Connect with us

China

အာကာသယာဉ် ခြေရာခံ တိုင်းတာရေးသင်္ဘော Yuanwang-3 ယခုနှစ် နောက်ဆုံးခရီးစဉ်စတင်

အာကာသယာဉ် ခြေရာခံ စမ်းသပ်တိုင်းတာရေး သင်္ဘော Yuanwang-3 အား တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)

အာကာသယာဉ်ခြေရာခံစမ်းသပ်တိုင်းတာရေး သင်္ဘော Yuanwang-3 သည် ရက် ၂၀ သာကြာသော တိုးတောင်းသည့် နားနေပြင်ဆင်မှုအပြီး နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက တာဝန်ကျရာ ပင်လယ်ပြင်တွင် စမ်းသပ်ထိန်းချုပ်မှုတာဝန်များကို ထမ်းဆောင်ရန်အတွက် ခရီးဝေးသို့ နောက်ထပ်တစ်ကြိမ် ခရီးနှင်ခဲ့သည်။ ၎င်းမှာ ၂၀၂၁ ခုနှစ်ပတ်လည် အပိတ်ခရီးစဉ်လည်း ဖြစ်ကြောင်း သိရသည်။

အာကာသယာဉ် ခြေရာခံ စမ်းသပ်တိုင်းတာရေး သင်္ဘော Yuanwang-3 အား တွေ့ရစဉ် (ဆင်ဟွာ)

အာကာသယာဉ် ခြေရာခံ စမ်းသပ်တိုင်းတာရေး သင်္ဘော Yuanwang-3 အား တွေ့ရစဉ် (ဆင်ဟွာ)

အာကာသယာဉ် ခြေရာခံ စမ်းသပ်တိုင်းတာရေး သင်္ဘော Yuanwang-3 အား တွေ့ရစဉ် (ဆင်ဟွာ)

အာကာသယာဉ် ခြေရာခံ စမ်းသပ်တိုင်းတာရေး သင်္ဘော Yuanwang-3 အား တွေ့ရစဉ် (ဆင်ဟွာ)

ယခုနှစ်ဆန်းမှစ၍ Yuanwang-3 သည် ရေပြင်တွင် ရက်ပေါင်း ၁၂၀ ကြာ ခရီးနှင်ပြီးဖြစ်ရာ Shenzhou-13 လူလိုက်ပါသောအာကာသယာဉ် အပါအဝင် ပင်လယ်ရေပြင်မှ အာကာသယာဉ် တိုင်းတာထိန်းချုပ်ရေးတာဝန် ၄ ကြိမ် အပြည့်အဝ ထမ်းဆောင်ပြီးဖြစ်သလို ရေမိုင်၂၅,၀၀၀ ကျော်ကို လုံခြုံဘေးကင်းစွာ ခရီးနှင်ခဲ့သည်။

ဤခရီးစဉ်သည် Yuanwang-3 သင်္ဘော၏ယခုနှစ်အတွင်း ၅ ကြိမ်မြောက် ပင်လယ်သမုဒ္ဒရာသို့ ခရီးဝေးနှင် တာဝန်ထမ်းဆောင်ခြင်း ဖြစ်ပြီး အချိန်ကြာမြင့်စွာ မောင်းနှင်ရခြင်း၊ မစ်ရှင်ဧရိယာ ကျယ်ပြန့်ခြင်း၊ ထမ်းဆောင်ရမည့်တာဝန် များပြားခြင်း၊ အပြောင်းအလဲမြန်ဆန်ခြင်းနှင့် ရေပြင်ရာသီဥတုအပြောင်းအလဲများခြင်း စသည့် အန္တရာယ်ရှိသော စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

“ဒီလိုအခြေအနေမျိုးတွေအပေါ်မှာ ကျွန်တော်တို့က အဓိကအခက်အခဲနဲ့ အန္တရာယ်ဖြစ်နိုင်ခြေအလားအလာတွေကို ခွဲခြမ်းစိတ်ဖြာလေ့လာထားပြီး စမ်းသပ်ကိရိယာတွေရဲ့ စွမ်းရည်ကို ဘက်စုံ စမ်းသပ်ကာ ပြန်လည်စိစစ်မှုတွေ လုပ်ထားပါတယ်။ စမ်းသပ်ကိရိယာလုံခြုံစိတ်ချရမှုနဲ့ တာဝန်ထမ်းဆောင်မယ့်သူရဲ့စွမ်းရည်ကို အဆက်မပြတ် မြှင့်တင်ထားပါတယ်။ မစ်ရှင်အောင်မြင်ဖို့ ထောင့်စုံ ကောင်းမွန်အောင် အသင့်ပြင်ထားပါတယ်” ဟု Yuanwang-3 ကပ္ပတိန် စီခိုင်က ဆိုသည်။

Yuanwang-3 သည် တရုတ်နိုင်ငံက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်ထားသည့် ဒုတိယမျိုးဆက် ဘက်စုံ ပင်လယ်သမုဒ္ဒရာ ခရီးဝေးနှင့် အာကာသယာဉ် ခြေရာခံ စမ်းသပ်တိုင်းတာရေး သင်္ဘောဖြစ်ပြီး အဓိကအားဖြင့် ဂြိုဟ်ပတ်လမ်းရှိ ဂြိုဟ်တုနှင့် အာကာသယာဉ်၊ အာကာသစခန်း စသည်တို့ကို ဦးတည်သော ရေကြောင်း တိုင်းတာခြင်းနှင့်ထိန်းချုပ်ခြင်း ဆက်သွယ်ရေးတာဝန်များကို တာဝန်ယူဆောင်ရွက်နေသည့် ရေယာဉ်ဖြစ်ကြောင်း သိရသည်။ စတင်အသုံးပြုသည့် နှစ်ပေါင်း ၂၀ ကျော်ကာလတွင် ပင်လယ်သမုဒ္ဒရာရပ်ဝေး အကြိမ်ရေ ၅၀ ကျော် မောင်းနှင်ခဲ့ပြီး Shenzhou ၊ Chang’e၊ Beidou စသည့် ရေးကြောင်းတိုင်းတာထိန်းချုပ်ရေးမစ်ရှင် ၉၀ ကျော်ကို အပြည့်အဝထမ်းဆောင်ခဲ့ရာ တိုင်းတာထိန်းချုပ်ရေးဆိုင်ရာ အောင်မြင်မှု ရာနှုန်းပြည့်ရှိကြောင်း သိရသည်။ (Xinhua)

———————————
(Chinese Version)
远望3号船起航开启年度收官之旅
2021/11/11 16:30:35 来源:新华社解放军分社
新华社南京11月11日电(亓创、王雪岩)在短暂休整补给20天后,远望3号船11日上午再度扬帆远航,奔赴任务海域执行海上测控任务,开启了2021年度的收官之旅。
年初以来,远望3号船已累计出航近120天,圆满完成了以神舟十三号载人飞行任务为代表的4次海上测控任务,安全航行25000余海里。
这是远望3号船今年内第5次远赴大洋执行任务,将面临航行时间长、任务海域跨度大、任务密度高、节奏转换快和海区气象多变等风险挑战。
“针对这些情况,我们开展了任务重难点及风险隐患分析、参试设备性能全面测试复核,不断提升参试设备可靠性和参试人员能力水平,为任务成功做好万全准备。”远望3号船船长史开说。
据了解,远望3号船是我国自主设计和建造的第二代综合性远洋航天测量船,主要担负对高中低轨卫星和飞船及空间站等目标的海上测控通信任务,入列二十多年来50余次出海远航,圆满完成以神舟、嫦娥、北斗为代表的90余次海上测控任务,测控成功率达百分之百。