Connect with us

North America

အမေရိကန် NASA အုပ်ချုပ်ရေးမှူး က တရုတ်နိုင်ငံ Zhurong အင်္ဂါဂြိုဟ်သွား ယာဥ်ပေါ်မှ ရုပ်ပုံများရိုက်ကူးပေးပို့ခဲ့သည့် အပေါ် ဂုဏ်ပြုကြောင်း ပြောကြား

တရုတ်နိုင်ငံ ပထမအကြိမ် အင်္ဂါဂြိုလ် စူးစမ်းလေ့လားရေး စီမံကိန်း အင်ဂျင်နီယာချုပ် ကျန်းယုံချောင် က မေလ ၁၅ ရက်၌ အင်္ဂါဂြိုဟ်ပေါ် မောင်းနှင်ယာဉ်ပတ်သက်၍ရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ NASA အုပ်ချုပ်ရေးမှူး Bill Nelson က တရုတ်နိုင်ငံ Zhurong အင်္ဂါဂြိုဟ်သွားယာဉ် မှ နေ၍ ရုပ်ပုံများ ပြန်လည်ပေးပို့နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုကြောင်း မေ ၁၉ ရက်၌ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန (CNSA) က မေလ ၁၉ ရက်၌ တရုတ်နိုင်ငံ၏ ထျန်းဝန်-၁ အာကာသယာဥ်သည် အင်္ဂါဂြိုဟ် ပေါ်သို့ ပထမဆုံးဆင်းသက်နေစဉ်နှင့် ဆင်းသက်ပြီးနောက် Zhurong အင်္ဂါဂြိုဟ်ပေါ် မောင်းနှင်ယာဉ်ကရိုက်ကူးထားသော ရုပ်ပုံများအား ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံ NASA အုပ်ချုပ်ရေးမှူး Bill Nelson က NASA သတင်းဝဘ်ဆိုက်၌ ကြေညာချက်ထုတ်ပြန်ခဲ့ရာ တွင် တရုတ်နိုင်ငံ CNSA အနေဖြင့် Zhurong အင်္ဂါဂြိုလ်သွားယာဉ်မှ ပထမဦးဆုံးရိုက်ကူးပေးပို့သည့် ရုပ်ပုံဗီဒီယိုများအား လက်ခံရရှိခဲ့ခြင်းအတွက် ဂုဏ်ပြုလိုကြောင်း ရေးသားဖော်ပြခဲ့သည်။

Bill Nelson က နိုင်ငံတကာ သိပ္ပံနည်းပညာကဏ္ဍ မှ အင်္ဂါဂြိုဟ်ပေါ်သို့ စေလွှတ်ခဲ့သည့် စက်ရုပ်များ နှင့် စူးစမ်းလေ့လာရေးယာဉ်များ အဆက်မပြတ် တိုးပွားလာသည်နှင့်အမျှ အမေရိကန် နှင့် ကမ္ဘာပေါ်ရှိ လူသားအားလုံးအနေဖြင့် Zhurong အင်္ဂါဂြိုဟ်သွားယာဉ် ၏ တွေ့ရှိမှုအသစ်များကို မျှော်လင့်နေကြပြီး လူသားအားလုံးက အင်္ဂါဂြိုဟ် နှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်နိုင်ရန်လည်း မျှော်လင့်နေကြကြောင်း ၊ အနာဂတ်တွင် နိုင်ငံတကာ မှ တွေ့ရှိမှုအသစ်များသည် လူသားတို့ အင်္ဂါဂြိုဟ်ပေါ်သို့ သွားရောက်နိုင်ရန် လိုအပ်ချက်များနှင့် ပတ်သက်၍ သိရှိလာနိုင်ရန်ကိုလည်း မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် “ထျန်းဝန်-၁” က Zhurong အင်္ဂါဂြိုဟ်သွားယာဉ် ကို သယ်ဆောင်၍ မေလ ၁၅ ရက်၌ အင်္ဂါဂြိုဟ်၏ Utopia မြေပြန့်တောင်ပိုင်းတွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း ၊ ယင်းမှာ တရုတ်နိုင်ငံ မှ အင်္ဂါဂြိုဟ်ပေါ်သို့ ပထမဦးဆုံး ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ပြီး တရုတ် နိုင်ငံ အာကာသ စူးစမ်းလေ့လာရေး ခရီးစဉ် အတွက် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

———————————–
(Chinese Version)
(科技)美航天局局长祝贺祝融号火星车传回影像
2021-05-20 11:08:47 分类: 科学技术
新华社华盛顿5月19日电美国航天局局长比尔•纳尔逊19日发表声明,祝贺中国祝融号火星车传回影像。
中国国家航天局19日发布首次火星探测任务天问一号探测器着陆过程两器分离和着陆后祝融号火星车拍摄的影像。纳尔逊在美航天局官网发表的这份声明中说:“祝贺中国国家航天局接收到来自祝融号火星车的首批影像!”
纳尔逊说,随着国际科学界发射到火星上的机器人探测器不断增加,美国和世界上其他国家都期待祝融号的新发现能推进人类对这颗红色星球的认识。
他还表示期待未来的国际发现,能够帮助了解并开发出人类踏上火星所需的能力。
天问一号携祝融号火星车15日成功在火星乌托邦平原南部着陆,在火星上首次留下中国印迹,迈出了中国星际探测征程的重要一步。(完)

5月15日,中国首次火星探测任务工程总设计师张荣桥介绍火星车情况。新华社记者 饶爱民 摄