Connect with us

Africa & Middle East

အာဖဂန်နစ္စတန်၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရာတွင် နိုင်ငံတကာအသိုက်အဝန်းက ပိုမိုအပြုသဘောဆောင်သင့်သည်ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ပြောကြား

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းအား နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရာတွင် နိုင်ငံတကာအသိုက်အဝန်းက ပို၍ အပြုသဘောဆောင်သင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ဇွန် ၂၂ ရက်၌ ပြုလုပ်သော လုံခြုံရေးကောင်စီ အာဖဂန်အရေး ဗွီဒီယိုကွန်ဖရင့်တွင် ပြောကြားခဲ့သည်။လက်ရှိ အာဖဂန်နစ္စတန်၏အခြေအနေသည် အရေးကြီးသည့် လမ်းစုံလမ်းခွကို ရောက်နေခြင်းဖြစ်ပြီး နောက်တစ်ဆင့် လျှောက်လှမ်းဖို့ရာ မရေရာမှုများနှင့်ပြည့်နှက်နေကြောင်း ကျန်းကျွင်းက ဆိုသည်။ ဧပြီလလယ်ပိုင်းမှစ၍ စစ်တပ်ရုပ်သိမ်းမည်ဟု အမေရိကန် ကြေညာပြီး နောက်ပိုင်း အာဖဂန် ပြည်တွင်းဆွေးနွေးညှိနှိုင်းမှုများ တိုးတက်မှုမရှိ နောက်ဆုတ်နေခဲ့ခြင်းဖြစ်ရာ လုံခြုံရေးအခြေအနေပို၍ဆိုးဝါးလာသလို စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ နေ့စဉ်နှင့်အမျှပို၍ ဆိုးဝါးလာခဲ့ခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် အထူးစိုးရိမ်ပူပန်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာဖဂန်၏ကံကြမ္မာသည် အာဖဂန်ပြည်သူများ၏လက်တွင်ရှိပြီး အာဖဂန်၏အနာဂတ်နိုင်ငံရေးအစီအစဉ်ကို အာဖဂန်ပြည်သူများကိုယ်တိုင် ရွေးချယ်သင့်ကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းက “အာဖဂန်ဦးဆောင်သည့် အာဖဂန်၏ပိုင်ဆိုင်မှု” ကို အခြေခံ၍ မျှတစွာဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ပို၍အပြုသဘောဆောင်တွန်းအားပေးရမည်ဖြစ်ကြောင်း ကျန်းကျွင်းက ဆိုသည်။ မည်သည့် ပြင်ပအင်အားစုကမျှ အာဖဂန်တွင် ကျဉ်းမြောင်းသည့် ကိုယ်ကျိုးစီးပွားရှာဖွေ၍ မရကြောင်း၊ အာဖဂန်ကို ပထဝီနိုင်ငံရေးအားပြိုင်မှုနေရာတစ်ခုအဖြစ် သဘောထား၍ မရကြောင်း၊ အာဖဂန်ဘက်ပေါင်းစုံကလည်း နိုင်ငံနှင့်ပြည်သူ၏အကျိုးစီးပွားကို အဓိကထား၍ ဆောင်ရွက်သင့်ရာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်မှုဖြစ်စဉ်ကို အတူတကွ ခိုင်မာအောင်ဆောင်ရွက်ပြီး နိုင်ငံအခြေအနေနှင့်ကိုက်ညီမှုရှိသည့် စီမံခန့်ခွဲမှုပုံစံနှင့် ဖွံ့ဖြိုးရေးလမ်းစဉ်ကို ရှာဖွေရမည်ဖြစ်ကြောင်း ဆိုသည်။

အနာဂတ်ကာလအပိုင်းအခြားတစ်ခုတွင် နိုင်ငံခြားစစ်တပ် အာဖဂန်မှ ရုပ်သိမ်းသည့် ပြဿနာသည် အာဖဂန်နိုင်ငံရေးအခြေအနေကို သက်ရောက်မှုရှိသည့် ပြင်ပ အကြောင်းအရင်းဖြစ်နေအုံးမည် ဖြစ်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။ နိုင်ငံခြားတပ်များက တာဝန်ယူမှုရှိစွာ စနစ်တကျ ရုပ်သိမ်းကြရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းရာ အာဖဂန်အစိုးရနှင့် တပ်ရုပ်သိမ်းပြီးနောက်အစီအစဉ်အား အပြည့်အဝ ညှိနှိုင်းဆောင်ရွက်ကြရန်၊ ဒေသတွင်းနိုင်ငံများအား ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် လုံခြုံရေးအခြေအနေ ဆိုးဝါး၍ ထိန်းမနိုင်သိမ်းမရ ဖြစ်မည်ကို ကြိုတင်ကာကွယ်ကြရန် ၎င်းတိုက်တွန်းပြောကြားခဲ့သည်။ အကြမ်းဖက်ဝါဒသည် အာဖဂန်နစ္စတန်နှင့်ဒေသတွင်းနိုင်ငံများ ရင်ဆိုင်နေရသည့် ဆိုးဝါးသော စိန်ခေါ်မှုဖြစ်ရာ ဘက်ပေါင်းစုံက အယ်လ်ကိုင်းဒါး၊ အိုင်အက်စ်၊ ETIM စသည့် အကြမ်းဖက်အဖွဲ့များတိုက်ဖျက်မှုတွင် အားဖြည့်ဆောင်ရွက်ပြီး အကြမ်းဖက်အင်အားစု ပြန်လည်ခေါင်းထောင်လာမည့်အခွင့်အရေးကို ကြိုတင်တားဆီးသင့်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်တိုက်ဖျက်မှု နိုင်ငံရေအသွင်ပြောင်းခြင်း သို့မဟုတ် စံနှုန်းနှစ်မျိုးထားတိုင်းတာခြင်း လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း ကျန်းကျွင်းက ဆိုသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အာဖဂန်ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြစ်ရေးလုပ်ငန်းစဉ်ကို ဆက်လက်အားပေးထောက်ခံသင့်ကြောင်း၊ အာဖဂန်နစ္စတန်ကို ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများတွင် ကူညီပံ့ပိုးပြီး အပြန်အလှန်ဆက်သွယ်မှုနှင့် ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ထားရှိသည့်ကတိကဝတ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကာ အာဖဂန်၏ဖွံ့ဖြိုးရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပံ့ပိုးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသောနိုင်ငံအနေဖြင့် အာဖဂန်၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ထို့အတွက် ကြိုးပမ်းမှုများကို အစဉ်အမြဲ အပြုသဘောဆောင် ထောက်ခံသည်ဟု ကျန်းကျွင်းက ဆိုသည်။ လက်ရှိ တရုတ်-အာဖဂန် BRI အတူတည်ဆောက်ရေး နားလည်မှုစာချွန်လွှာ စနစ်တကျ အကောင်အထည်ဖော်လျက်ရှိကြောင်း ၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများနှင့်အရေးပေါ်စားနပ်ရိက္ခာအကူအညီများကို တရုတ်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံအား ပံ့ပိုးကူညီခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် မိမိ တတ်နိုင်သမျှ အာဖဂန် ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ထောက်ခံသူ၊ ညှိနှိုင်းပံ့ပိုးပေးသူအဖြစ် ဆက်လက်ဆောင်ရွက်ကာ အာဖဂန်၏ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စောလျဉ်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————————
(Chinese Version)

(国际)中国常驻联合国代表:国际社会应为推动阿富汗和平和解进程贡献更多正能量

新华社联合国6月22日电中国常驻联合国代表张军22日在安理会阿富汗问题视频公开会上发言说,国际社会应为推动阿富汗和平和解进程贡献更多正能量。

张军说,当前阿富汗局势走到了关键的十字路口,正在进入新一轮充满不确定性的阶段。自美国4月中旬宣布撤军以来,阿人内部谈判不进反退,安全形势每况愈下,经济和人道局势日益严峻。中方对此深表担忧。

张军表示,阿富汗的命运掌握在阿人民手里,阿富汗未来政治安排应由阿人民自主作出选择。国际社会应遵循“阿人主导、阿人所有”原则,恪守公平公正,为推动阿富汗和平和解进程贡献更多正能量。任何外部力量都不能在阿富汗谋求狭隘的私利,都不能把阿富汗当成地缘政治博弈的角力场。阿富汗各方应以国家和人民利益为重,共同巩固过去20年和平重建的进展,探索符合国情的治理模式和发展道路。

张军说,未来一段时期,外国部队撤出问题仍是影响阿局势的最大外部因素。中方敦促外国部队负责任、有序撤出,与阿富汗政府就撤出后的安排充分协商,对地区国家增强透明度,防止安全局势恶化甚至失控。恐怖主义依然是阿富汗和地区国家面临的严峻挑战,各方应加大力度打击“基地”组织、“伊斯兰国”、“东伊运”等恐怖组织,防止恐怖势力借机回潮。中方反对任何将反恐政治化或搞双重标准的做法。

张军说,国际社会应继续支持阿富汗和平和解进程,帮助阿富汗开展区域合作,加强互联互通,增强自主发展能力。发达国家应切实履行承诺,继续向阿富汗提供发展和人道援助。

张军表示,中国作为阿富汗友好邻国,一直积极支持阿富汗和平进程并为此作出努力。目前,中阿共建“一带一路”谅解备忘录正有序落实。新冠疫情暴发以来,中方向阿富汗提供多批次抗疫物资和紧急粮食援助。中方将尽己所能,继续做阿富汗和平和解进程的支持者、斡旋者、便利提供者,帮助阿早日实现和平稳定、发展繁荣。(完)