Connect with us

Europe

အာမေးနီးယားနိုင်ငံ နှင့် အဇာဘိုင်ဂျန်နိုင်ငံ အကြား ပဋိပက္ခ ပြန်လည်ဖြစ်ပွား

Bilis၊နိုဝင်ဘာ ၁၇ (ဆင်ဟွာ)

နိုဝင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် ၁၄ နာရီ ၃၀ မိနစ်အထိ အာမေးနီးယားနိုင်ငံ အရှေ့ပိုင်းနှင့် အဇာဘိုင်ဂျန်နယ်စပ် အခြေအနေမှာ အလွန်တင်းမာနေဆဲဖြစ်ပြီး နှစ်ဘက်အကြား နယ်မြေအချို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ အဇာဘိုင်ဂျန် ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့တပ်ဖွဲ့မှ စစ်သား နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။ ဤသည်မှာ အပစ်အခတ်ရပ်စဲပြီး တစ်နှစ်ကျော်အကြာတွင် အာမေးနီးယား နှင့် အဇာဘိုင်ဂျန် နှစ်နိုင်ငံအကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အာမေးနီးယန်းနိုင်ငံသတင်းအေဂျင်စီ (ARMENPRESS) ၏ ၁၆ ရက် သတင်းထုတ်ပြန်ချက်တွင် အာမေးနီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက အဇာဘိုင်ဂျန်နှင့် “တိုက်ပွဲတွေ ဖြစ်ပွားနေဆဲပါ၊အဲဒီကာလအတွင်းမှာ အဇာဘိုင်ဂျန်က အမြောက်တွေ၊ သံချပ်ကာ ကားတွေနဲ့ သေနတ်မျိုးစုံကို အသုံးပြုခဲ့တယ်၊ အာမေးနီးယားအနေနဲ့ တန်ပြန် လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေပါတယ်၊အခုစစ်ရေးအခြေအနေကတော့ အာမေးနီးယန်း လက်နက်ကိုင် တွေရဲ့ ထိန်ချုပ်မှုအောက်မှာ ရှိနေတယ်၊ နိုဝင်ဘာ ၁၆ ရက် အစောပိုင်းအချိန်မှာ အာမေးနီးယားအရှေ့ဘက် စခန်းတွေကို အဇာဘိုင်ဂျန်က တိုက်ခိုက်ခဲ့ပါ တယ်”ဟု ဆိုသည်။

၂၀၂၀ ခုနှစ် အောက်တိုဘာ ၄ ရက် နာကာဒေသ၏မြို့တော်Stepanakert တွင် ပစ်ခတ်မှုကြောင့် အဆောက်အဦတစ်လုံး ထိခိုက် ပျက်စီးနေသည် ကိုတွေ့ရစဉ်(ဆင်ဟွာ)

အဇာဘိုင်ဂျန် နိုင်ငံသတင်းအေဂျင်စီ(AZERTAC) ၏ နိုဝင်ဘာ ၁၆ ရက်က သတင်းဖော်ပြချက်အရ အဇာဘိုင်ဂျန် ကာကွယ်ရေး ဝန်ကြီးဌာနက အာမေးနီးယန်း လက်နက်ကိုင် တပ်ဖွဲ့များသည် နှစ်နိုင်ငံ နယ်စပ် ဒေသများတွင် အဇာဘိုင်ဂျန် နိုင်ငံအပေါ် ကြီးမားသော ရန်စမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “နိုဝင်ဘာ ၁၆ ရက် ၁၁ နာရီလောက်မှာ အာမေးနီးယန်း လက်နက်ကိုင် တပ်ဖွဲ့တွေက ပိုပြီး အားသာချက်ရှိတဲ့ နေရာတွေကို သိမ်းပိုက်ဖို့ စစ်ဆင်ရေးကို ရုတ်တရက် စတင်လိုက်တဲ့အတွက် စစ်ရေးအရ အသာစီးရခဲ့ပါတယ်။ အာမေးနီးယန်း လက်နက်ကိုင် တပ်ဖွဲ့တွေက အဇာဘိုင်ဂျန်စစ်တပ်ရဲ့ နယ်မြေတွေကို အပြင်းအထန် ပစ်ခတ်ဖို့ လက်နက်မျိုးစုံနဲ့ လက်ပစ်ဗုံးတွေကို အသုံးပြုခဲ့တယ်၊ကနေဦး အချက်အလက်တွေအရ အဇာဘိုင်ဂျန်စစ်တပ်က စစ်သား ၂ ယောက် ဒဏ်ရာရခဲ့တယ်”ဟုအဇာဘိုင်ဂျန်နီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းဌာန၏ယခင်အစီရင်ခံစာအရ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် သည် နာဂေါ်နို-ကာရာဘက်ခ် Nagorno-Karabakh (Naka) ဒေသ၏ပိုင်ဆိုင်မှု အငြင်းပွားခြင်းကြောင့် အဇာဘိုင်ဂျန် နှင့် အာမေးနီးယား နိုင်ငံတို့ကြား ပဋိပက္ခများဖြစ်ပွားခဲ့သည်။ နာဂေါ်နို-ကာရာဘက်ခ်ဒေသသည် အဇာဘိုင်ဂျန်အနောက်တောင်ပိုင်းတွင် တည်ရှိပြီး ၎င်း၏နေထိုင်သူအများစုမှာ အာမေးနီးယန်း မျိုးနွယ်စု များဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် နှစ်ဘက်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသော်လည်း နာဂေါ်နို-ကာရာဘက်ခ် အရေးကြောင့် ရန်လိုသည့် အခြေအနေတွင် ရှိနေကြပြီး နှစ်ဖက်အုပ်စု အကြားတိုက်ပွဲငယ်များ မကြာခဏဖြစ်ပွားခဲ့သည်။၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၇ ရက် တွင် နာဂေါ်နို-ကာရာဘက်ခ်အရေး နှင့်ပတ်သတ်၍ အဇာဘိုင်ဂျန် တပ်ဖွဲ့ဝင်များနှင့် အာမေးနီးယား တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲအသစ်များ ဖြစ်ပွားခဲ့သည်။၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက်တွင် ရုရှား၊ အဇာဘိုင်ဂျန်နှင့် အာမေးနီးယား ခေါင်းဆောင်များသည် နာဂေါ်နို-ကာရာဘက်ခ် ဒေသ၌ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးကာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၀ ရက် မော်စကိုစံတော်ချိန် ၀း၀၀ နာရီမှစ၍ အပြီးအစီး အပစ်အခတ် ရပ်စဲ ကြောင်း ကြေညာခဲ့သည်။(Xinhua)

———————————————–
(Chinese Version)

亚美尼亚与阿塞拜疆再起冲突
当地时间11月16日,亚美尼亚国防部发布消息称,截至当日14点30分,亚美尼亚东部与阿塞拜疆接壤的边境局势仍然“极其紧张”,双方发生“局部战斗”,阿塞拜疆国防部称该方有两名军人受伤。停火一年多后,亚阿两国再起冲突。

据亚美尼亚国家通讯社(ARMENPRESS)16日报道,亚美尼亚国防部称,与阿塞拜疆的“局部战斗正在发生,在此期间,对方使用大炮、装甲设备和各种口径的火器。亚方正在采取适当行动。局势在亚美尼亚武装部队的控制之下。”16日早些时候,亚美尼亚国防部表示,亚美尼亚东部阵地遭到阿塞拜疆的袭击。

另据阿塞拜疆国家新闻社(AZERTAC)16日报道,阿塞拜疆国防部称,亚美尼亚武装部队在两国边境地区向阿塞拜疆进行了大规模挑衅。“16日11时许,亚美尼亚武装部队突然发动军事行动,以占据更多优势阵地,从而取得军事优势。对方使用各种口径的武器和榴弹发射器向阿塞拜疆军队的阵地密集射击,破坏了我方战斗哨所。”阿塞拜疆国防部表示,“根据初步信息,阿塞拜疆军队有两名军人受伤。”

根据新华社此前报道,苏联解体后,阿塞拜疆和亚美尼亚因纳戈尔诺-卡拉巴赫(纳卡)地区归属问题爆发战争。纳卡地区位于阿塞拜疆西南部,居民多为亚美尼亚族人。1994年,双方就全面停火达成协议,但两国一直因纳卡问题处于敌对状态,武装冲突时有发生。2020年9月27日,亚美尼亚和阿塞拜疆因纳卡问题爆发新一轮冲突。同年11月9日,俄罗斯、阿塞拜疆和亚美尼亚三国领导人签署声明,宣布纳卡地区从莫斯科时间10日零时起完全停火。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.