Connect with us

INTERNATIONAL ORGANIZATION

အားဖြည့်ကိုဗစ်ကာကွယ်ဆေး နောက်ထပ်တစ်လုံး ထိုးနှံမှုက ရောဂါကူးစက်မည့် အန္တရာယ်ကို သိသိသာသာ လျော့နည်းစေသည်ဟု ဆို

ပေကျင်း၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

Pfizer ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကို သိသာစွာ လျော့နည်းစေကြောင်း အစ္စရေး သုတေသီများက ယခုကာလများအတွင်း ကြိုတင်ပုံနှိပ်ထုတ်ပြန်သည့် သုတေသနာစာတမ်း နှစ်ခုတွင် ဖော်ပြထားသည်။အစ္စရေးတွင် ဇူလိုင် လလယ်ပိုင်းကစပြီး အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို ကဏ္ဍခွဲ၍ စတင်ဆောင်ရွက်ခဲ့ရာ အဓိကအားဖြင့် Pfizer ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ယင်းနိုင်ငံတွင် ဇူလိုင် ၁၂ ရက်မှစ၍ ကင်ဆာရောဂါ သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးခွဲစိတ်မှု လုပ်ဆောင်ခဲ့သည့် ကိုယ်ခံအားစနစ် ထိခိုက်မှုရှိသည့် အရွယ်ရောက်ပြီးသူများအား ကာကွယ်ဆေး တတိယတစ်လုံး ထိုးနှံပေးနေပြီး ဇူလိုင် ၃၀ ရက်မှစ၍ အသက်(၆၀)နှင့်အထက် လူအုပ်စုများကို လည်းကောင်း၊ ဩဂုတ် ၂၉ ရက်တွင် အသက် (၁၂)နှစ်အထက် လူအုပ်စုများကိုလည်းကောင်း ကိုဗစ်ကာကွယ်ဆေး တတိယတစ်လုံးကို ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံပေးခဲ့သည်။

အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုရလဒ် ပထမသုတေသနကို အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနနှင့် Weizmann Institute of Scienceတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၂၂ ရက်ကာလအတွင်း သုတေသီများက တတိယမြောက်ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် သင့်လျော်သူ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို (၁.၁၄)သန်းခန့်ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း ၊ ၎င်းတို့၏ ရောဂါကူးစက်မှုအခြေအနေနှင့် ကိုဗစ်ကာကွယ်ဆေး တတိယတစ်လုံး ထိုးနှံပြီးစီးမှုရှိမရှိ အခြေအနေများကို စမ်းစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ယင်းလေ့လာရာတွင် တတိယမြောက် ကာကွယ်ဆေးထိုးနှံပြီး (၁၂) ရက် သို့မဟုတ် ထို့ထက်ပို၍ကြာမြင့်သည့်အချိန်နောက်ပိုင်း ကိုဗစ်ကူးစက်မှုအန္တရာယ်သည် (၁၁.၄)ဆ လျော့နည်းသွားသည်ကို တွေ့ရှိကြောင်း သိရသည်။ ယင်းရလဒ်ကို နောက်တစ်ဆင့် လေ့လာရာတွင် ကာကွယ်ဆေးတတိယတစ်လုံး ထိုးနှံပါက ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်သည့် ထိရောက်မှုသည် (၅)ဆမြင့်တက်လာကြောင်း သုတေသီများက ယူဆကြသည်။

ဒုတိယလေ့လာချက်ကို အစ္စရေး Maccabi Healthcare Servicesကုမ္ပဏီနှင့် အမေရိကန် Yale Universityတို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။ ရလဒ်များအရ တတိယမြောက်ကာကွယ်ဆေးထိုးနှံပြီး (၇) ရက်မှ (၁၃) ရက်နောက်ပိုင်း ကိုဗစ်စစ်ဆေးမှု Positiveဖြစ်နှုန်းသည် (၄၈)ရာခိုင်နှုန်းမှ (၆၈)ရာခိုင်နှုန်းအထိ လျော့ကျသွားပြီး ကာကွယ်ဆေးထိုးနှံပြီး (၁၄)ရက်မှ ရက်(၂၀)နောက်ပိုင်းတွင် (၇၀)ရာခိုင်နှုန်းမှ (၈၄)ရာခိုင်နှုန်းလျော့ကျသွားကြောင်း သိရသည်။

အဆိုပါ စာတမ်းနှစ်ခုအား ဆေးဘက်ဆိုင်ရာစာတမ်းအချက်အလက်ဝဘ်ဆိုက်တွင် ဖော်ပြထားပြီးဖြစ်သည်။ အကယ်၍ ရေတိုကာလအတွင်း ကိုယ်ခံအား မြှင့်တင်နိုင်ရန် အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်းက မေးစရာမလို ကောင်းမွန်သည့်နည်းလမ်းဖြစ်ကြောင်း အမေရိကန် Science ဂျာနယ် ဝဘ်ဆိုက်ကလည်း ဂျွန်ဟော့ကင်းတက္ကသိုလ် ကူးစက်ရောဂါဗေဒပညာရှင်David Dowdy၏ ပြောကြားချက်ကို ယခုရက်ပိုင်းတွင် ကိုးကားဖော်ပြထားသည်။ သို့သော် ဤသုတေသနများသည် အားဖြည့်ကာကွယ်ဆေးထပ်မံထိုးနှံပြီးနောက် ရေတိုကာလအတွင်း ရလဒ်များကို အာရုံစိုက်လေ့လာခြင်းဖြစ်ရာ ယင်းကာကွယ်နိုင်စွမ်းက မည်မျှကြာရှည်နိုင်မည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း ဆိုသည်။ (Xinhua)

———————————————————
(Chinese Version)

以色列新研究:接种新冠疫苗加强针显著降低感染风险

新华社北京9月7日电(记者张莹)以色列研究人员最近公布的两篇预印本研究论文显示,接种第三剂辉瑞新冠疫苗可以显著降低新冠病毒的感染风险。

以色列从7月中旬开始分阶段开展新冠疫苗加强针接种,主要采用辉瑞疫苗。该国从7月12日开始为患有癌症或做过器官移植手术等免疫系统受损的成年人接种第三剂疫苗,7月30日开始为60岁以上人群接种第三剂疫苗,到8月29日第三剂疫苗接种范围已扩展至12岁以上人群。

8月17日,一名男子在以色列中部城市莫迪因的一处接种点接种第三剂新冠疫苗。(新华社发,吉尔•科恩•马根摄)
第一项关于疫苗加强针效果的研究由以色列卫生部和以色列魏茨曼科学研究所等研究机构合作完成。7月30日至8月22日期间,研究人员随访了约114万名符合第三剂疫苗接种条件的60岁以上老年人,并将他们的感染情况与是否接种过第三剂疫苗进行关联分析。结果显示,接种第三剂疫苗12天或更长时间后,感染新冠的相对风险降低了11.4倍。经过进一步矫正,研究人员认为,接种第三剂疫苗可将预防感染的保护效力提高至5倍。

第二项研究由以色列马加比医疗保健服务公司与美国耶鲁大学等合作。为了评估接种加强针对预防新冠感染的有效性,研究人员利用来自马加比医疗保健服务公司的患者数据进行初步回顾性研究。结果发现,接种第三剂疫苗7至13天后,新冠病毒检测结果阳性率降低了48%至68%;接种第三剂疫苗14至20天后,新冠病毒检测结果阳性率降低了70%至84%。

上述两篇预印本论文均已发布在医学论文档案网上。美国《科学》杂志网站近日援引美国约翰斯•霍普金斯大学流行病学家戴维•道迪的话报道说,如果以提供高水平的短期免疫力为目标,接种加强针毫无疑问是一个好办法。但由于这些研究只关注了接种加强针后的短期效果,尚不清楚增强的保护作用能持续多久。