Connect with us

Europe

အမေရိကန် စစ်လေယာဉ်၏ ပင်လယ်နက် ဝေဟင်လှုပ်ရှားမှုက အရပ်ဘက်လေကြောင်း လုံခြုံရေးကို အန္တရာယ်ဖြစ်စေကြောင်း ရုရှား ကန့်ကွက်

မော်စကို၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ပင်လယ်နက် ဝေဟင်ထက်၌ စစ်ရေးလှုပ်ရှားမှုများ မပြတ် အရှိန်အဟုန် မြှင့်တင်နေခြင်းသည် အရပ်ဘက် လေကြောင်း လုံခြုံရေးကို အန္တရာယ်ဖြစ်စေကြောင်း ဒီဇင်ဘာ ၈ ရက်က ရုရှားမှ အမေရိကန်သို့ အသိပေးခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharovaက ယင်းနေ့တွင် ပြောကြားခဲ့သည်။ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက် သတင်းများအရ Maria Zakharova၏ ယင်းနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် အမေရိကန်နှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနယ်စပ်အနီး၌ စစ်ရေးလှုပ်ရှားမှုများ မပြတ်အားဖြည့်ဆောင်ရွက်နေရာ တိုက်လေယာဉ်ပျံသန်းနှုန်းနှင့်အန္တရာယ်ရှိ ရေတပ်စစ်သင်္ဘော လေ့ကျင့်ခန်းလုပ်နေရုံသာမက ယခုကာလများတွင် အရပ်ဖက်လေယာဉ်များကိုပါ ရန်စသည့် အပြုအမူများ ရှိနေသဖြင့် လေကြောင်းနှင့်အသက်အန္တရာယ်လုံခြုံရေးကို အန္တရာယ်ဖြစ်စေကြောင်း ဆိုသည်။ ရုရှားအနေဖြင့် ဒီဇင်ဘာ ၈ ရက်တွင် မော်စကိုအခြေစိုက် အမေရိကန်သံရုံသို့ ဆန့်ကျင်ကန့်ကွက်သည့် အကြောင်းကြားစာပေးပို့ပြီးဖြစ်ကြောင်း ၊ ထိုကြမ်းတမ်းသည့်လုပ်ဆောင်မှု၏ အန္တရာယ်နောက်ဆက်တွဲဆိုးကျိုးကို သတိပေးထားကြောင်း ပြောကြားခဲ့သည်။

Maria Zakharovaက အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ စစ်လေယာဉ်သည် ရေဒီယိုဆက်သွယ်ရေး၊ ပျံသန်းမှုအစီအစဉ်အသိမပေးခြင်းနှင့် လေကြောင်းထိန်းချုပ်ခွင့်မရှိသည့် အခြေအနေမျိုးတွင် ပျံသန်းခြင်းသည် အန္တရာယ်များဖြစ်ပြီး လက်ခံနိုင်စရာ မရှိကြောင်း ၊ အရပ်ဖက်လေကြောင်း လုံခြုံရေးကို ဆိုးဝါးသည့် အန္တရာယ်ဖြစ်စေရာ အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းပဋိညာဉ်၏ အခြေခံမူနှင့် အခြားနိုင်ငံတကာဥပဒေစံသတ်မှတ်ချက်များကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ သက်ဆိုင်ရာ ရန်လိုရန်စသည့် အပြုအမူအပေါ် ရုရှားအနေဖြင့် တုန့်ပြန်ခွင့် ထိန်းသိမ်းထားကြောင်း၊ တစ်ချိန်တည်းတွင်ပင် နိုင်ငံရေးနှင့်စစ်ရေးတင်းမာမှုအခြေအနေကို ဖြေလျှော့ရန်၊ ဝေဟင်နှင့်ပင်လယ်ပြင်တွင် အန္တရာယ်ဖြစ်စေမည့်ကိစ္စများ ဖြစ်ပွားခြင်းက ကာကွယ်တားဆီးနိုင်ရန် လုံခြုံရေးအာမခံချက်အတွက် လက်တွေ့ကျသည့်တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ကြေညာချက်အရ ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် အမေရိကန် CL-600ကင်းထောက်လေယာဉ်တစ်စီး ရုရှားထိန်းချုပ်သည့်နယ်မြေရှိ ပင်လယ်နက်တံခါးဖွင့် ရေပြင်အထက်ကောင်းကင်းယံသို့ ချဉ်းကပ်လာပြီး မီတာ ၁၁,၀၀၀ အမြင့်မှ ၉,၂၀၀ မီတာသို့ အရှိန်ဖြင့်ဆင်းသက်၍ အရပ်ဖက်လေကြောင်းလိုက်ကို ဖြတ်သန်းခဲ့ကြောင်း သိရသည်။ ရုရှားဘက်မှ ယင်းလေယာဉ်အား အကြိမ်ပေါင်းများစွာ ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ကြောင်း ၊ ယင်းလမ်းကြောင်းတွင် ပျံသန်းနေသည့် အရပ်ဖက်လေယာဉ်နှစ်စီးသည် ရုရှားလေကြောင်းစီမံခန့်ခွဲသူ၏ ညွှန်ကြားမှုဖြင့် အရေးပေါ် လေကြောင်း ချိန်ညှိခြင်းကြောင့်သာ လေကြောင်း မတော်တဆမှုမဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသည်။ အမေရိကန်နှင့်နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ၏ စစ်လေယာဉ်များသည် ယခုကာလများအတွင်း ပင်လယ်နက် ရေပြင်အထက် ကောင်းကင်တွင် အခြား အန္တရာယ်များသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် ဦးဆောင်သည့် နေတိုးအဖွဲ့လေယာဉ်များသည် ရုရှားနယ်စပ်အနီး ကင်းထောက်လှုပ်ရှားမှုများ မကြာခဏလုပ်ဆောင်လေ့ရှိရာ ထို့အပေါ် ရုရှားက အမြဲ ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့သည်။ (Xinhua)

—————————————————-
(Chinese Version)

(国际)俄罗斯抗议美军机在黑海上空活动危及民航安全
2021-12-09 07:48:10
新华社莫斯科12月8日电(记者耿鹏宇)俄罗斯外交部发言人扎哈罗娃8日表示,俄方当天照会美方,抗议美国和北约成员国在黑海水域上空不断升级的军事活动危及民航安全。

据俄罗斯外交部网站消息,扎哈罗娃当天在一份声明中表示,美国和北约成员国不断强化在俄边境附近的军事活动,不仅提高战机飞行频率和进行危险的海军舰队演习,最近还转向对民航飞机发出挑衅,对航空和生命安全构成威胁。俄方已于12月8日向美国驻莫斯科大使馆发出抗议照会,对此类鲁莽行为的危险后果发出警告。

扎哈罗娃说,美国和北约成员国军机在没有进行无线电通信、未提供飞行计划且未获得空中交通管制许可的情况下进行飞行是危险和不可接受的,对民航安全构成严重威胁,违反《国际民用航空公约》基本原则及其他国际法规范。俄方保留对相关挑衅行为作出反应的权利,同时呼吁就安全保障问题进行实质性对话,以缓解政治和军事紧张局势,防止空中和海上危险事件发生。

根据声明,12月3日上午,一架美军CL-600侦察机在靠近俄罗斯空管区域的黑海开放水域上空,从1.1万米高度急降至9200米,穿过民用航空路线。俄方多次联系该机未果。在该路线飞行的两架民航飞机在俄空管人员指挥下,紧急调整飞行路线才避免发生空中碰撞。声明还列举了美国和北约成员国军机近期在黑海水域上空的其他危险活动。

以美国为首的北约飞机经常抵近俄边界进行侦察活动,俄罗斯一直对此坚决反对。(完)
图说:美国空军F-16战斗机