Connect with us

COVID-19 UPDATES

အိန္ဒိယနိုင်ငံတွင် ပထမဆုံး အိုမီခရွန် ကိုရိုနာမျိုးကွဲ ဗိုင်းရပ်စ် ကူးစက်ခံရသူများ တွေ့ရှိ၊ ကျူးဘားနိုင်ငံတွင် ဗိုင်းရပ်စ်အသစ်ကို ကိုင်တွယ်ရန် ကာကွယ်ဆေး စတင်တီထွင်

အိန္ဒိယနိုင်ငံ၊ Praia Graj ၌ အမျိုးသမီးတစ်ဦးအား ကိုဗစ်ဆေးစစ်မှုပြုလုပ်နေသည်ကို ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကာနာတာကာတွင် အိုမီခရွန် ကိုရိုနာမျိုးကွဲ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး အား ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိကြောင်း ဒီဇင်ဘာ ၂ ရက်တွင် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ဖော်ခဲ့ကြောင်းနှင့် ကျူးဘားနိုင်ငံ R&D အဖွဲ့အစည်းများသည် အိုမီခရွန် ကိုရိုနာမျိုးကွဲ ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို စတင်တီထွင်နေကြောင်း ကျူးဘားဇီဝဆေးပညာအဖွဲ့က ဒီဇင်ဘာ ၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

အိုမီခရွန် ရောဂါပိုးကူးစက်ခံထားရသော လူနာ ၂ ဦးသည် အသက် ၄၆ နှစ်နှင့် ၆၆ နှစ် အမျိုးသားများဖြစ်ပြီး လက်ရှိတွင် ပြင်းထန်သော ရောဂါလက္ခဏာများ တွေ့ရှိခြင်းမရှိသေးကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ အကြီးတန်းအရာရှိ Raf Agarwal က ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကျန်းမာရေးဌာနသည် ကူးစက်ခံရသူနှစ်ဦးနှင့် ထိတွေ့မှုရှိသူများအား ခြေရာခံခဲ့ပြီး ၎င်းတို့အား အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ အသက် ၆၆ နှစ်အရွယ် ရောဂါကူးစက်ခံရသူသည် တောင်အာဖရိကသို့ ခရီးသွားရာဇဝင်ရှိသော နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ရောဂါကူးစက်ခံရသူမှာ ကာနာတာကာမြို့တော် ဘန်ဂလိုရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံတွင် ကိုဗစ်အတည်ပြုထပ်တိုးလူနာ ၉,၇၆၅ ဦးရှိပြီး စုစုပေါင်း အတည်ပြုလူနာ ၃၄,၆၀၆,၅၄၁ ဦး၊ ထပ်တိုးသေဆုံးသူ ၄၇၇ ဦးရှိပြီး စုစုပေါင်းသေဆုံးသူ ၄၆၉,၇၂၄ ဦး ရှိကြောင်း သိရသည်။

ကျူးဘားနိုင်ငံသည် အိုမီခရွန် ဗိုင်းရ်စ်နှင့် ပတ်သက်၍ အစီရင်ခံချက်များကို အနီးကပ်အာရုံစိုက်နေပြီး နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများမှ အိုမီခရွန် ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးကို စတင်တီထွင်နေပြီဖြစ်ကြောင်း ကျူးဘားနိုင်ငံပိုင် ဇီဝဆေးပညာအဖွဲ့၏ ဥက္ကဋ္ဌ Eduardo Martinez က ဒီဇင်ဘာ ၁ ရက်တွင် ၎င်း၏တွစ်တာ၌ ဖော်ပြထားကြောင်း သိရသည်။ လက်ရှိ အရေးကြီးဆုံးအချက်မှာ ကာကွယ်ဆေးထိုးခြင်းအား ဆက်လက်မြှင့်တင်ရန်နှင့် ကပ်ရောဂါကာကွယ်ခြင်းဆိုင်ရာ အစီအမံများကို လိုက်နာရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံ ကပ်ရောဂါဖြစ်ပွားမှုသည် မကြာသေးမီက သိသိသာသာလျော့ကျသွားကြောင်း၊ ထပ်တိုးအတည်ပြုနှင့် သေဆုံးသူအရေအတွက်မှာလည်း သိသိသာသာကျဆင်းသွားကြောင်း၊ ကျူးဘားပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် နိုင်ငံတွင်း ကူးစက်ခံရသူ ၁၄၂ ဦးရှိခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၉၆၂,၆၂၈ ဦးရှိပြီဖြစ်ကြောင်း၊ သေဆုံးသူအနေဖြင့် ၁ ဦး ထပ်မံရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၈,၃၀၅ ဦးရှိပြီဖြစ်ကြောင်း၊ ထို့အပြင် ကျူးဘားနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၈၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သော လူပေါင်း ၉.၂၁ သန်းကျော်သည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ ကျူးဘားသည် ၎င်း၏ကိုယ်ပိုင်တီထွင်ထားသော Avdara ၊ “Sovereign 02” နှင့် “Sovereign Plus” ကာကွယ်ဆေးများဖြင့် ပြည်သူများအား ကာကွယ်ဆေးထိုးပေးလျက်ရှိကြောင်း ကျူးဘား ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အိုမီခရွန်ဗိုင်းရပ်စ်ဝင်ရောက်မှုကို တားဆီးရန်အတွက် တောင်အာဖရိက၊ လီဆိုသို၊ ဘော့ဆွာနာစသည့် နိုင်ငံများမှ ခရီးသည်များအား နိုင်ငံတွင်းဝင်ရောက်လာချိန်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်းနှင့် ရောဂါမရှိကြောင်း ၇၂ နာရီအတွင်း စစ်ဆေးထားသော nucleic acid အသိအမှတ်ပြုလက်မှတ်တို့ကို ပြသရန် လိုအပ်ကြောင်းနှင့် နိုင်ငံတွင်းဝင်ရောက်စဉ် nucleic acid ဆေးစစ်မှုခံရမည်ဖြစ်ပြီး သတ်မှတ်ထားသော ဟိုတယ်သို့ ၇ ရက်ကြာ ကွာရန်တင်းဝင်ရမည်ဖြစ်ပြီး ၆ ရက်မြောက်နေ့တွင် nucleic acid ဆေးစစ်မှု ထပ်မံခံယူရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
(国际疫情)综合消息:印度首次报告奥密克戎毒株感染病例 古巴着手设计疫苗应对新毒株
新华社北京12月2日电综合新华社驻新德里记者赵旭、驻哈瓦那记者朱婉君报道:印度卫生部2日说,在该国卡纳塔克邦发现两例变异新冠病毒奥密克戎毒株感染病例,这是该国首次报告奥密克戎毒株感染病例。古巴生物医药集团1日宣布,该国研发机构已着手设计针对奥密克戎毒株的疫苗。
印度卫生部高级官员拉夫•阿加瓦尔在2日召开的发布会上表示,两名感染奥密克戎毒株的患者均为男性,年龄分别为46岁和66岁,目前没有出现严重症状。卫生部门已追踪到这两名感染者的所有接触人员,并正在进行严密监测。
另据印度媒体报道,这名66岁的感染者是有南非旅行史的外国人,46岁的感染者是卡纳塔克邦首府班加罗尔的一名卫生工作者。出于保护隐私等考虑,印度卫生部没有透露两名患者的更多信息。
印度卫生部2日发布的疫情数据显示,当天该国新增新冠确诊病例9765例,累计确诊34606541例;新增死亡477例,累计死亡469724例。
古巴国有企业生物医药集团主席爱德华多•马丁内斯1日在社交媒体推特上发文说,古巴密切关注有关奥密克戎毒株的报告,该国研发机构已着手设计针对该毒株的疫苗。他还表示,当前最重要的是继续推进新冠疫苗接种并坚持防疫措施。
古巴新冠疫情近期明显趋缓,新增确诊和死亡病例数量大幅降低。古巴公共卫生部1日发布疫情数据显示,该国较前一日新增新冠确诊病例142例,累计确诊962628例;新增死亡1例,累计死亡8305例。此外,古巴有超过921万人完成新冠疫苗全程接种,约占总人口的82.4%。目前,古巴为民众接种的是其自主研制的阿夫达拉、“主权02”和“主权Plus”疫苗。
为防止奥密克戎毒株输入,古巴将从12月4日起要求来自南非、莱索托、博茨瓦纳等国家旅客入境时出示新冠疫苗全程接种证明和72小时内核酸阴性证明,并接受核酸检测,之后到指定酒店强制隔离7天,并在隔离第6天再次接受核酸检测。(完)