Connect with us

North America

အမေရိကန် တပ်တွင်း အစွန်းရောက်ဝါဒ ဦးမော့လာမှုကြောင့် ပင်တဂွန်စစ်ဌာနချုပ်က တားမြစ်မိန့်များ ထုတ်ပြန်

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ လွှတ်တော်အဆောက်အဦဧရိယာရှိ အမေရိကန်အမျိုးသားစောင့်တပ် တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂ ၂ ရက်(ဆင်ဟွာ)
စစ်တပ် တပ်ဖွဲ့ဝင်များ အစွန်းရောက်ဝါဒ စီစဉ်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကို ဦးတည်သည့် အသေးစိတ် တားမြစ်မိန့်များကို အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အစွန်းရောက်ဝါဒသည် အမေရိကန်တပ်အတွင်း နေ့စဉ်နှင့်အမျှ ဦးမော့လာနေကြောင်း စစ်တပ်အရာရှိများက သတိပေး ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန် ရှိလွှတ်တော်အဆောက်အဦဧရိယာတွင် အမေရိကန် အမျိုးသား အစောင့်တပ် တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သတ်မှတ်ချက်အသစ်တွင် အစွန်းရောက်ဝါဒလှုပ်ရှားမှုကြီး ၆ မျိုး နှင့် အစွန်းရောက်ဝါဒလှုပ်ရှားမှုတွင် “မိမိဆန္ဒအလျောက်ပါဝင်”သည့် နည်းလမ်း ၁၄ မျိုးကို တားမြစ်ထားရာ ၎င်းတို့တွင် အကြမ်းဖက်ဝါဒအား အကာအကွယ်ပေးခြင်း၊ အစိုးရကို အဖျက်အမှောင့်လုပ်ဆောင်ရန် အားပေးခြင်း၊ အစွန်းရောက်အဖွဲ့အစည်းကိုယ်စား ရန်ပုံငွေစုဆောင်ခြင်း သို့မဟုတ် လူစုလူဝေးလုပ်ခြင်း၊ ဆိုရှယ်မီဒီယာတွင် အစွန်းရောက်အမြင်သဘောထားအား likeပေးခြင်း သို့မဟုတ် shareလုပ်ခြင်း တို့ပါဝင်ကြောင်း သိရသည်။

“ပါဝင်ခွင့်ပြုပြီး လှုပ်ရှားခွင့်မပေး”

အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ ယခင်သတ်မှတ်ချက်များနှင့်နှိုင်းယှဉ်ပါက သတ်မှတ်ချက်အသစ်တွင် အသေးစိတ် ရှင်းလင်းချက်များ ထပ်တိုးပါရှိပြီး တာဝန်ခံရမည့်သတ်မှတ်ချက်ဖြစ်သော စစ်တပ်တပ်ဖွဲ့ဝင်များ တားမြစ်ထားသည့် အစွန်းရောက်ဝါဒလှုပ်ရှားမှုများတွင် ”မိမိဆန္ဒအလျောက်ပါဝင်ခြင်း”ဟူသော တားမြစ်ချက်ပါရှိကြောင်း ဆိုသည်။

သတ်မှတ်ချက်အသစ်သည် စစ်တပ်တပ်ဖွဲ့အမျိုးအစားအားလုံးတွင် အကျုံးဝင်ကြောင်း ၊ မည်သည့်အချိန်တွင်စတင်ကျင့်သုံးမည်ကို မသိရှိရသေးကြောင်း သိရသည်။

သို့သော် သတ်မှတ်ချက်အသစ်တွင် အစွန်းရောက်ဝါဒအဖွဲ့အစည်း အမည်စာရင်းထုတ်ပြန်မှု မရှိကြောင်း သိရသည်။ သတ်မှတ်ချက်အရ စည်းကမ်းချိုးဖော်မှုရှိမရှိကို စစ်တပ်ခေါင်းဆောင်များက ဆုံးဖြတ်ပေးသွားမည်ဖြစ်ပြီး မပြတ်ပြောင်းလဲနေသည့်အမည်စာရင်းအပေါ် တည်မှီ ဆုံးဖြတ်မည်မဟုတ်ဟု စစ်တပ်အရာရှိများက ရှင်းလင်းပြောကြားခဲ့သည်။

အပြစ်ဒဏ် ချမှတ်ခြင်း၊မချမှတ်ခြင်းနှင့် ပြစ်ဒဏ် ပြင်းထန်မှုအတိုင်းအတာသည် အောက်ခြေတပ်ဖွဲ့မှူးများပေါ်တွင် အဆုံးအဖြတ်ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ပင်တဂွန်စစ်ဌာနချုပ်က တပ်ဖွဲ့ဝင်များ မည်သည့် အစွန်းရောက်အဖွဲ့အစည်း၌ ပါဝင်မှုကိုမဆို တားမြစ်ခြင်းမရှိကြောင်း၊ လက်ယာစွန်း အစွန်းရောက်အဖွဲ့အစည်း “Proud Boys”၊ လူဖြူကြီးစိုးရေးဝါဒအဖွဲ့ Ku Klux Klanတွင် ပါဝင်ခြင်းသည်လည်း သတ်မှတ်ချက်ကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း ဆိုသည်။

“တစ်နှစ်အတွင်း အဓိကရုဏ်းဖြစ်ပွားမှု ၁၀၀ နီးပါးရှိ”

ယခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ထိုစဉ်ကသမ္မတ ထရမ့်အားထောက်ခံသူများ သည် လွှတ်တော်အဆောက်အဦအတွင်းသို့ စီးနင်းဝင်ရောက်ခဲ့ခြင်းကြောင့် လွှတ်တော်နှစ်ရပ်တွင် ရွေးကောက်ခံသမ္မတ ဘိုင်ဒန်အား အသိအမှတ်ပြုသည့် အခမ်းအနား ခေတ္တရပ်နားခဲ့ရသည်။ လွှတ်တော်အဆောက်အဦ အဓိကရုဏ်းမှုသည် “အကြမ်းဖက်သမား၊ သူပုန်၊ နိုင်ငံရေးအစွန်းရောက်ဝါဒီနှင့် လူဖြူကြီးစိုးရေးဝါဒီများ”၏ လုပ်ဆောင်မှုဖြစ်ကြောင်း ဆိုသည်။

အေပီသတင်းဌာန၏ ကိန်းဂဏန်းများအရ အဆိုပါအဓိကရုဏ်တွင် လူပေါင်း ၆၅၀ ကျော် ဖမ်ဆီးခံခဲ့ရာရာ ၎င်းတို့အနက် ဒါဇင်နှင့်ချီသော စစ်မှုထမ်းဟောင်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲစစ်မှုထမ်းများ ပါဝင်ကြောင်း သိရသည်။

ရိုက်တာ သတင်းများတွင် ဘိုင်ဒန် က ယခုနှစ် ဇန်နဝါရီ ၂၀ ရက် တာဝန်စတင်ထမ်းဆောင်သည့် အချိန်မှစပြီး အစွန်းရောက်ဝါဒ ကန့်သတ်ချက်ကို အတိအလင်းရှိစေဖို့ ကြိုးပမ်းလျက်ရှိကြောင်းနှင့် တပ်ဖွဲ့ဝင်များ အစွန်းရောက်ဝါဒ လှုပ်ရှားမှုမျိုးများတွင် ပါဝင်ခွင့်မပြုကြောင်း အတိအလင်း ထုတ်ဖော်ခဲ့ရာ ယနေ့အခါ ယင်းအတွက် အဖြေထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း အစွန်းရောက်ဝါဒလှုပ်ရှားမှုတွင် စစ်တပ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ဖြစ်ရပ် ၁၀၀ နီးပါး ရှိခဲ့ကြောင်း၊ သို့သော် ယင်းကိန်းဂဏန်းများကို အပြည့်အစုံ စုစည်းထားခြင်း မရှိသေးကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူJohn Kirby၏ ပြောကြားချက်အရ သိရသည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်း အစွန်းရောက်ဝါဒ အကြမ်းဖက်ဆောင်ရွက်မှုများ ဆတိုး မြင့်တက်လာခြင်းကြောင့် အစွန်းရောက်လှုပ်ရျားမှုများတွင် ပါဝင်သည့် စစ်တပ်တပ်ဖွဲ့ဝင် အထူးသဖြင့် စစ်မှုထမ်းဟောင်းအရေအတွက် တိုးလာနိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတိပေးထားသည်။

အမေရိကန်စစ်တပ်က တပ်တွင်း လူဖြူးကြီးစိုး‌ဝါဒီစသည့် အစွန်းရောက်ဝါဒီများအား ရှင်းလင်းမှုများ ကာလကြာရှည် ပြုလုပ်ခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။ ယင်းအစွန်းရောက်ဝါဒီများက နိုင်ငံအတွက် အန္တရာယ်ကြီး ဖြစ်စေနိုင်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူများက အကဲဆတ်သည့် စစ်ရေးလှုပ်ရှားမှုလျှို့ဝှက်ချက်သတင်းများကို ထိတွေ့မှုရှိနေနိုင်ကြောင်း ၊ ထို့အပြင် စစ်မှုထမ်းနှင့် စစ်မှုထမ်းဟောင်းများက လက်နက်ကျွမ်းကျင်မှုနှင့် နည်းပရိယာယ်ကျွမ်းကျင်ခြင်းကြောင့် အစွန်းရောက်ဝါဒ အဖွဲ့အစည်းများက ၎င်းတို့အား ပုံမှန်ခေါ်ယူမှုရှိနေကြောင်း ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် ပင်တဂွန်စစ်ဌာနချုပ် စစ်ဆေးရေးမှူးချုပ်က အစွန်းရောက်ဝါဒ လှုပ်ရှားမှုများတွင် လက်ရှိစစ်မှုထမ်းများ ပါဝင်သည့် စွပ်စွဲချက် ၂၉၄ မှုကို တင်ပြခဲ့ရာ ၎င်းတို့အနက် ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အဦ စီးနင်းခံရမှုနှင့်ပတ်သတ်သည့်အမှု ၁၀ မှု၊ ပြည်တွင်း အစွန်းရောက်ဝါဒ အကြမ်းဖက်လှုပ်ရှားမှုနှင့်ဆက်စပ်သည့်အမှု ၁၀၂ မှု၊ လူမျိုးရေးဝါဒကြောင့် အစွန်းရောက်ဝါဒီ အကြမ်းဖက်ရန်လှုံ့ဆော်မှု ၇၀ မှု ပါဝင်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
美军内部极端主义抬头 五角大楼下禁令
2021-12-22 09:47:30
Image Carouse
新华社北京12月22日电 美国五角大楼20日针对军人参与极端主义组织活动出台具体禁令。军方官员警告,极端主义在美军内部日趋抬头。
许“入”不许“动”
新规共禁止6大类极端主义活动和14种“主动参与”极端主义活动的方式,包括拥护恐怖主义、支持颠覆政府、代表极端主义团体筹款或集会、在社交媒体“点赞”或转发极端主义观点。
1月14日在美国首都华盛顿特区的国会区域拍摄的美国国民警卫队士兵。(新华社发,沈霆摄)
美国媒体报道,与旧有规定相比,新规增加了许多详细说明,而且规定了触发问责的条件:军人参与禁止范围内的极端主义活动且为“主动参与”。
新规适用于所有的军种,尚不清楚何时开始实施。
不过,新规没有列出极端主义组织清单。军方官员解释,将由军方领导根据规定来决定军人是否违规,而不是依赖不断变化的清单。路透社报道,处罚与否、处罚力度将取决于基层部队的指挥官。
而且,五角大楼没有禁止军人加入任何极端组织,哪怕是参加右翼极端团体“骄傲男孩”、白人至上主义团体三K党也不违规。
一年近百起
今年1月6日,时任总统唐纳德•特朗普的支持者冲击国会大厦,导致参众两院认证拜登当选总统的联席会议中断。拜登说,国会大厦骚乱是由“暴徒、造反者、政治极端主义者和白人至上主义者”实施。按照美联社的数据,这场骚乱中,逾650人被捕,包括数十名退役军人和数名现役军人。
1月14日在美国首都华盛顿特区的国会区域拍摄的美国国民警卫队士兵。(新华社发,沈霆摄)
路透社报道,拜登今年1月20日就任后一直致力于明确界定极端主义,以及明确禁止军人参与的极端主义活动类型,如今交出答卷。
按照五角大楼发言人约翰•柯比的说法,过去一年内共发生将近100起军人参与违规极端主义活动的事件,但数据收集还不完整。五角大楼同时警告,由于国内极端主义暴力激增,参与极端主义活动的军人尤其是退役老兵数量可能增加。
美联社报道,美国军方长期以来清楚军中存在白人至上主义者等极端主义者。这些极端主义者可能给国家带来较大风险,因为他们中不少人能够接触有关敏感军方行动的机密情报。而且,极端组织定期招募现役军人和退役老兵,因为他们善用武器、熟悉战术。
数周前,五角大楼督察长列举了294起现役军人参与极端主义活动的指控,其中10起涉及1月6日国会大厦骚乱,102起涉及国内极端主义暴力活动,70起涉及种族主义驱动的极端主义暴力活动。(林淑婷)