Connect with us

Asia

အိန္ဒိယ-ရုရှား နှစ်နိုင်ငံခေါင်းဆောင်များ နယူးဒေလီတွင် တွေ့ဆုံဆွေးနွေး

အိန္ဒိယဝန်ကြီးချုပ် မိုဒီ နှင့် ရုရှားသမ္မတ ပူတင်တို့ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဒီဇင်ဘာ ၆ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ရုရှားသမ္မတ ပူတင်တို့သည် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် ဒီဇင်ဘာ ၆ ရက် ညပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် ကုန်သွယ်စီးပွား၊ စွမ်းအင်နှင့်ကာကွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများအား အားဖြည့်ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။

ရုရှားသမ္မတ ပူတင်သည် ဒီဇင်ဘာ ၆ ရက်မှစ၍ အိန္ဒိယအလည်အပတ်ခရီးစဉ်စတင်ခဲ့ပြီး အိန္ဒိယ-ရုရှား ခေါင်းဆောင်များ ၂၁ ကြိမ်မြောက် နှစ်စဉ်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုတွေ့ဆုံမှုမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံခေါင်းဆောင်များ ပထမဆုံးအကြိမ် အော့ဖ်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်အရ နှစ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်တွင် နှစ်ဖက်ကုန်သွယ်ရေးပမာဏ အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံ ရည်မှန်းချက်ထား ရောက်ရှိအောင် ကြိုးပမ်းကြရန်၊ နှစ်ဖက်ငွေကြေးစနစ်ဖြင့်ပေးချေမှုကို ဆက်လက်တွန်းအားပေးဆောင်ရွက်ကြရန် အိန္ဒိယ-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင်များ အလေးထားပြောကြားခဲ့ကြောင်း သိရသည်။ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးထောက်တိုင်ဖြစ်ရာ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍများတွင် ကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ဖို ဆက်လက်တွန်းအားပေးရန်၊ BRICနိုင်ငံများ မူဘောင်အတွင်း ပူပေါင်းညှိနှိုင်းဆွေးနွေးမှုများ အားထားဆောင်ရွက်ရန် ထပ်မံအလေးထား ပြောကြားခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) နိုင်ငံတကာရေးရာတွင် ပိုမိုကြီးမားသည့်အခန်းကဏ္ဍမှပါဝင်မှုကို အားပေးထောက်ခံကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringlaက နှစ်ဖက်ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယ-ရုရှား နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံသည် အဓိက ဆွေးနွေးမှုကဏ္ဍဖြစ်ကြောင်း ၊ အထူးသဖြင့် ယခုနှစ် နှစ်ဖက်ကုန်သွယ်ရေးတိုးတက်လာသည့်အခြေအနေတွင် နှစ်နိုင်ငံ အနာဂတ် ကုန်သွယ်ရေး တိုးချဲ့ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရန်များမှာ မျှော်လင့်ဖွယ်ဖြစ်ကြောင်း ယင်း‌နေ့ညပိုင်းက မီဒီယာများအား ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံအကြား သိပ္ပံနည်းပညာ၊ အဆင့်မြင့်ပညာရေး၊ ဉာဏ်ဏမူပိုင်ခွင့် ၊ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဖလှယ်ရေး၊ ငြိမ်းချမ်းစွာ အပြင်ဖက် အာကာသ အသုံးပြုရေးစသည့်ကဏ္ဍများပါဝင်သော သဘောတူညီချက် ၂၈ ခုအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ယင်းနေ့တွင်ပင် အိန္ဒိယ-ရုရှား နိုင်ငံခြားရေးဝန်ကြီးနှင့်ကာကွယ်ရေးဝန်ကြီးများ”၂+၂”တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။ အိန္ဒိယ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ကာကွယ်ရေးကဏ္ဍပူးပေါင်းဆောင်ရွက်အား မြှင့်တင်အားဖြည့်ရန်အတွက် နှစ်နိုင်ငံအကြား သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ရုရှားက ယခုလမှစ၍ အိန္ဒိယသို့ S-400 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ် ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-ရုရှား နှစ်နိုင်ငံခေါင်းဆောင်များ အကြိမ် ၂၀ မြောက် နှစ်စဉ်တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့ပြီး ကိုဗစ်ကပ်ရောဂါ၏သက်ရောက်မှုကြောင့် ပြီးခဲ့သည့်နှစ်က တွေ့ဆုံဆွေးနွေးမှုအား ဖျက်သိမ်းခဲ့သည်။ (Xinhua)

———————————–
(Chinese Version)
(国际)印俄领导人在新德里举行会晤
2021-12-07 06:01:40
新华社新德里12月6日电(记者赵旭)印度总理莫迪与俄罗斯总统普京6日晚在印度首都新德里举行会晤。两国领导人同意加强在经贸、能源和防务等领域的双边合作。
普京6日开始对印度进行访问并参加印俄领导人第21次年度会晤。这是新冠疫情暴发以来两国领导人首次举行线下会晤。
根据会后发表的联合声明,印俄领导人强调,两国将努力实现到2025年双边贸易额达到300亿美元的目标,继续推动双边本币结算;重申能源合作是两国关系的重要支柱,继续推动在石油和天然气领域开展广泛合作;重申致力于在金砖国家框架内加强合作与协调;支持上海合作组织在国际事务中发挥更大作用。
印度外交秘书什林拉当晚对媒体说,加强双边贸易和投资是印俄领导人会晤的重点议题,特别是在今年双边贸易额出现增长的背景下,两国未来扩大贸易和投资合作值得期待。会晤结束后,两国签署了涉及科技、高等教育、知识产权、军事技术合作、文化交流、和平利用外层空间等领域的28项协议。
同日,印俄外交部长和国防部长举行“2+2”会谈。据印度媒体报道,两国就加强防务合作签署多项协议。此外,俄罗斯将从本月起正式向印度提供S-400防空导弹系统。
印俄领导人第20次年度会晤于2019年举行。受新冠疫情影响,去年会晤被取消。(完)
图说1:12月6日,印度总理莫迪与俄罗斯总统普京在印度首都新德里举行会晤。 新华社发(印度新闻信息局供图)