Connect with us

Africa & Middle East

အာဖဂန်တာလီဘန်တို့နှင့် ထိတွေ့ဆက်ဆံရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိဟု ဥရောပသမဂ္ဂ အဆင့်မြင့်အရာရှိ ပြောကြား

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

အာဖဂန်အရေးတွင် ဥရောပသမဂ္ဂက သက်ရောက်မှုရှိလိုပါက အာဖဂန်တာလီဘန်တို့နှင့်ထိတွေ့ဆက်ဆံမှုမှလွဲ၍ အခြားရွေးချယ်စရာမရှိဟု ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့်လုံခြုံရေးမူဝါဒအဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက စက်တင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဥရောပပါလီမန် မျက်နှာစုံညီအစည်းအဝေးကို ယင်းနေ့က ပြင်သစ်နိုင်ငံ စတာရက်စ်ဘာ့်ဂ်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် Borrellက ဥရောပသမဂ္ဂနှင့်အာဖန်တာလီဘန်တို့၏ ထိတွေ့ဆက်ဆံမှုသည် တာလီဘန်တို့၏နိုင်ငံရေးအာဏာကို အသိမှတ်ပြုခြင်းမဟုတ်ကြောင်း၊ အကယ်၍ ဥရောပသမဂ္ဂအနေဖြင့် အာဖဂန်လူမျိုးများကို တတ်နိုင်သမျှ ဆက်လက်ကာကွယ်လိုလျှင် တာလီဘန်နှင့်ထိတွေ့ဆက်ဆံခြင်းသည် ဦးစားပေးရွယ်ချယ်မှုဖြစ်လိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

တာလီဘန်တို့ က အာဖဂန်၏နိုင်ငံရေးအာဏာကို ရယူမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူ အမြောက်အမြား ရှိလာနိုင်ကြောင်း၊ လက်ရှိအနေအထားအရ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ဥရောပ ဒုက္ခသည်အကျပ်အတည်းကိုမမီသေးသော်လည်း ၎င်းမှာ အာဖဂန်အနာဂတ်အခြေအနေပေါ်တွင် မူတည်၍ အပြောင်းလဲဖြစ်နိုင်ကြောင်း Borrellက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများနှင့် အန္တရာယ်ရှိသည့် အာဖဂန်လူမျိုးမျာအပါအဝင် အာဖဂန်မှထွက်ခွာချင်သူများအားလုံးကို ကူညီဆောင်ရွက်လိုကြောင်း Borrellက ဆိုသည်။
သို့သော် ကနဦးကာလ အဓိကလုပ်ဆောင်ရမည်မှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်ဖြစ်ရာ အရေးတကြီး အကူအညီလိုအပ်နေသည့် အာဖဂန်လူမျိုးများကို ကာကွယ်ပေးရန် ကြိုးပမ်းမှုက အလွန်အရေးကြီးကြောင်း၊ လုံလောက်မှုမရှိသေးခြင်းကြောင့် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဩဂုတ် ၃၀ ရက်က အမေရိကန်သည် အာဖဂန်ရှိ တပ်များကို အပြီးရုပ်သိမ်းခဲ့သည်။ အချို့ဥရောပနိုင်ငံများအတွက် လုံခြုံရေးအာမခံမှုမရှိခြင်းကြောင့် မပြီးဆုံးသေးသည့်ပြန်လည်ရုပ်သိမ်းမှုလုပ်ငန်းများကို မဖြစ်မနေ ရပ်တန်ခဲ့ရာ လက်ရှိအချိန်အထိ အာဖဂန်၌ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားအချို့ကျန်ရှိနေသေးကြောင်း သိရသည်။
ဥရောပသမဂ္ဂနှင့် အာဖဂန်တာလီဘန်တို့ ထိတွေ့ဆက်ဆံရန် အချက်(၅)ချက်ထားရှိကြောင်း Borrellက စက်တင်ဘာလဆန်းတွင် ပြောကြားခဲ့သည်။ (Xinhua)

———————————————-
(Chinesee Version)

(国际)欧盟高官:除了与阿富汗塔利班接触外别无选择

新华社布鲁塞尔9月14日电(记者任珂)欧盟外交与安全政策高级代表博雷利14日说,如果欧盟希望对阿富汗局势施加影响,除了与阿富汗塔利班接触之外,没有别的选择。

欧洲议会当天在法国斯特拉斯堡召开全体会议。博雷利在议会辩论中说,欧盟与阿富汗塔利班接触并不意味着承认塔利班政权。如果欧盟希望继续保护尽可能多在阿富汗的人,与塔利班进行接触将是优先选项。

博雷利警告说,塔利班夺取阿富汗政权,很可能会导致许多人逃离家乡,虽然目前规模比不上2015年和2016年的欧洲难民危机,但这也要取决于阿富汗未来的形势。

博雷利还表示,欧盟希望帮助所有想要离开阿富汗的人,包括欧盟成员国公民和处于危险中的阿富汗人。但初期的重点是疏散。欧盟为急需帮助的阿富汗人提供保护的努力很重要,但还不够,必须继续下去。
美国8月30日完成从阿富汗撤军行动。一些欧洲国家由于得不到安全保障,不得不停止尚未完成的撤离工作,截至目前,仍有一些欧盟成员国公民滞留在阿富汗。博雷利9月初曾表示,欧盟就与阿富汗塔利班进行接触设置了五项条件。(完)
图说1:9月3日,巴基斯坦士兵在巴基斯坦与阿富汗的边境口岸多尔哈姆警戒。 新华社发(艾哈迈德•卡迈勒摄)