Connect with us

Asia

အာဖဂန်နစ္စတန် လက်ရှိကာကွယ်ရေးဝန်ကြီး နေအိမ်အနီး ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

အာဖဂန်နိုင်ငံ လက်ရှိကာကွယ်ရေးဝန်ကြီးBismillah Khan Mohammadi ၏ ကဘူးလ်မြို့နေအိမ်အနီးတွင် ဩဂုတ် ၃ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကိုင် (၄)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။တိုက်ခိုက်မှုအတွင်း Mohammadiအနေဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။
အချင်းဖြစ်ပွားသည့်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် အမည်မသိ လက်နက်ကိုင်အချို့သည် ကဘူးလ်မြို့ အမှတ် (၁၀)ရဲတပ်ဖွဲ့နယ်မြေ Mohammadiနေအိမ်အနီး၌ ကားဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မီဒီယာများသို့ ပြောကြားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ အချင်းဖြစ်နေရာသို့ သွားရောက်ပြီး လက်နက်ကိုင် (၄)ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားအပြီး လက်နက်ကိုင်အချို့သည် Mohammadiနေအိမ်သို့ ဝင်သွားကြောင်း ၊ သေနတ်သံနှင့်လက်ပစ်ဗုံးသံများ ကြားရကြောင်း မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာကို ပြောကြားသည်။ အချင်းဖြစ်နေရာအား ပိတ်ဆိုထားပြီဖြစ်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Mohammadiအတွက် အန္တရာယ်မရှိကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူFawad Amanက မီဒီယာများကို အတည်ပြုပြောကြားခဲ့သည်။ အာဖဂန် ဒုတိယ သမ္မတဟောင်း Younus Qanooniက တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် Mohammadi သည် ၎င်း၏နေအိမ်၌ ရှိမနေကြောင်း ဆိုသည်။

လက်ရှိအချိန်ထိ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ ၎င်းတို့လက်ချက်ဟု ထုတ်ပြန် ကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinkenက ယင်းနေ့တွင် အာဖဂန်သမ္မတ Ashraf Ghaniနှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အာဖဂန်တွင် တာလီဘန်တို့၏ ဆက်လက်တိုက်ခိုက်မှုများ အပေါ် နှစ်ဖက်စလုံးက ပြစ်တင်ရှုတ်ချကြောင်း ၊ အာဖဂန်၏ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို အမြန်ဆုံး အရှိန်မြှင့်တင်ရန် နှင့် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် လိုအပ်ကြောင်း ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်အခြေစိုက် အမေရိကန်တပ်များကို မေ ၁ ရက်မှစတင်ကာ ရုပ်သိမ်းသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မတိုင်မီ တပ်အားလုံး အပြီးရုပ်သိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဧပြီလတွင် ကြေညာခဲ့သည်။ အာဖဂန်ရှိ အမေရိကန်၏ စစ်ရေးတာဝန်များကို ဩဂုတ် ၃၁ ရက်တွင် အဆုံးသတ်မည်ဟု ဘိုင်ဒန်က ဇူလိုင် ၈ ရက်တွင် ပြောကြားခဲ့သည်။ အာဖဂန်မှအမေရိကန်တပ်ဖွဲ့ရုပ်သိမ်းမှုအရှိန်မြှင့်တင်လာခြင်းနှင့်အတူ တာလီဘန်နှင့်အာဖဂန် အစိုးရတပ်တို့အကြား တိုက်ခိုက်မှုများသည်လည်း တစ်နေ့တစ်ခြား ပို၍ပြင်းထန်လာသဖြင့် ဒေသလုံခြုံရေးအခြေအနေ ဆက်တိုက် ဆိုးဝါးလာခဲ့ကြောင်း သိရသည်။(Xinhua)

——————————————————–
(English Version)

(国际)阿富汗代理防长住所附近遭汽车炸弹袭击

新华社喀布尔8月3日电阿富汗警方3日说,阿代理国防部长比斯米拉•穆罕默迪在首都喀布尔的住所附近当天遭汽车炸弹袭击,安全人员打死4名武装人员。阿国防部发言人证实,穆罕默迪安然无恙。

喀布尔警方发言人巴西尔•穆贾希德对媒体表示,当晚7时45分许,一伙身份不明的武装人员在位于喀布尔第十警区的穆罕默迪住所附近引爆一枚汽车炸弹。安全人员赶到袭击现场,并打死4名武装人员。

一名目击者在接受新华社记者采访时说,一些武装人员在爆炸发生后进入穆罕默迪住所,随后传出枪声和手榴弹爆炸声。事发区域已被封锁。
阿富汗国防部发言人福阿德•阿曼向媒体证实,穆罕默迪安然无恙。阿富汗前副总统尤努斯•加努尼表示,袭击发生时穆罕默迪并不在家。
截至目前,没有任何组织宣称制造了这起袭击事件。

另据美国国务院3日发表的声明,美国国务卿布林肯当天与阿富汗总统加尼通电话。双方对塔利班在阿富汗的持续攻势予以谴责,表示需要加速阿富汗和谈进程并实现冲突的政治解决。

美国总统拜登今年4月宣布,驻阿富汗美军5月1日开始撤离,9月11日前完全撤出。 7月8日,拜登表示,美国在阿富汗的军事任务将于8月31日结束。随着美军加速撤离阿富汗,塔利班与阿政府军之间的战斗日趋激烈,当地安全形势持续恶化。(参与记者:刘品然)(完)