပေါ် စံနှုန်းသတ်မှတ်ရန် မည်သည့်အရည်အချင်းများ ရှိပါသနည်းဟု ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ နျူကလီးယားရေငုပ်သင်္ဘောကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိစ္စသည် NPT ၏ ပြည့်စုံမှုနှင့်ထိရောက်မှုတို့တွင် ရိုက်ခတ်မှုရှိစေနိုင်ပြီး အေဂျင်စီ၏ အဖွဲ့ဝင်နိုင်ငံအားလုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်ရာ အေဂျင်စီ၏အဖွဲ့ဝင်နိုင်ငံအားလုံးမှ ဆွေးနွေးသင့်သည်ဟု ၎င်းကပြောကြားခဲ့သည်။ IAEA ကို နျူကလီးယားလက်နက်မရှိသောနိုင်ငံများတွင် အကာအကွယ်ပေးရေးဆိုင်ရာ နိုင်ငံရေး၊ တရားဥပဒေနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်နိုင်သည့် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းရန် တရုတ်က အကြံပြုထားသည်။ ဤအချက်အပေါ် အဖွဲ့အသီးသီး၏ သဘောတူညီမှုမရရှိမီအထိ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက် ရမည်မည်မဟုတ်ကြောင်းနှင့် အေဂျင်စီအတွင်းရေးမှူးရုံးသည် ခွင့်ပြုချက်မရှိဘဲ သုံးနိုင်ငံနှင့် နျူးကလီးယားရေငုပ်သင်္ဘောပူးပေါင်းဆောင်ရွက်မှု အကာအကွယ်ပေးရေး အစီအစဉ်ကို ဆွေးနွေးခြင်းမပြုရကြောင်း ၎င်းကဆိုသည်။(Xinhua)

………………………………
(Chinese Version)
外交部:美英澳核潜艇合作构成严重核扩散风险
2021-12-17 20:45:21 分类: 政治法律
新华社北京12月17日电(记者王宾、马卓言)针对美方称《不扩散核武器条约》并未禁止澳大利亚与美英合作建造核动力潜艇一事,外交部发言人汪文斌17日表示,美英澳在三方安全伙伴关系框架下开展核潜艇合作,构成严重核扩散风险,违反《不扩散核武器条约》的目的和宗旨。中方已建议国际原子能机构成立所有成员国均可参加的特别委员会,妥善寻求各方均可接受的解决办法。
当日例行记者会上,有记者问:据报道,美国务院不具名高官称,《不扩散核武器条约》并未禁止澳大利亚与美英合作建造核动力潜艇。澳大利亚拟为潜艇配备的是常规武器而不是核武器,并且澳方已明确不会在其领土上建造核设施。该高官并称,全世界都可以确信核潜艇的核材料不会被用于武器项目。美英澳核潜艇合作将实施最高等级保障,成为未来类似合作的先例。中方对此有何评论?
汪文斌说,美英澳在三方安全伙伴关系框架下开展核潜艇合作,构成严重核扩散风险,违反《不扩散核武器条约》的目的和宗旨。国际原子能机构现行的保障监督体系无法对核潜艇动力堆实施有效监管,因此无法确保澳方不将这些核材料转用于制造核武器或核爆炸装置,美方声称可以确信有关核材料不会被转用于制造核武器,难道仅凭一句口头承诺就可以打消国际社会的疑虑?美方曾经承诺不会推进北约东扩,但大家都看到了后来美方是如何违背自己所作承诺的。
汪文斌说,多年来,美英澳以国际核不扩散体系的领导者和维护者自居,但三国核潜艇合作充分暴露了其赤裸裸的“双重标准”,三国此举势必刺激其他无核武器国家起而效尤,为解决地区核热点问题带来深远的负面影响,最终可能导致国际核不扩散体系的坍塌。美方可以向无核武器国家澳大利亚转让武器级核材料,还有什么理由反对其他无核武器国家生产高浓铀?
汪文斌说,国际原子能机构11月理事会将美英澳核潜艇合作相关问题列入会议正式议程并进行了讨论,反映了广大机构理事会成员国对此事的严重关切。美方声称三国核潜艇合作将实施最高等级保障,将成为未来类似合作的先例。试问三国有什么资格为其他国家来创设标准?
他说,美英澳核潜艇合作保障监督问题,事关《不扩散核武器条约》的完整性和有效性,涉及机构所有成员国利益,应当由机构所有成员国共同讨论。中方已建议机构成立所有成员国均可参加的特别委员会,专题讨论对无核武器国家核潜艇动力堆及相关核材料实施保障监督所涉及的政治、法律和技术问题,妥善寻求各方均可接受的解决办法。在各方就此达成共识之前,美英澳不得推进相关合作,机构秘书处也不得擅自与三国商讨所谓的核潜艇合作保障监督安排。(完)
图说-这是2009年2月16日从英国国防部获取的“前卫”号弹道导弹核潜艇的照片。(新华社/法新)

…………………………………………