Connect with us

North America

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ၎င်းနှင့်အတူ လိုက်ပါလာသော အဖွဲ့ဝင်တစ်ဦးတွင် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိသဖြင့် အရှေ့တောင် အာရှ ခရီးစဉ်ကို အချိန်မတန်မီ အဆုံးသတ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို စက်တင်ဘာ ၁၄ ရက်က ဝါရှင်တန်တွင် ပြုလုပ်သည့် လွှတ်တော်ကြားနာပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် ၎င်းနှင့်အတူလိုက်ပါလာသော အဖွဲ့ဝင်တစ်ဦးတွင် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိသဖြင့် အရှေ့တောင် အာရှ ခရီးစဉ်ကို အချိန်မတန်မီ အဆုံးသတ်သွားမည်ဖြစ်ကြောင်းနှင့် မူလကစီစဉ်ထားသည့် ထိုင်းနိုင်ငံခရီးစဉ်ကို ဖျက်သိမ်း၍ အမေရိကန်သို့ပြန်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဘလင်ကန်သည် ဒီဇင်ဘာ ၁၅ ရက်တွင် ကွာလာလမ်ပူမြို့၌ မလေးရှားဝန်ကြီးချုပ် Ismail နှင့် နိုင်ငံခြားရေးဝန်ကြီး Saifuddin တို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ထို့နေ့တွင် မလေးရှားနိုင်ငံမှ ထွက်ခွာပြီး ထိုင်းနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သော ကြေညာချက်အရ ဘလင်ကန်နှင့်အတူ လိုက်ပါလာသော အဖွဲ့ဝင်တစ်ဦးတွင် ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း၊၎င်းပုဂ္ဂိုလ်သည် မလေးရှားကျန်းမာရေးဌာန၏ သက်ဆိုင်ရာ စည်းမျဉ်းများကို လိုက်နာကာ ဘလင်ကန်၏ မလေးရှားခရီးစဉ် အစီအစဉ်များတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ဘလင်ကန်နှင့် အခြားအဖွဲ့ဝင်များအား ကိုဗစ် စစ်ဆေးမှု ပြုလုပ်ရာတွင် ကူးစက်ခံရခြင်း မရှိသည်ကိုတွေ့ရကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။

ထို့နောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဘလင်ကန်သည် ဒီဇင်ဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ဆက်သွယ်ဆွေးနွေးခဲ့ရာတွင် ကပ်ရောဂါ ကူးစပ်ပြန့်ပွားမှု အန္တရာယ်ကို ရှောင်ရှားရန် နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ထိတွေ့မိသူများ ကျန်းမာဘေးကင်းစေရန်အတွက် ၎င်းအနေဖြင့် သေချာသုံးသပ်ပြီးနောက်တွင် ထိုင်းနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်း၍ ဝါရှင်တန်သို့ ပြန်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘလင်ကန်သည် ဒီဇင်ဘာ ၁၃ ရက်မှစ၍ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ လည်ပတ်ခရီးစဉ် စတင်ခဲ့ကြောင်း၊ ၎င်းသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီးနောက်တွင် ပထမဆုံးအကြိမ် အရှေ့တောင်အာရှ ခရီးစဉ်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
(国际)美国务卿因随行人员新冠检测阳性提前结束东南亚访问
2021-12-15 23:34:33 分类: 政治法律
新华社曼谷12月15日电(记者林昊 宋宇)美国驻泰国大使馆15日在社交媒体上宣布,由于一名随行人员新冠检测呈阳性,美国国务卿布林肯将提前结束对东南亚的访问,取消泰国之行回国。
布林肯15日在吉隆坡同马来西亚总理伊斯迈尔和外长赛夫丁举行了会见,原定当天离开马来西亚抵达泰国。
另据美国驻马来西亚大使馆当日发表声明说,一名随布林肯出访的人员新冠病毒检测结果呈阳性。这名人员已遵守马来西亚卫生部门相关规定,并未参加布林肯在马来西亚的活动。
声明说,布林肯及其他随行人员新冠病毒检测均为阴性。
随后,美国国务院发言人普莱斯表示,布林肯15日在与泰国副总理兼外长敦通话时说,为了消除新冠疫情的传播风险并确保美国访问团及其接触者的健康和安全,他谨慎考虑后决定返回华盛顿,取消对泰国的访问行程。
布林肯13日开始对印度尼西亚、马来西亚和泰国的访问,这是他就任国务卿以来首次出访东南亚。(完)
9月14日,美国国务卿布林肯在华盛顿出席国会听证会