Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် စစ်တပ်က အရပ်သားများအား မှားယွင်းတိုက်ခိုက်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံဘက်အခြမ်းမှ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် လုံခြုံရေးတာဝန်ယူနေသော အိန္ဒိယစစ်သားတစ်ဦးအား အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ  ၆  ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း နာဂလန်ပြည်နယ်တွင် စစ်တပ်က အရပ်သားများအား မှားယွင်းတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ အရပ်သား ၁၄ ဦး ရှိကြောင်း သိရသည်။

ကျောက်မီးသွေးတွင်း လုပ်သားအချို့သည် ဒီဇင်ဘာ ၄ ရက် ညပိုင်းက ကားစီးပြီး အိမ်သို့ ပြန်လာစဉ် လမ်းခုလတ် တစ်နေရာဖြစ်သည့် နာဂလန် ပြည်နယ် Otingကျေးရွာအနီးတွင် အိန္ဒိယစစ်တပ် ၏ မှားယွင်း ပစ်ခတ်မှုကို ခံခဲ့ရရာ အရပ်သား ၁၂ ဦးမှာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ ထိုမတိုင်မီ အချင်းဖြစ်နေရာတွင် သူပုန်လက်နက်ကိုင်များက စစ်တပ်အား တိုက်ခိုက်မည်ဟု သတင်းရရှိခဲ့သဖြင့် ရက်သတ္တပတ် တစ်ပတ်ကြာ ကင်းပုန်းချထားကြောင်း ၊ ယခုလို မှားယွင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်၏သတင်းများကို ကိုးကား၍ မီဒီယာများက ဖော်ပြထားသည်။

အချင်းဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများနှင့် အိန္ဒိယစစ်တပ်အကြား ပဋိပက္ခ ပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကား ၂ စီး မီးရှို့ဖျက်စီးခံခဲ့ရပြီး တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာပြင်းထန်စွာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ပဋိပက္ခအတွင်း စစ်တပ်က သေနတ်ပစ်ခတ်ခဲ့ရာ အရပ်သားသေဆုံးဒဏ်ရာရမှုများ ထပ်မံဖြစ်ပွားခဲ့သည်။ အရပ်သား သေဆုံးသူ ဦးရေသည် ၁၄ ဦးထိ မြင့်တက်ခဲ့ကြောင်း နာဂလန်ပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

နာဂလန်ပြည်နယ် ဝန်ကြီးချုပ် Neiphiu Rioက ယင်းဖြစ်ရပ်အား ပြစ်တင်ရှုတ်ချခဲ့ပြီး အဆင့်မြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွတ်ကာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။ မြေပြင်အခြေအနေ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် အချင်းဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ဒီဇင်ဘာ ၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际)印度东北部发生军队误袭平民事件
2021-12-06 01:53:32
新华社新德里12月5日电据印度媒体5日报道,印度东北部那加兰邦发生一起军队误袭平民事件,目前已造成14名平民死亡。
据印度媒体报道,一些煤矿工人4日晚乘车回家,途中在那加兰邦奥廷村附近遭到印度军队射击,12名平民当场死亡。媒体援引军方消息说,此前收到有关反叛武装策划在事发地袭击军方的线报,士兵已设伏一周,却发生了误袭事件。
事件发生后,当地居民与印度军队发生激烈冲突,两辆军车被焚毁,1名士兵因伤势过重死亡。军方在冲突中开枪,又造成多名平民伤亡。那加兰邦内政部门5日证实,平民死亡人数已升至14人。
那加兰邦首席部长里奥谴责这起事件,表示将派出高级别调查组展开彻查。印度军方5日发表声明说,现场情况已得到控制,事发原因正在调查中。(完)
10月11日,印度军人在印控克什米尔斯利那加街头执勤。新华社发(贾韦德•达尔摄)