Connect with us

Asia

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်တွင် အရက်အတုသောက်သုံးမှုကြောင့် လူ ၁၀ ဦး သေဆုံး

အိန္ဒိယနိုင်ငံတွင် အရက်အတုပုလင်းများ ကိုင်ထားသူတစ်ဦးကို မေလ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် နိုဝင်ဘာ ၄ ရက်က အရက်အတုသောက်ခြင်းကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာက ယင်းနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
Hindustan Times ၏ဖော်ပြချက်အရ ဘီဟာပြည်နယ် Gobalganj ခရိုင်တွင်လူ ၆ ဦး သေဆုံးခဲ့ပြီး Sijianbaran ခရိုင်တွင်လူ ၄ ဦး သေဆုံးခဲ့သည့်အပြင် အခြားသူ ၁၀ ဦး ကျော်လည်း ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။

ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အတွင်း အရက်အတုသောက်သုံးမှုကြောင့် လူပေါင်း ၈၀ သေဆုံးခဲ့ပြီး အခြားလူအများအပြားသည်လည်း မျက်မမြင်ဖြစ်ခဲ့ရကြောင်း အစီရင်ခံစာများအရ သိရသည်။
အိန္ဒိယနိုင်ငံတွင် စီးပွားရေးသမားများက အရက်၊ ဝိုင်အတုများကို တရားမဝင်ရောင်းချခြင်းကြောင့် အရက်အတု အဆိပ်သင့်သေဆုံးမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ အဆိုပါ အရက်၊ ဝိုင်အတုများထုတ်လုပ်ရာတွင် စက်မှုအရက်နှင့်ရောစပ်လေ့ရှိသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်က အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်တွင် အရက်အတုသောက်သုံးခြင်းကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————–
(Chinese Version)
(社会)印度比哈尔邦10人因饮用假酒死亡

新华社新德里11月4日电(记者姜磊)据印度媒体4日报道,该国比哈尔邦当天有10人因饮用假酒死亡。   据《印度斯坦时报》报道,比哈尔邦戈巴尔根杰地区有6人死亡,西坚巴兰地区有4人死亡,另有10多人在医院接受治疗。
据报道,今年该邦已有80人因饮用假酒死亡,另有多人因此失明。
印度时常发生不法商人兜售假酒导致中毒死亡的案件,这类假酒常掺兑工业酒精。2020年7月底,印度旁遮普邦曾发生假酒案,造成100多人死亡。(完)