Connect with us

China

အလိုအလျောက်ပျံသန်းနိုင်သည့် လူတင်လေယာဉ် ကျူးဟိုင်တွင် ပြသ

တရုတ်နိုင်ငံ ကျူးဟိုင်တွင် ပြသထားသော အလိုအလျောက်မောင်းနှင်နိုင်သော လူတင်လေယာဉ်၏အတွင်းပိုင်းအား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကျူးဟိုင်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

မြို့ချင်း လေကြောင်းပြေးဆွဲရန် သီးသန့် ဒီဇိုင်းရေးဆွဲထားသော အလိုအလျောက်မောင်းနှင်နိုင်သည့် လူတင်လေယာဉ် ”Yihang intelligent VT-30”ကို စက်တင်ဘာ ၂၇ ရက်က ကျူးဟိုင်တွင် ပြသခဲ့သည်။

တရုတ်နိုင်ငံ ကျူးဟိုင်တွင် ပြသထားသော အလိုအလျောက်မောင်းနှင်နိုင်သော လူတင် လေယာဉ်အား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ကျူးဟိုင်တွင် ပြသထားသော အလိုအလျောက်မောင်းနှင်နိုင်သော လူတင် လေယာဉ်အား စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါလေယာဉ်သည် ပေါင်းစပ်လေယာဉ်တောင်ပံဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ရာ ဘေးနှစ်ဖက်တွင် ပန်ကာ ၈ လုံး နှင့် ပုံသေတပ်ဆင်ထားသည့် လေယာဉ်တောင်ပံ တစ်စုံ ပါရှိပြီး လေယာဉ်အမြီးပိုင်းတွင် တွန်းအားပေးကိရိယာ လေယာဉ်ပန်ကာ တပ်ဆင်ထားရာ ခရီးသည် ၂ ဦး တင်ဆောင် ပျံသန်းမောင်းနှင်နိုင်ကြောင်း သိရသည်။

ယင်းလေယာဉ်ကို ပျံသန်းမှုအကွာအဝေး ၃၀၀ ကီလိုမီတာ၊ ဆက်တိုက်ပျံသန်းကြာချိန် ၁၀၀ မိနစ်ဖြင့် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
(经济)载人自动驾驶飞行器亮相珠海
2021-09-27 19:46:58
新华社照片,珠海(广东),2021年9月27日
载人自动驾驶飞行器亮相珠海
当日,一款专为城际空中交通设计的载人自动驾驶飞行器“亿航智能VT-30”亮相珠海。该机型采用复合翼结构,两侧分布有8个螺旋桨和一对固定机翼,尾部设有推进螺旋桨,可容纳两名乘客。据介绍,该飞行器设计航程可达300公里,设计续航可达100分钟。
图说1:9月27日在珠海拍摄的长航距载人自动驾驶飞行器座舱。新华社记者 刘大伟 摄
图说2,3: 9月27日在珠海拍摄的长航距载人自动驾驶飞行器。 新华社记者 刘大伟 摄