Connect with us

Africa & Middle East

အိုင်အက်စ်အဖွဲ့က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ရေနံတွင်းလုပ်သားများကို တိုက်ခိုက်ခဲ့ရာ လူ ၁၀ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တောင်ဘက် ပါလက်စတိုင်း ဒုက္ခသည် အခြေချနေထိုင်သည့့် Yarmouk ဒုက္ခသည်စခန်းက အဆောက်အဦ အပျက်အစီးတွေကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

အိုင်အက်စ် စစ်သွေးကြွအဖွဲ့သည် ဒီဇင်ဘာ ၂ ရက်တွင် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ်တွင် ရေနံတွင်းလုပ်သားများကို တင်ဆောင်လာသော မီနီဘတ်စ်အား တိုက်ခိုက်ခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Deir ez-Zor ပြည်နယ် အနောက်တောင်ပိုင်းတွင် အိုင်အက်စ် စစ်သွေးကြွအဖွဲ့က မီနီဘတ်စ် ၂ စီးကို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုကားပေါ်တွင် Deir ez-Zor ပြည်နယ်ရှိ ရေနံမြေမှ အလုပ်ဆင်း ထွက်ခွာလာသော လုပ်သားများ ပါဝင်ကြောင်း Deir ez-Zor ပြည်နယ် အုပ်ချုပ်ရေးမှူး Fadr Najjar ၏ ပြောကြားချက်ကို ကိုးကား၍ ဆီးရီးယား သတင်းအေဂျင်စီက သတင်းဖော်ပြထားကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
(新华简讯)“伊斯兰国”在叙利亚东部袭击油田工人致10人死亡
新华社大马士革12月2日电极端组织“伊斯兰国”2日在叙利亚东部代尔祖尔省对两辆搭载油田工人的小巴车发动袭击,造成10人死亡,另有多人受伤。
叙利亚通讯社援引代尔祖尔省省长法德尔•纳贾尔的话报道说,一伙“伊斯兰国”武装分子2日在代尔祖尔省西南部对两辆小巴车实施袭击,小巴车上搭载的是代尔祖尔省一座油田的工人,他们已结束当天的工作乘车离开油田。(完)