Connect with us

Europe

အမေရိကန်-ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ကြီးမားသည့်ကွဲလွဲမှုများရှိနေဟုဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinkenနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovတို့ အိုက်စလန်နိုင်ငံ ရေးခီးဗက်ခ်မြို့တွင် မေ ၁၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ရေးခီးဗက်ခ်၊ မေ ၂၀ ရက်(ဆင်ဟွာ)

အိုက်စလန်တွင် ကျင်းပသည့် (၁၂)ကြိမ်မြောက် အာတိတ်ကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေးကို တက်ရောက်လျက်ရှိသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinkenနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovတို့သည် မေ ၁၉ ရက် ညပိုင်းက သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြရာ နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဆန္ဒရှိကြောင်း ပြောကြားခဲ့သော်လည်း နှစ်နိုင်ငံအကြား ကြီးမားသည့် ကွဲလွဲမှုကြီးများရှိနေသည်ကိုလည်း ဝန်ခံပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinkenနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrovတို့ အိုက်စလန်နိုင်ငံ ရေးခီးဗက်ခ်မြို့တွင် မေ ၁၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ယခုတွေ့ဆုံဆွေးနွေးမှုသည် ဘိုင်ဒန်အစိုးရ အာဏာရရှိပြီးနောက် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်ဆွေးနွေးခြင်း ဖြစ်သည်။ အိုက်စလန်မီဒီယာများ၏ သတင်းအရ အီရန်နျူကလီးယား၊ အာဖဂန်နစ္စတန်စသည့် နိုင်ငံတကာအရေးပေါ်ကိစ္စများအပေါ် အမြင်သဘောထားချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဘိုင်ဒန်အစိုးရအနေဖြင့် ရုရှားနှင့် “ကြိုတင်ခန့်မှန်း၍ရသော တည်ငြိမ်သည့် ဆက်ဆံရေး”ကို တည်ဆောက်လိုကြောင်း ၊ ကိုဗစ်ကပ်ရောဂါ၊ အာဖဂန်နစ္စတန်နှင့်အီရန်နျူကလီးယားအရေးကိစ္စ စသည်တို့အပါအဝင် ဘုံအကျိုးဖြစ်ထွန်းမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်သွားနိုင်ကြောင်း Blinkenက ပြောကြားခဲ့သည်။

သို့သော်လည်း အမေရိကန်နှင့်ရုရှားအကြား တည်ရှိသည့် ကွဲလွဲမှုသည် လျို့ဝှက်ချက်မဟုတ်တော့ကြောင်း၊ အကယ်၍ ရုရှားအနေဖြင့် အမေရိကန်၏မိတ်ဖက်နှင့်မဟာမိတ်များကို တိုက်ခိုက်မည်ဆိုလျှင် တုန့်ပြန်ဆောက်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Sergey Lavrovက ရုရှား-အမေရိကန် နှစ်ဖက်စလုံးတွင် “သဘောထားကွဲလွဲမှုကြီး”များ ရှိနေသော်လည်း အတူဂရုပြုကြသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားပြီး အပြုသဘောဆောင်သည့်ရလဒ်များရရှိနိုင်ဖို့ မျှော်လင့်ကြောင်း၊ အထူးသဖြင့် မဟာဗျူဟာတည်ငြိမ်ရေးကဏ္ဍတွင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားနှင့်အမေရိကန် မည်သည့်အရေးကိစ္စမဆို ဆွေးနွေးနိုင်သော်လည်း အပြန်အလှန်ပွင့်လင်းမှုနှင့်ယုံကြည်မှုရှိရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်ပိုင်းကာလများတွင် အမေရိကန်-ရုရှား ဆက်ဆံရေး ဆက်တိုက်တင်းမာလျက်ရှိသည်။ ဘိုင်ဒန်အစိုးရအာဏာရပြီးနောက် နှစ်ဖက်အကြား စစ်လက်နက်ထိန်းချုပ်ရေးကဏ္ဍတွင် အကန့်အသတ်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း ယူကရိန်းအရေးကိစ္စ၊ ဆိုက်ဘာလုံခြုံရေး၊ လူအခွင့်အရေး၊ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်ခြင်း စသည့်တို့တွင် ကွဲလွဲမှုများပေါ်လာခဲ့ရာ ထိပ်တိုက်ရင်ဆိုင်မှုများ ပို၍ ဆိုးဝါးလာခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version)
(国际)美俄外长在首次会晤中承认两国存在巨大分歧
2021-05-20 09:53:36
新华社赫尔辛基5月19日电(记者陈静)雷克雅未克消息:正在冰岛出席第12届北极理事会部长级会议的美国国务卿布林肯和俄罗斯外长拉夫罗夫19日晚举行单独会晤,双方表达了合作意愿,但同时也承认两国存在巨大分歧。
这是美国拜登政府上台以来两国外长首次面对面会晤。据冰岛媒体报道,双方就伊朗核问题、阿富汗问题等国际热点问题交换了看法。
布林肯说,拜登政府希望与俄罗斯建立“可预测的、稳定的”关系,双方可以在有共同利益的领域开展合作,包括应对新冠疫情、阿富汗问题、伊朗核问题等。但他同时表示,美俄之间“存在分歧不是秘密”,如果俄罗斯对美国的伙伴和盟友采取进攻性行动,美国将做出回应。
拉夫罗夫表示,俄美双方存在“严重分歧”,但希望与美国在共同关心的领域进行合作并能取得积极成果,尤其是在战略稳定问题上。他认为,俄美可以商讨任何话题,但一定要坦诚互信。
近年来,美俄关系持续紧张。拜登政府上台以来,双方在军控领域实现有限合作,但在乌克兰、网络安全、人权、干预选举等问题上分歧明显,对抗加剧。(完)
图说:5月19日,美国国务卿布林肯(左)和俄罗斯外长拉夫罗夫在冰岛雷克雅未克举行会晤。新华社发(冰岛外交部供图)