Connect with us

Europe

အမေရိကန် နှင့် ရုရှားခေါင်းဆောင်တို့ ဗီဒီယိုလင့်ခ်မှတဆင့် ယူကရိန်းအခြေအနေ နှင့် အခြားကိစ္စရပ်များ ဆွေးနွေး

ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒီဇင်ဘာ ၇ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံ၍ ယူကရိန်းနိုင်ငံအခြေအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးပြဿနာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုနေ့က ကျင်းပသော အစည်းအဝေးသည် ၂ နာရီခန့်ကြာမြင့်ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖော်ပြသောအချက်အလက်များအရ သိရသည်။အစည်းအဝေးအပြီးတွင် အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ ဘိုင်ဒန်က အမေရိကန်နှင့် ၎င်း၏ဥရောပမဟာမိတ်များသည် ရုရှားနှင့် ယူကရိန်းနယ်စပ်ဒေသများတွင် ရုရှား၏ စစ်ရေးဖြန့်ကျက်မှု အားကောင်းလာခြင်းအပေါ် အလွန်စိုးရိမ်ကြောင်း၊ အကယ်၍ ရုရှားက စစ်ရေးအရ အရှိန်မြှင့်လုပ်ဆောင်ပါက အမေရိကန်နှင့် ၎င်း၏မဟာမိတ်များထံမှ ပြင်းထန်သော စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် အခြားတုံ့ပြန်ဆောင်ရွက်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အမေရိကန်က ထောက်ခံကြောင်း၊ ရုရှားနှင့် ယူကရိန်းတို့အား တင်းမာမှုများ ဖြေလျှော့ရန်နှင့် ယူကရိန်းအရေးကို သံတမန်ရေးရာနည်းလမ်းဖြင့်ဖြေရှင်းမှု ပြန်လည်စတင်ရန် တောင်းဆိုကြောင်း ဘိုင်ဒန်က ထပ်လောင်းပြောကြားခဲ့သည်။

ဘိုင်ဒန် နှင့် ပူတင် တို့သည် ယခုနှစ် ဇူလိုင်လတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ၌ ပြုလုပ်ခဲ့သည့် အမေရိကန်-ရုရှား မဟာဗျူဟာ တည်ငြိမ်ရေးဆွေးနွေးပွဲနှင့် ransomware ဆိုက်ဘာတိုက်ခိုက်မှုများအပေါ် ကိုင်တွယ်ဖြေရှင်းမှု အခြေအနေနှင့် အီရန်နျူကလီးယားအရေး စသည့် ကိစ္စရပ်များတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကရင်မလင်ဝဘ်ဆိုဒ်၏ဒီဇင်ဘာ ၇ ရက်ထုတ်ပြန်သည့် သတင်းအရ ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးတွင် ပူတင်နှင့် ဘိုင်ဒန်တို့သည် နှစ်နိုင်ငံခေါင်းဆောင်များကြား ဂျီနီဗာဆွေးနွေးပွဲရလဒ်များ အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ ယူကရိန်းနိုင်ငံအခြေအနေ၊ အီရန်နျူကလီးယားကိစ္စ၊ ဆိုက်ဘာအချက်အလက်လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ၊ ထို့ပြင် ယူကရိန်းအကျပ်အတည်းနှင့် Minsk သဘောတူညီချက် အကောင်အထည်ဖော်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ပူတင်က ယူကရိန်းအရှေ့ပိုင်း အခြေအနေများ တိုးမြင့်လာမှုအပေါ် ရုရှားကို အပြစ်မတင်သင့်ကြောင်း၊ နေတိုးမဟာမိတ်အဖွဲ့သည် ယူကရိန်းပိုင်နက်ကို သိမ်းပိုက်ရန် ကြိုးစားနေပြီး ရုရှားနယ်စပ်အနီးတွင် ၎င်း၏စစ်ရေးအင်အား ဆက်လက်တိုးချဲ့နေကြောင်း၊ နေတိုးသည် အရှေ့ဘက်သို့ တိုးချဲ့ခြင်းနှင့် ရုရှား၏ အိမ်နီးချင်းနိုင်ငံများတွင် ထိုးစစ်ဆင်သည့် လက်နက်စနစ်များ ဖြန့်ကျက်ခြင်းမှ တားဆီးရန် ယုံကြည်စိတ်ချရသော တရားဝင်အာမခံချက်များ ရရှိရန် ရုရှားက မျှော်လင့်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

ပူတင်က ရုရှားနှင့် အမေရိကန်ကြား လက်ရှိနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် မျှော်လင့်ထားသည်ထက် အားနည်းကြောင်း၊ အဓိကအားဖြင့် နှစ်နိုင်ငံ သံတမန်တာဝန် ဆောင်ရွက်မှုတွင် အခက်အခဲများ ပေါ်လွင်နေကြောင်းနှင့် ၎င်းမှာ အမေရိကန်၏ တစ်ဖက်သတ်လုပ်ဆောင်ချက်ကြောင့်သာဖြစ်ကြောင်း၊ သံတမန်မစ်ရှင်များ၏ ပုံမှန်လည်ပတ်မှုအပေါ် ကန့်သတ်ချက်များကို ရုပ်သိမ်းရန် ရုရှားက အဆိုပြုထားပြီး ယင်းက နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍများကို ပုံမှန်ဖြစ်စေရန် ကူညီပေးမည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

ထိုနေ့ညနေပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးရေးအကြံပေး ပုဂ္ဂိုလ် Sullivan က ယူကရိန်းအပေါ် ရုရှားက စစ်ရေးလုပ်ရှားမှုပြုလုပ်ပါက ယူကရိန်း ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရန် အမေရိကန်က ကူညီပေးမည်ဖြစ်ကြောင်းနှင့် နေတိုးမဟာမိတ်အဖွဲ့၏ စစ်အင်အားတိုးမြှင့်ချထားခြင်းတောင်းဆိုချက်များကို တက်ကြွစွာ တုံ့ပြန်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ဘိုင်ဒန်သည် ယူကရိန်းပြဿနာကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် အစီအစဉ်ကို ဆွေးနွေးရန်အတွက် ယူကရိန်းသမ္မတနှင့် ဒီဇင်ဘာ ၉ ရက်တွင် ဆက်သွယ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ရုရှား-ယူကရိန်း ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့ပြီး နှစ်ဖက်စလုံးသည် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်နှင့် လက်နက် အများအပြား ချထားခဲ့ကြောင်း၊ရုရှားက ရုရှား-ယူကရိန်းနယ်စပ်တွင် အကြီးစားတပ်များစုရုံးခဲ့ပြီး ရုရှားသည် ယူကရိန်းကို ကျူးကျော်ရန် ပြင်ဆင်နေသည်ဟု အမေရိကန်နှင့် ယူကရိန်းတို့က ဆိုသည်။ ရုရှားဘက်မှ ယင်းစွပ်စွဲမှုအပေါ် ငြင်းဆိုထားကြောင်း သိရသည်။(Xinhua)

—————————————————-
(Chinese Version)

(国际)美俄领导人举行视频会晤讨论乌克兰局势等问题

新华社华盛顿12月7日电(记者邓仙来)美国总统拜登与俄罗斯总统普京7日举行视频会晤,重点讨论了乌克兰局势及双边关系中存在的问题。
根据白宫记者团提供的消息,当天的视频会晤历时约2小时。白宫在会晤后发表声明说,拜登表示,美国及其欧洲盟友对俄罗斯在俄乌边境地区加强军事部署“深感担忧”;俄方若采取军事升级行动,将面临来自美国及其盟友“强有力的”经济制裁和其他回应措施。拜登重申美国支持乌克兰主权和领土完整,并呼吁俄乌双方缓和紧张局势,恢复以外交方式解决乌克兰问题。

声明说,拜登和普京还讨论了今年7月在瑞士日内瓦启动的美俄战略稳定对话及双方在应对勒索软件攻击方面对话的进展情况,并就两国在伊朗核问题等地区事务上的合作进行了沟通。

另据克里姆林宫网站7日发布的消息,普京和拜登在视频会晤中就两国领导人日内瓦会谈成果的执行情况、双边关系,以及乌克兰局势、伊朗核问题、网络信息安全等进行了交流,重点讨论了乌克兰危机及明斯克协议的执行情况。

消息说,普京表示,不应将乌克兰东部局势升级的责任归咎于俄罗斯,因为北约正试图征服乌克兰领土,并不断将军事力量扩展至俄边界附近。俄罗斯希望获得可靠的法律保证,以防止北约进一步东扩和在俄罗斯邻国部署进攻性武器系统。

普京还表示,目前俄美双边合作不尽如人意,主要表现在两国外交使团在工作中困难重重,而这一切都是美方一手造成的。俄方提议取消对外交使团正常运转的限制,认为这也有助于双边关系其他方面的正常化。

在当天晚些时候举行的记者会上,美国总统国家安全事务助理沙利文表示,如果俄对乌采取军事行动,美国将增加对乌克兰的国防援助,以加强其防御能力,并“积极回应”北约盟友可能提出的增兵请求。拜登将于9日与乌克兰总统通电话,讨论通过外交手段解决乌克兰问题的方案。
近期,俄乌关系加速恶化,双方在两国边境地区部署了大量军事人员和装备。美国和乌克兰声称俄罗斯在俄乌边境集结重兵,可能准备“入侵”乌克兰。俄方否认这一说法。(参与记者:耿鹏宇)(完)

6月16日,美国总统拜登(左)和俄罗斯总统普京在瑞士日内瓦的拉格朗热别墅举行会晤。(新华社发,Pool图片,丹尼斯•巴利布斯摄)