Connect with us

China

“အာကာသအင်အားကြီးနိုင်ငံအနာဂတ်ဆီသို့”— 《၂၀၂၁ ခုနှစ် တရုတ်နိုင်ငံ၏အာကာသ》 စက္ကူဖြူစာတမ်းအား တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးမှ ထုတ်ပြန်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC) တွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက တရုတ်နိုင်ငံ၏ ပဥ္စမအကြိမ်မြောက် အာကာသကဏ္ဍဆိုင်ရာ စက္ကူဖြူစာတမ်းကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ယင်းစက္ကူဖြူစာတမ်းတွင် ၂၀၁၆ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏အာကာသလှုပ်ရှားမှု အဓိက တိုးတက်လာသော ကဏ္ဍများ၊ အနာဂတ် ၅ နှစ်တာကာလ အဓိက လုပ်ငန်းဆောင်တာများ မိတ်ဆက်ဖော်ပြထားခြင်းဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းမှ တရုတ်အာကာသလုပ်ငန်းစဉ်အပေါ် သိရှိနားလည်မှု တစ်ဆင့်ပို၍ တိုးမြင့်စေကြောင်း သိရသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC) တွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်းအာကာသယာဉ်ထိန်းချုပ်ရေးစင်တာ (BACC) တွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂ ရက်က သိပ္ပံပညာရှင်များအား တွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၆ ခုနှစ်မှပဥ္စမအကြိမ်မြောက် တရုတ်နိုင်ငံ၏အာကာသ စက္ကူဖြူစာတမ်းတွင် နိဒါန်း၊ စာကိုယ်နှင့် နိဂုံး ဟူ၍အပိုင်းခွဲထားပြီး စာတမ်းတစ်ခုလုံး၏ စာလုံးရေ ၁၂,၅၀၀ ခန့် ရှိကြောင်း သိရသည်။ အာကာသ အင်အားကြီးနိုင်ငံ တည်ဆောက်ရေးကို အဓိကထား၍ တရုတ်နိုင်ငံ အာကာသအင်အားကြီးနိုင်ငံ ခရီးစဉ်သစ် ဘက်စုံတည်ဆောက်ရေး ရည်မှန်းချက်အခြေခံမူ၊ မူဝါဒနည်းလမ်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွေးလမ်းစဉ်စသည်တို့ကို စနစ်တကျ မိတ်ဆက်ဖော်ပြထားသည်။

စပြီး တရုတ်နိုင်ငံ၏ အာကာသကဏ္ဍသည် ဖန်တီးဆန်းသစ် ဖွံ့ဖြိုးတိုးတက်လာသည့် “အမြန်လမ်း” သို့ ဝင်ရောက်ခဲ့ပြီး အာကာသ အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ တည်ငြိမ်စွာ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ Beidou ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းညွှန် (BDS) စနစ် တည်ဆောက်ပြီးစီးခြင်း၊ ကြည်လင်ပြတ်သားသော ကမ္ဘာမြေစောင့်ကြည့်ရေးစနစ် အခြေခံအားဖြင့် တည်ဆောက်ပြီးစီးခြင်း၊ ဂြိုဟ်တုဆက်သွယ်ရေး ရုပ်သံလွှင့်ဝန်ဆောင်မှု စွမ်းရည် တည်ငြိမ်စွာ အားကောင်းလာခြင်း၊ လကမ္ဘာစူးစမ်းလေ့လာရေး လုပ်ငန်း “ခြေလှမ်းသုံးရပ်” အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ခြင်း၊ တရုတ်အာကာသစခန်း တည်ဆောက်မှု ဘက်စုံ စတင်လျက်ရှိခြင်း၊ “Tianwen-1”က ကမ္ဘာနှင့်လအဖွဲ့အစည်းမှ ဂြိုဟ်ချင်း လေ့လာစူးစမ်းရေးသို့ ကျော်လွှားလျှောက်လှမ်းနိုင်ခြင်းတို့သည် ကမ္ဘာသိ လင်းလက်သည့် အောင်မြင်မှုများကို ရရှိခဲ့သည်။

အနာဂတ် ၅ နှစ်တာကာလတွင် တရုတ်နိုင်ငံ၏ အာကာသကဏ္ဍသည် ကဏ္ဍသစ်၌ အခြေတည်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်သစ်ဖြင့် အခင်းအကျင်းအသစ်များကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး တောင်းဆိုချက်များအတိုင်း အာကာသ သိပ္ပံ၊ အာကာသ နည်းပညာ၊ အသုံးချ အာကာသ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်ရင်း အာကာသ အင်အားကြီးနိုင်ငံ ခရီးစဉ်သစ် ဘက်စုံတည်ဆောက်မှုများ စတင်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အာကာသကဏ္ဍ လူသားမျိုးနွယ်တို့၏ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုအား တွန်းအားပေးရေးနှင့် လူသားမျိုးနွယ် ယဉ်ကျေးမှုထပ်ဆင့်ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ရေးတိုတွင် အကျိုးဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………
(Chinese Version)
权威快报|航天强国向未来!国务院新闻办发布《2021中国的航天》白皮书
2022-01-28 10:00:28
1月28日上午,国务院新闻办公室发布我国第五部航天白皮书——《2021中国的航天》,介绍2016年以来中国航天活动主要进展、未来五年主要任务,进一步增进国际社会对中国航天事业的了解。
第五部中国航天白皮书在结构上分为前言、正文和结束语,全文约12500字,以建设航天强国为主线,系统介绍了中国在全面建设航天强国新征程上的宗旨原则、政策措施、国际合作思路等。
2016年以来,中国航天进入创新发展“快车道”,空间基础设施建设稳步推进,北斗全球卫星导航系统建成开通,高分辨率对地观测系统基本建成,卫星通信广播服务能力稳步增强,探月工程“三步走”圆满收官,中国空间站建设全面开启,“天问一号”实现从地月系到行星际探测的跨越,取得了举世瞩目的辉煌成就。
未来五年,中国航天将立足新发展阶段,贯彻新发展理念,构建新发展格局,按照高质量发展要求,推动空间科学、空间技术、空间应用全面发展,开启全面建设航天强国新征程,为服务国家发展大局、在外空领域推动构建人类命运共同体、促进人类文明进步作出更大贡献。

监制:邬焕庆
记者:胡喆、张泉、宋晨
编辑:刘媛媛
设计:杨轶群
新华社国内部出品