Connect with us

North America

အမေရိကန် လွှတ်တော်အမတ် ၁၄၀ ကျော်က အမေရိကန်သို့ တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ကင်းလွတ်ခွင့် နယ်ပယ် တိုးချဲ့ပေးရန် တောင်းဆို

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီနှစ်ခုမှ လွှတ်တော်အမတ် ၁၄၀ ကျော်က ကပ်ရောဂါကြောင့် ဖြစ်ပေါ်သည့် ထောက်ပို့ရေးကွင်းဆက်ပြတ်တောက်မှုမှ ပြန်လည်ကောင်းမွန်လာအောင် အမေရိကန်လုပ်ငန်းများကိုကူညီပေးရန် နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန်ကင်းလွတ်ခွင့် နယ်ပယ် တိုးချဲ့ပေးခြင်း ပူးတွဲစာစောင်ကို ဇန်နဝါရီ ၂၀ ရက်က အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး (USTR) ထံ ပေးပို့ခဲ့သည်။ပုဒ်မ ၃၀၁ အရ အမေရိကန်သို့ တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်ကောက်ခံမှုသည် အမေရိကန်၏ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ လက်လီလုပ်ငန်း၊ စွမ်းအင်၊ နည်းပညာနှင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်း ကုမ္ပဏီများအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်ခဲ့ရာ အထူးသဖြင့် အကောက်ခွန် စရိတ်များ ပေးဆောင်ရန် အားနည်းသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် ကြီးမားသော ရိုက်ခတ်မှု ဖြစ်စေခဲ့ကြောင်း၊ ထို့ပြင် ပုဒ်မ ၃၀၁ သည် အမေရိကန်သို့ တင်သွင်းသော တရုတ်ကုန်ပစ္စည်းများ၏ စျေးနှုန်းကို မြှင့်တက်စေကာ အမေရိကန် စားသုံးသူများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေကြောင်း အမေရိကန်လွှတ်တော်အမတ်များက ပူးတွဲစာစောင်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျိလ်စ် ဆိပ်ကမ်းမြင်ကွင်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai က အကောက်ခွန်ကင်းလွတ်ခွင့်ကို ပစ်မှတ်ထားသည့် လုပ်ငန်းစဉ်ကို စတင်မည်ဖြစ်ရာ အမေရိကန်ကုမ္ပဏီများက အမေရိကန်သို့ တင်သွင်းသော အချို့တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်ထပ်တိုးကောက်ခံမှု ကင်းလွတ်ခွင့်ကို တောင်းဆိုနိုင်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် ပြောကြားခဲ့သည်။ ဤလုပ်ငန်းစဉ်သည် အစားထိုးကုန်ပစ္စည်းများ ရှာဖွေရန်ခက်ခဲသည့် အမေရိကန်ကုမ္ပဏီလုပ်ငန်းများ လည်ပတ်နိုင်ရန် အကူအညီပေးမည့် “အရေးကြီးသော ပထမခြေလှမ်း”ဖြစ်ကြောင်း ပူးတွဲစာစောင်တွင် ဖော်ပြထားသည်။သို့သော် လက်ရှိအချိန်ထိ အဆိုပါလုပ်ငန်းစဉ်မှ လူအများတောင်းခံထားသည့် အမေရိကန်သို့ တင်သွင်းသောတရုတ်ကုန်ပစ္စည်း အမျိုးအစားများ ပြန်လည်စီစစ်မှုသည် ကင်းလွတ်ခွင့်လျှောက်ထားမှု၏ ၁ ရာခိုင်နှုန်းသာ ပါဝင်ပြီး နယ်ပယ်မှာ အလွန်နည်းကြောင်း ဖော်ပြထားသည်။

အထက်ပါ ကင်းလွတ်ခွင့်လုပ်ငန်းစဉ်ကို ပုဒ်မ ၃၀၁တွင် အကျုံးဝင်သော အမေရိကန်သို့ တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းအားလုံးအထိ တိုးချဲ့ပေးရန်နှင့် အကောက်ခွန်ကင်းလွတ်ခွင့်၏အကျုံးဝင်မှုကို ယင်းကင်းလွတ်ခွင့်မထုတ်ပြန်ခင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်မတိုင်မီကာလအထိ တိုးမြှင့်ပေးရန် လွှတ်တော်အမတ်များက USTR ကို တောင်းဆိုထားသည်။

ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အမေရိကန်၏ စီးပွားရေးသည် အခက်အခဲများစွာ ရင်ဆိုင်ရကြောင်း၊ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုအန္တရာယ်သည် ပိုမိုပြင်းထန်လာပြီး အမေရိကန်တွင် လုပ်သားအင်အားရှားပါးလာသည်နှင့်အမျှ အမေရိကန်ကုမ္ပဏီများသည် ထုတ်လုပ်မှုနှင့် လုပ်သားစရိတ်များ ပိုမိုမြင့်မားလာကာ ကုမ္ပဏီများ တိုးချဲ့လည်ပတ်ခြင်းတို့ကို အဟန့်အတားဖြစ်စေသည်။ ဤအခြေအနေအောက်တွင် အမေရိကန် စီးပွားရေးအသိုက်အဝန်းက အမေရိကန်ကုမ္ပဏီများကို အင်အားသစ်ရရှိစေရန်အတွက် တရုတ်နိုင်ငံအပေါ် အခွန်ထပ်တိုးကောက်ခံမှုကို လျှော့ချရန် အစိုးရအား တောင်းဆိုရခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် လုပ်ငန်းအသင်းပေါင်း ၁၆၀ကျော်အား ကိုယ်စားပြုသော အမေရိကန်လူမျိုးများက လွတ်လပ်သောကုန်သွယ်ရေးအဖွဲ့၏ထုတ်ပြန်ချက်အား ထောက်ခံခဲ့သည်။ အမေရိကန်လွှတ်တော်က ဥပဒေပြုပြီး USTRကို အထက်ဖော်ပြပါ အခွန်ကင်းလွတ်ခွင့်လုပ်ငန်းစဉ်များအား တရုတ်တင်သွင်းကုန်အားလုံးတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန်နှင့် ယင်းလုပ်ငန်းစဉ်မစတင်မီ ပြီးခဲ့သည့်ကာလများအတွက်လည်း အခွန်ကင်းလွတ်ခွင့်ပြန်လည်ပေးရန် တိုက်တွန်းခဲ့ကြသည်။ အဆိုပါအဖွဲ့သည် ပြီးခဲ့သည် နိုဝင်ဘာ ၁၅ ရက်ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အမေရိကန်ကုမ္ပဏီလုပ်ငန်းများအတွက် မလိုအပ်သည့်ကုန်ကျစရိတ်များ ထပ်မတိုးစေရအောင် တရုတ်သွင်းကုန်ပစ္စည်းများ အခွန်တိုးကောက်ခြင်းကို ဖျက်သိမ်းပေးဖို့ အမေရိကန်အစိုးရကို တိုက်တွန်းခဲ့သည်။

၂၀၂၁ ခုနှစ် ဩဂုတ် ၅ ရက်တွင် အမေရိကန်၌ သြဇာရှိသော စီးပွားရေးအုပ်စု ၃၀ ခန့်သည် တရုတ်ကုန်ပစ္စည်းများအပေါ်အကောက်ခွန်လျှော့ချရေး လုပ်ငန်းစဉ်ကို စတင်ရန် ဘိုင်ဒန် အစိုးရအား တောင်းဆိုခဲ့သည်။ (Xinhua)

………………………………………………
(Chinese Version)

(经济)140余名美国国会议员呼吁扩大对华输美商品加征关税豁免范围

2022-01-21 18:18:05 分类: 宏观经济
新华社华盛顿1月20日电(记者许缘 高攀)美国国会众议院民主、共和两党140余名议员20日向美国贸易代表办公室致联名信,呼吁扩大对中国输美商品的加征关税豁免范围,以帮助美国企业从新冠疫情导致的供应链中断等风险中复苏。

美国国会众议员在联名信中说,依据“301条款”对中国输美商品加征的关税对美国制造业、农业、渔业、零售业、能源、技术和服务业企业造成了广泛影响,对消化关税成本能力较弱的中小企业的打击尤为严重。同时,“301条款”提高了一系列中国输美消费品价格,损害了美国家庭和消费者利益。

美国贸易代表戴琪在2021年10月曾表示,将启动针对性的关税豁免程序,允许美国企业申请豁免某些中国输美商品的加征关税。联名信认为这是“重要的第一步”,有助于难以找到替代商品的部分美国行业及其从业者维持运营。但截至目前,该程序重新审议并征求公众意见的中国输美商品类别,仅占提出豁免申请的1%,范围“过于狭窄”。
众议员在信中呼吁美国贸易代表办公室将上述关税豁免程序扩大至“301条款”涵盖的所有中国输美商品,并将关税豁免追溯效力延长至2021年10月12日之前。

疫情暴发以来,美国经济深受其困。疫情导致的全球供应链中断险情加剧,加之美国劳动力供应短缺,美国企业面临越来越高的生产和人力成本,阻碍企业扩大生产经营。在这一背景下,美国商界要求政府削减对华加征关税的呼声再起,以助美国企业重获活力。

2021年12月16日,代表160多家行业协会的美国人支持自由贸易组织发表声明,呼吁美国国会通过立法要求美国贸易代表办公室将上述关税豁免程序广泛应用于所有中国输美商品,并对已过期的关税豁免提供追溯效力。该联盟去年11月15日也在一份声明中呼吁美国政府取消对中国输美商品加征的关税,以避免给美国企业增加不必要的成本。

2021年8月5日,美国大约30个有影响力的商业团体呼吁拜登政府开启削减对中国商品整体关税程序,为部分企业给予加征关税豁免。(完)

图说1-这是2021年10月22日拍摄的在美国加利福尼亚州洛杉矶附近海域等待卸货的集装箱货轮。(新华社发)
图说2-这是2021年10月29日拍摄的美国加利福尼亚州洛杉矶港景象。(新华社发)