Connect with us

Europe

အာဖဂန်အရေး G7 နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေး

လန်ဒန်၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ)

G7 နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂအဆင့်မြင့်ကိုယ်စားလှယ်များသည် ဗွီဒီယို ကွန်ဖရင့်အစည်းအဝေးကို ဩဂုတ် ၁၉ ရက်က ကျင်းပခဲ့ရာ အာဖဂန်နစ္စတန်အရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အာဖဂန်၏အခြေအနေသည် နိုင်ငံတကာအသိုက်အဝန်းအတူတကွ အထူးဂရုပြုအာရုံစိုက်ပြီးရင်ဆိုင်ရမည့်ကိစ္စဖြစ်ရာ အာဖဂန်ကို အကြမ်းဖက်ဝါဒီများ မွေ့လျော်ရာနေရာ ထပ်မဖြစ်စေရန် အစည်းအဝေးသဘာပတိ၊ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးDominic Raabက ဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်သည့် အာဖဂန်အရေးကြေညာချက်ကို G7နိုင်ငံခြားရေးဝန်ကြီးများက ထောက်ခံကြောင်း၊ အာဖဂန်အရေးကိစ္စမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း ဖြစ်ပေါ်လာနိုင်မှုကို အနီးကပ်စောင့်ကြည့်နေကြောင်း၊ အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ အမျိုးသမီးများ၊ကလေးသူငယ်များ ၊ လူနည်းစုလူမျိုးများ၏ လူ့အခွင့်အရေးကိုလေးစားရန် အရေးတကြီးလိုအပ်ကြောင်း၊ အာဖဂန်အနာဂတ်တွင် ကျင်းပမည့် အားလုံးပါဝင်သည့် ဆွေးနွေးမှုပြုလုပ်ရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

G7အဖွဲ့အတွင်း နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားကာ သက်ဆိုင်ရာလူပုဂ္ဂိုလ်အားလုံး အာဖဂန်မြို့တော် ကဘူးလ်မှထွက်ခွာနိုင်ရန်နှင့် လုံခြုံရေး၊တရားဝင်နေရာချထားရေးအစီအစဉ်များကို ရေးဆွဲသွားမည်ဖြစ်ပြီး အာဖဂန်ဒုက္ခသည်များအတွက် အကူအညီနှင့်ကာကွယ်စောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အရပ်သားပြည်သူများ၏ လုံခြုံရေးကို အာမခံပေးရန်၊ နိုင်ငံခြားသားနှင့်ထွက်ခွာလိုသည့် အာဖဂန်များအတွက် ကဘူးလ်မှ ဆက်လက်ထွက်ခွာခွင့်ပြုရန်နှင့် အာဖဂန်ကို အကြမ်းဖက်ဝါဒီများ မွေ့လျော်ရာနေရာထပ်မံမဖြစ်စေရန် အာမခံဖို့ G7နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းထားသည်။

အာဖဂန်အကျပ်အတည်းကို အာဖဂန်နှင့်၎င်း၏အိမ်နီးချင်းနိုင်ငံ၊ ပဋိပက္ခဖြစ်ပွားနေသည့်ဘတ်ပေါင်းစုံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ G20၊ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဌာနစသည့်တို့အပါအဝင် နိုင်ငံအသိုက်အဝန်းက အတူတကွရင်ဆိုင်ဖြေရှင်ရန်လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ G7အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်မည့်မိတ်ဖက်များနှင့်အတူ အများလက်ခံနိုင်သည့်နိုင်ငံရေးနည်လမ်းဖြင့် ဖြေရှင်းဖို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဖဂန်နှင့် ၎င်း၏အနီးဝန်းကျင်ဒေသများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့်ထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ပြီး အကျပ်အတည်းတိုးပွားလာမှုများကို ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ အဆိုပြုချက်အရ အာဖဂန်အရေးနှင့်စပ်လျဉ်း၍ လာမည့်အပတ်အတွင်း G7 ခေါင်းဆောင်များ အွန်လိုင်းတွေ့ဆုံဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(Chinese Version)

(国际)七国集团外长举行视频会议讨论阿富汗局势
2021-08-20 06:17:26
新华社伦敦8月19日电(记者张代蕾 许凤)七国集团外长及欧盟高级代表19日举行视频会议,讨论阿富汗局势。会议主席、英国外交大臣拉布会后发表声明说,阿富汗局势需国际社会共同关注和应对,不能让阿富汗重新成为恐怖主义的温床。
声明说,七国集团外长支持联合国安理会16日就阿富汗局势发表的声明,密切关注阿富汗局势引发的人道主义危机;阿富汗亟需停止暴力,尊重妇女、儿童、少数族裔等群体的人权,就阿富汗未来举行包容性谈判。
声明说,七国集团内部将密切合作,确保所有相关人员从阿首都喀布尔撤离,并制定安全、合法的安置计划,为阿富汗难民提供援助和庇护。七国集团外长呼吁阿富汗塔利班确保平民安全,允许外国人和有撤离意愿的阿富汗人继续撤出喀布尔,并确保阿富汗不会重新成为恐怖主义的温床。
声明说,阿富汗危机需要国际社会共同应对,包括阿富汗及其邻国、冲突各方、联合国安理会、二十国集团、国际援助机构等。七国集团将与合作伙伴继续寻求包容性的政治解决方案,在阿富汗及其周边地区提供人道主义援助和支持,防止危机升级。
按照英国首相约翰逊的提议,七国集团领导人定于下周就阿富汗局势举行线上会议。(完)

图说1:七国集团外长会在伦敦继续进行
5月4日,与会代表在英国伦敦兰卡斯特宫拍摄合影。 新华社发(英国首相府供图)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.