Connect with us

Politics, Law & Military

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ က တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေး ကူညီထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Ashraf Ghani (လယ်) က ဇွန် ၁၂ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရုံး၌ ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံ အစိုးရမှ အာဖဂန်နစ္စတန်နိုင်ငံအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရ က အာဖဂန်နစ္စတန်နိုင်ငံအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၂ ရက်၌ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Ashraf Ghani ၊ ကျန်းမာရေးဝန်ကြီး Wahid Majrooh နှင့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ယွီ တို့ က အခမ်းအနားသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် ကာကွယ်ဆေးတစ်သုတ်သည် ဇွန် ၁၀ ရက်၌ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ က လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားတွင် တရုတ်နိုင်ငံ မှ အာဖဂန်နစ္စတန်နိုင်ငံအား COVID-19 ရောဂါကာကွယ်ဆေး ကူညီထောက်ပံ့ပေးခြင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အပြည့်အေ ပေါ်လွင်စေခဲ့ပြီး တရုတ်နိုင်ငံ ပြည်သူများ၏ အာဖဂန်နစ္စတန်နိုင်ငံ ပြည်သူများအပေါ် ထောက်ခံအားပေးမှုကိုလည်း သက်သေပြရာရောက်ကြောင်း ၊ အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် တန်းတူညီမျှခြင်း နှင့် ပွင့်လင်းမြင်သာခြင်းရှိသည့် ပုံစံဖြင့် တရုတ်နိုင်ငံ မှ အချိန်မီပေးအပ်လာသောကာကွယ်ဆေးများကို အလိုအပ်ဆုံးသော ပြည်သူများထံ ခွဲဝေပေးသွားမည်ဖြစ်ပြီး ၎င်းကိုယ်တိုင် တရုတ်နိုင်ငံ အစိုးရ နှင့် ပြည်သူများ၏ နက်ရှိုင်းသော သံယောဇဉ်ကို ခံစားသိရှိစေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Ashraf Ghani က လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံသည် အလွန်ထူးခြားသည့် အချိန်ကာလကို ဖြတ်ကျော်နေရပြီး အိမ်နီးချင်းနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ နှင့် ချစ်ကြည်ရေးကို ပိုမိုတန်ဖိုးထားကြောင်း ၊ တရုတ်နိုင်ငံ နှင့် ဘက်စုံဆွေးနွေးဖက် ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်သွားလိုပြီး တရုတ်နိုင်ငံ သို့ ကုန်ပစ္စည်းတင်ပို့မှုအား တိုးချဲ့သွားလိုကြောင်း ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်ဖလှယ်မှုများကို အားဖြည့်သွားလိုကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ဆက်လက်၍ အာဖဂန်နစ္စတန်နိုင်ငံအား ကူညီထောက်ပံ့ပေးသွားရန် မျှော်လင့်ပြီး အာဖဂန်နစ္စတန်နိုင်ငံ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးစွမ်းအားကို မြှင့်တင်ရန်ကို ကူညီပေးစေလိုကာ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးစေလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ယွီ က တရုတ်-အာဖဂန်နစ္စတန် နှစ်နိုင်ငံ ခေါင်းဆောင်တို့၏ ကိုယ်တိုင် ဂရုစိုက်မှုအောက် နှင့် နှစ်နိုင်ငံအစိုးရ သက်ဆိုင်ရာ ဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် တရုတ်နိုင်ငံ အစိုးရ မှ အာဖဂန်နစ္စတန်နိုင်ငံ အား ကူညီပေးသည့် COVID-19 ကာကွယ်ဆေးများသည် အဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ အစိုးရ မှ ကူညီထောက်ပံ့ပေးသည့် အခြားသော ဆေးဘက်ဆိုင်ရာ ပစ္စည်းများလည်း ဆက်တိုက် ကဘူးလ်တို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ကာတတစ်လျှောက် လူသားကျန်းမာရေး အေးအတူပူအမျှ အသိုက်အဝန်း အတွေးအမြင် ကို လက်ကိုင်ဆွဲထားပြီး ကမ္ဘာ့နိုင်ငံအသီးသီး နှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း ၊ အတူတကွ အခက်အခဲများအား ဖြေရှင်းခဲ့ကြောင်း ၊ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံ အသိပညာ နှင့် စွမ်းအား တို့အား တက်ကြွစွာ ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ သံအမတ်ကြီးက တရုတ်နိုင်ငံအနေဖြင့် ဆက်လက်၍ အာဖဂန်နစ္စတန်နိုင်ငံ နှင့်လက်တွဲ၍ စည်းလုံးညီညွတ်စွာ ကပ်ရောဂါကို တိုက်ဖျက်သွားမည်ဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆက်လက်၍ အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဆက်လက်၍ အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပေးသွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသည့် ဦးတည်ချက်ကြီးကို ခိုင်မာစွာထောက်ခံကာ အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်မှု ရလာဒ်များကို ထိန်းသိမ်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————————————
(Chinese Version)

(国际疫情)阿富汗总统感谢中国援助新冠疫苗

新华社喀布尔6月12日电(记者史先涛)中国政府援助阿富汗新冠疫苗交接仪式12日在阿总统府举行,阿富汗总统加尼、公共卫生部长马吉鲁以及中国驻阿富汗大使王愚等出席。此次中方援助疫苗于6月10日运抵喀布尔。

加尼在交接仪式上表示,中方向阿方援助新冠疫苗是阿中友谊的充分体现,更是中国人民对阿人民支持的有力证明。阿方将通过公平、透明的方式把中国疫苗及时分发给最需要的民众,让他们亲身感受中国政府和人民的深情厚谊。

加尼说,当前阿正经历特殊时期,更加珍惜与中国这个伟大邻国的友谊。希望与中方开展全面对话与合作,扩大对华出口,加强经贸合作和人员往来,并希望中方进一步向阿提供援助,助阿提升疫情防控能力,促进未来经济发展。

王愚表示,在中阿领导人亲自关心、两国政府有关部门通力合作下,中国政府援助阿富汗新冠疫苗顺利交接,中国政府援助的其他医疗物资也将陆续运抵喀布尔。中国始终秉持人类卫生健康共同体理念,同各国团结合作、共克时艰,积极为全球抗疫合作贡献中国智慧和力量。

王愚说,中方将继续与阿携手并肩、团结抗疫,并继续尽己所能向阿提供抗疫帮助。中国将继续支持阿和平和解进程,坚持和平解决的大方向,维护阿和平重建成果。(完)

Photo
6月12日,阿富汗总统加尼(中)在首都喀布尔的总统府举行的新冠疫苗交接仪式上讲话。
中国政府援助阿富汗新冠疫苗交接仪式12日在阿总统府举行。
新华社发(阿富汗总统府供图)