Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ပြင်းထန်သည့် ယာဉ်မတော်တဆမှုဖြစ်ပွား ၊ လူ ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရ

နယူးဒေလီ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာ ၇ ရက်က ပြင်းထန်သည့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့၏ ယင်းနေ့တွင် ပြောကြားချက်များအရ သိရသည်။မြို့တော် နယူးဒေလီမှမောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ဥတ္တရပဒေသပြည်နယ် Barabankiဒေသတွင် မျက်နှာချင်းဆိုင်မောင်းနှင်လာသည့် ကုန်တင်ကားနှင့် တိုက်မိမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုသည် ဒေသစံတော်ချိန် ၅ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဒဏ်ရာရသူများအား ယင်းဒေသဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေးနေကြောင်း၊ ၎င်းတို့အနက် အချို့မှာ ဒဏ်ရာပြင်းထန်ရာ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ဆိုသည်။

လမ်းအခြေအနေဆိုးဝါးခြင်းနှင့် ယာဉ်မောင်း၏ အရှိန်လွန်မောင်းနှင်ခြင်း၊ ဝန်ပိုတင်ခြင်း စသည့် စည်းကမ်းချိုးဖောက်မှုများကြောင့် အိန္ဒိယတွင် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ အပြည့်အစုံမဟုတ်သေးသည့် ကိန်းဂဏန်းများအရ အိန္ဒိယတွင် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် လူပေါင်း ၁၅,၀၀၀ ခန့် သေဆုံးရကြောင်း သိရသည်။ (Xinhua)

————————————————-
(Chinese Version)

(国际)印度北部发生重大交通事故致10死25伤

新华社新德里10月7日电印度警方7日说,印度北部当天发生一起重大交通事故,一辆来自首都新德里的客车在北方邦巴拉班基地区与一辆迎面驶来的卡车相撞,造成至少10人死亡、25人受伤。

警方说,事故发生在当地时间5时30分左右。伤者已被送往当地医院接受治疗,其中一些伤者伤势严重,死亡人数可能还会上升。
因道路状况恶劣以及驾驶员超速、超载等违规操作,印度交通事故频发。据不完全统计,印度每年约有15万人死于交通事故。(完)
图说1:这是1月19日在印度古吉拉特邦苏拉特市附近拍摄的交通事故现场。新华社发