Connect with us

Asia

အာဖဂန်အနေဖြင့် မိမိနိုင်ငံနှင့်ကိုက်ညီသည့်ဖွံ့ဖြိုးရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံကိုယ်စားလှယ် ပြောကြား

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်အရေးကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စက်တင်ဘာ ၉ ရက်က တံခါးဖွင့်ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့အာဖဂန်သည် သမိုင်း၏လမ်းဆုံလမ်းခွတွင်ရောက်ရှိနေရာ အာဖဂန်အနေဖြင့် မှန်ကန်သည့်ရွေးချယ်မှုကို လုပ်ဆောင်နိုင်ပြီး မိမိနိုင်ငံနှင့်လိုက်လျော်ညီထွေသည့် ဖွံ့ဖြိုးရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့်အာဖဂန်နိုင်ငံနယ်စပ် Torkham ဂိတ်တွင် ပါကစ္စတန်သို့နယ်မြေဖြတ်ကျော်ရန် စောင့်ဆိုင်းနေသည့် အာဖဂန်လူထုအား စက်တင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန် တာလီဘန်များအနေဖြင့် ယာယီအစိုးရ ဖွဲ့စည်းမည်ဟု ကြေညာခဲ့ခြင်းသည် အာဖဂန်ပြည်တွင်းရေးအစီအစဉ်တကျပြန်လည်ဖြစ်တည်ရန် နှင့် စစ်ပွဲအပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့်ခြေလှမ်းဖြစ်ကြောင်း ၎င်းကဆိုသည်။ အာဖဂန်တာလီဘန်များအနေဖြင့် သမိုင်းသင်ခန်းစာယူ၍ ကတိကဝတ်အတိုင်း လူမျိုးစု၊ ဂိုဏ်းဂဏအသီးသီး စည်းလုံးညီညွတ်ပြီး အများလက်ခံနိုင်သည့် နိုင်ငံရေးမူဘောင်ကို တည်ဆောက်စေလိုကြောင်း ၊ နွေးထွေးတည်ငြိမ်ကောင်းမွန်သည့် ပြည်တွင်းပြည်ပမူဝါဒများကို လက်ကိုင်ထားကာ အမျိုးသမီးကလေးငယ်တို့၏အခွင့်အရေးကို ကာကွယ်ရန်၊ အကြမ်းဖက်အင်အားစုများကို ခိုင်မာစွာတိုက်ဖျက်ရန်၊ နိုင်ငံအသီးသီး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့်ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး ထားရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့်အာဖဂန်နိုင်ငံနယ်စပ် Torkham ဂိတ်တွင် ပါကစ္စတန်ထဲသို့နယ်မြေဖြတ်ကျော်ရန် ဝင်ရောက်ရန် စောင့်ဆိုင်းနေသည့် ကလေးငယ်တစ်ဦးအား စက်တင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်၏ စက်တင်ဘာ ၁၃ ရက် ဂျီနီဗာတွင် ကျင်းပမည့် အာဖဂန်နစ္စတန် လူသားချင်းစာနာထောက်ထားဆိုင်ရာအစည်းအဝေးကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကူညီလှူဒါန်းမည့် နိုင်ငံများက အကူအညီပို၍ပေးကြဖို့ မျှော်လင့်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတကာအသိုက်အဝန်းက အာဖဂန်၏သဘာဝအားသာချက်၊ ပထဝီအနေအထားနှင့်လူ့စွမ်းအားအရင်းအမြစ်အားသာချက်များဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဆက်သွယ်ချိတ်ဆက်မှုများ ပြုနိုင်အောင် ကူညီ၍ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးပြီး သာမန်ပြည်သူများ၏အကျိုးစီးပွားတိုးတက်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ၊ ပြည်ပပိုင်ဆိုင်မှုများကို ပိတ်ဆို့ထားခြင်းသည် အာဖဂန်စီးပွားရေးအကျပ်အတည်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ကြောင်း၊ ယင်းပိုင်ဆိုင်မှုသည် အာဖဂန်နှင့်သက်ဆိုင်ရာ အာဖဂန်အတွက် အသုံးပြုသင့်ပြီး ခြိမ်းခြောက်မှု၊အလျှော့အတင်းပြုမှုဖြင့် အကြပ်မကိုင်သင့်ကြောင်း ၎င်းက ဆိုသည်။

အာဖဂန်အခြေအနေသည် ဒေသတစ်ခုလုံး ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်စပ်လျက်ရှိကြောင်း ကိန်းစွမ်က ဆိုသည်။ ကာလကြာရှည်စွာ အာဖဂန်အိမ်နီးချင်းနိုင်ငံနှင့်အနီးဝန်းကျင်နိုင်ငံများက အာဖဂန် ငြိမ်းချမ်းရေး၊သင့်မြတ်ရေး၊ ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်များတွင် အပြုသဘောအားပေးထောက်ခံပြီး အာဖဂန်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးကြိုးပမ်းခဲ့ကြကြောင်း၊ ယင်းနိုင်ငံများသည် အကြမ်းဖက်ဝါဒပျံ့နှံ့လာမှု၊ နယ်စပ်ဖြတ်ကျော်မူးယစ်မှောင်ခိုကူးမှု၊ ဒုက္ခသည်နှင့်ရွှေ့ပြောင်းနေထိုင်သူများပြန့်ပွားလာမှု၏ ပထမဆုံးရှေ့တန်းက ရင်ဆိုင်နေရသူများဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ၎င်းတို့ရင်ဆိုင်နေရသည့်အခက်အခဲကို စာနာ၍ ၎င်းတို့စတေးခဲ့ရသည်များကို လေးစားကာ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————————-
(Chinese Version)

(国际)中国常驻联合国副代表:希望阿富汗走出符合自身国情的发展道路

新华社联合国9月9日电联合国安理会9日举行阿富汗问题公开辩论会。中国常驻联合国副代表耿爽在会上表示,今天的阿富汗站在历史的十字路口,希望阿富汗能够做出正确选择,走出一条符合自身国情的发展道路。

耿爽表示,阿富汗塔利班宣布成立临时政府,是阿恢复国内秩序和战后重建的必要一步。希望阿富汗塔利班汲取历史教训,兑现所作承诺,团结各民族、各派别,构建广泛包容的政治架构,奉行温和稳健的内外政策,保护妇女儿童权利,坚决打击恐怖势力,同各国特别是周边国家发展友好合作关系。

耿爽指出,中方欢迎联合国秘书长古特雷斯拟于9月13日在日内瓦举行阿富汗人道局势会议,希望国际社会特别是主要捐助国加大对阿援助力度。与此同时,国际社会应帮助阿富汗挖掘自然禀赋、地理位置和人力资源优势,开展区域合作和互联互通,推进经济社会发展,增进普通民众福祉。阿富汗海外资产被冻结是阿当前经济困难的重要原因之一。这些资产属于阿富汗,应用于阿富汗,而不应被用作威胁和牵制的筹码。

耿爽表示,阿富汗局势同整个地区的和平发展息息相关。长期以来,阿富汗邻国和周边国家积极支持阿富汗和平、和解、重建进程,为推动阿实现和平发展作出巨大努力。这些国家身处恐怖主义外溢、毒品跨境走私、难民移民外流等冲击的第一线,国际社会应该理解它们面临的困难,尊重它们作出的牺牲,支持它们付出的努力。(完)

图说1: 9月3日,阿富汗民众在巴基斯坦与阿富汗的边境口岸多尔哈姆等待过境。 新华社发(艾哈迈德•卡迈勒摄)
图说2:9月5日,人们从巴基斯坦与阿富汗的边境口岸多尔哈姆入境巴基斯坦。新华社发(赛义德•艾哈迈德摄)
图说3:9月5日,一名阿富汗儿童在巴基斯坦与阿富汗的边境口岸多尔哈姆等待过境。 新华社发(哈米杜拉摄)