Connect with us

Asia

အာဖဂန်တွင် နှစ်ပေါင်း(၂၀)ကြာ အမေရိကန်၏ ကြိုးပမ်းမှု ဝမ်းနည်းကြေကွဲမှုများဖြင့်သာ အဆုံးသတ်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား

ပေကျင်း၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်၌ တပ်စွဲခဲ့သည့် နှစ်ပေါင်း(၂၀)ကြာကာလတွင် အမေရိကန်သည် ၎င်း၏ပုံစံ စံညွှန်းများဖြင့် ဆောင်ရွက်ဖို့ အစဉ်တစိုက် ကြိုးပမ်းခဲ့သော်လည်း နောက်ဆုံး ရလဒ်က ဝမ်းနည်းကြေကွဲဖွယ်ရာများသာ ဖြစ်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင်က စက်တင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ပူတင်က ယင်းနေ့တွင် ဗလာဒီဗော့စ်တော့ခ်၌ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံစဉ် အာဖဂန်အရေးကို အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း Sputnik သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အမေရိကန်စစ်တပ်အနေဖြင့် အာဖဂန်တွင် နိုင်ငံရေးမူဘောင်ကို ပြောင်းလဲခြင်းအပါအဝင် အမေရိကန်သတ်မှတ်ချက်၊စံချိန်စံညွှန်းများဖြင့် လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ကြောင်း ၊ သို့သော်လည်း “နောက်ဆုံးတွင် ဝမ်းနည်းကြေကွဲဖွယ်၊ဆုံးရှုံးနစ်နာမှုတွေသာ ရှိခဲ့တယ်။ အမေရိကန်အတွက် ဆုံးရှုံးနစ်နာခဲ့သလို၊ အာဖဂန်လူမျိုးတွေအတွက်ကော ဒီတိုင်းပါပဲ”ဟု ပူတင်က ပြောကြားခဲ့သည်။

အာဖဂန်ကို ပြင်ပနည်းလမ်းနှင့်အတင်းပုံသွင်း၍မရကြောင်း၊ “အကယ်၍ လူတစ်ယောက်က အခြားသူကို လုပ်ဆောင်ပေးမယ်ဆိုရင် အဲဒီ တစ်ဖက်လူရဲ့ သမိုင်း၊ ယဉ်ကျေးမှုနှင့်ဘဝဒဿနတွေကို အပြည့်အဝစဉ်းစားသင့်တယ်၊ သူရဲ့ဓလေ့ထုံးစံအစဉ်အလာကို လေးစားသင့်တယ်”ဟု ပူတင်က ဆိုသည်။

ရုရှားက သမိုင်းသင်ခန်းစာရပြီးဖြစ်ကြောင်း၊ အာဖဂန်ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ပူတင်က ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။

ဆိုဗီယက်သည် ၁၉၇၉ ခုနှစ်တွင် အာဖဂန်ကို ကျူးကျော်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် တပ်ရုပ်သိမ်းခဲ့ကြောင်း၊ ယင်းစစ်ပွဲသည် ဆိုဗီယက်၏ ပြည်ပရေးရာမူဝါပိုင်းတွင် အကြီးမားဆုံးရှုံးနိမ့်မှုအဖြစ် ရှုမြင်ခံခဲ့ရကြောင်း သိရသည်။(Xinhua)

———————————————-
(Chinese Version)

普京:美国在阿富汗经营20年“结果全是悲剧”

新华社北京9月2日电 俄罗斯总统普京9月1日说,美国在阿富汗驻军20年间一直试图推行其美式标准,但取得的“结果全是悲剧”。
俄罗斯卫星通讯社报道,普京当天在符拉迪沃斯托克参加一场与学生的见面会时评论阿富汗局势。

普京说,美军试图在阿富汗施行所谓的美式规范和标准,包括改变当地的政治架构,但“结果全是悲剧和损失,对美国是这样,对阿富汗人更是如此”。
2003年12月16日,驻阿富汗的美军在阿富汗中部的瓦尔达克省巡逻。(新华社记者王雷摄)

普京说,向阿富汗强加外部方案行不通,“如果有人要对他人做些什么,应该充分考虑他人的历史、文化和人生哲学,尊重他人的传统”。
普京上周表示,俄方从历史中吸取经验教训,不会介入阿富汗内部事务。
苏联1979年入侵阿富汗,1989年撤兵。这场战争被视作苏联对外政策的重大失败。(王宏彬)