Connect with us

CHINA

အိုင်ယာလန်နိုင်ငံတွင် Sinovac နှင့် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသော ခရီးသွားများအား ပြည်ဝင်ခွင့်ပြု

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် Sinopharm ကိုဗစ်ကာကွယ်ဆေးပုလင်းကို ဇွန် ၁ ရက်က ပြသနေစဉ် (ဆင်ဟွာ)

ဒပ်ဗလင်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အိုင်ယာလန် အစိုးရ ဝဘ်ဆိုက်တွင် နိုင်ငံတကာ ခရီးသွားသတ်မှတ်ချက်အသစ်ထုတ်ပြန်ခဲ့ရာ Sinovac နှင့် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့် ခရီးသွားများသည် ၁၄ ရက်ကြာပြီးနောက် တရားဝင်လက်မှတ်ကိုင်ဆောင်၍ နိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ကြောင်း နိုဝင်ဘာ ၁၄ ရက်က သိရသည်။

သတ်မှတ်ချက်များအရ အိုင်ယာလန်သို့ ဝင်ရောက်သည့် ခရီးသွားများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း သို့မဟုတ် ရောဂါမှ ပြန်လည်ကျန်းမာလာကြောင်း တရားဝင်လက်မှတ်ပြသရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ၇၂ နာရီအတွင်း Nucleic acidစစ်ဆေးမှု Negativeအထောက်အထား ပြရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အိုင်ယာလန်အစိုးရက အသိအမှတ်ပြုသည့် ကိုဗစ်ကာကွယ်ဆေး ၆ မျိုးရှိရာ အသစ်ထပ်တိုးသည့် Sinovac နှင့် Sinopharm အပြင် Pfizer၊ Moderna၊ Johnson & Johnson နှင့် AstraZeneca ကိုဗစ်ကာကွယ်ဆေးများ ပါဝင်ကြောင်း သိရသည်။

အောက်တိုဘာ ၂၂ ရက်မှစပြီး အိုင်ယာလန်အစိုးရ ကူးစက်မှုအန္တရာယ်မြင့်မားသည့် နိုင်ငံများမှခရီးသွားများအား မဖြစ်မနေကွာရန်တင်းဝင်ရန် သတ်မှတ်ချက်ကို ဖျက်သိမ်းခဲ့သည်။

ယခုနှစ် ဇူလိုင်မှစပြီး အထူးသဖြင့် အောက်တိုဘာ ၂၂ ရက်မှစတင်ကာ အိုင်ယာလန်တွင် ကိုဗစ်ကပ်ရောဂါအခြေအနေ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်။ ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၃ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်များအရ အိုင်ယာလန်၌ ယင်းနေ့တွင် ထပ်တိုးသည့် ကိုဗစ်လူနာ ၄,၆၄၂ ဦး ရှိရာ ၎င်းမှာ ပြီးခဲ့သည့်ရက် ကပ်ရောဂါလှိုင်းသစ်အမြင့်ဆုံးမှတ်တမ်း ၅,၄၈၃ ဦး‌ နောက်ပိုင်း အများဆုံးထပ်တိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

အိုင်ယာလန်တွင် လက်ရှိ နေ့စဉ်ကိုဗစ်ထပ်တိုးလူနာဦးရေကို ထုတ်ပြန်ခြင်းမရှိတော့ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝဘ်ဆိုက် ကိန်းဂဏန်းများအရ ယခုလ ၁၂ ရက်အထိ အိုင်ယာလန်တွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၄၈၄,၅၂၃ ဦး ရှိကြောင်း သိရသည်။ (Xinhua)
………………………………………………
(Chinese Version)
(国际疫情)爱尔兰允许接种中国科兴和国药新冠疫苗旅客入境
2021-11-14 23:08:01
新华社都柏林11月14日电(记者张琪)记者14日从爱尔兰政府网站获悉,该网站已更新国际旅行规定,爱尔兰允许完全接种中国科兴和国药新冠疫苗14天后的旅客持有效证明入境。
依据上述规定,进入爱尔兰的旅客必须提供有效新冠疫苗接种证明或新冠康复证明,亦或72小时内核酸检测阴性证明。目前爱尔兰政府共承认6款新冠疫苗,除最新增加的科兴和国药疫苗外,还包括辉瑞、莫德纳、强生和阿斯利康新冠疫苗。
从10月22日起,爱尔兰政府正式取消了对来自高风险国家旅客实施强制集中隔离的规定,取消入境旅客必须居家自我隔离的规定,不再要求旅客入境后须及时提供住址和联系方式等信息。
自今年7月以来,特别是10月22日以来,爱尔兰新冠疫情大幅反弹。该国卫生部11月13日公布的数据显示,爱尔兰当日新增新冠确诊病例4642例,仅次于前一日创下的新一轮疫情中该数值最高纪录5483例。
爱尔兰目前不再每日发布累计新冠确诊病例数。据世界卫生组织网站数据,截至本月12日,爱尔兰累计新冠确诊病例为484523例。(完)
Photo taken on June 1, 2021 shows a vial of the Sinopharm vaccine in Beijing, capital of China.
………………………………………………