Connect with us

Europe

အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်က ဥရောပတွင် “ဆူနာမီ”ရေလှိုင်းသဖွယ် ပြင်းထန်နေ

မက်ဒရစ်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ဥရောပနိုင်ငံအများအပြားတွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ အရေအတွက် အဆမတန်တိုးပွားလာခဲ့ရာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့သည်။ကိုဗစ်စစ်ဆေးစမ်းသပ်မှု မလုံလောက်ခြင်းနှင့် စာရင်းပြုစုမှု နှေင့်နှေးခြင်းကြောင့် အမှန်တကယ် ရောဂါဖြစ်ပွားမှုအရေအတွက်သည် တရားဝင်ထုတ်ပြန်သည်ထက် ပိုမိုများနိုင်ကြောင်း၊ လက်ရှိ ကပ်ရောဂါ ကာကွယ်ရေး အစီအမံများသည် မြင့်မားသော ရောဂါကူးစက်မှုလှိုင်းများကို ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်ကြောင်း နိုင်ငံအများအပြားမှ ကျွမ်းကျင်သူများက ဆိုသည်။ရောဂါကူးစက်မှု အဆမတန် တိုးလာ

ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ဥရောပနိုင်ငံအများအပြားတွင် ထပ်တိုးကိုဗစ်အတည်ပြုလူနာအရေအတွက်သည် ဆက်လက် စံချိန်ချိုးမြင့်တက်လျက်ရှိကြောင်း သိရသည်။

ဗြိတိန်အစိုးရ၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း၌ ထပ်တိုးကိုဗစ်အတည်ပြုလူနာ ၁၈၉,၈၄၆ ဦးရှိခဲ့ရာ ထက်မံစံချိန်တင်မြင့်တက်ခဲ့သည်။ ဗြိတိန်နိုင်ငံတွင်းကူးစက်မှု ၉၀ ရာခိုင်နှုန်းကျော်သည် အိုမီခရွန် ရောဂါပိုးဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးနှင့် လုံခြုံရေးအေဂျင်စီက ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၃၁ ရက်တွင် နိုင်ငံတွင်းထပ်တိုးကိုဗစ်အတည်ပြုလူနာ ၂၃၂,၀၀၀ ဦးရှိရာ ယခင်ရက်က စံချိန်တင် ရောဂါကူးစက်မှုအရေအတွက် နှင့် ဥရောပနိုင်ငံများတစ်ရက်အတွင်း ရောဂါကူးစက်မှုစံချိန်ကို ကျော်လွန်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်ရှိ ခရစ္စမတ်ဈေးတစ်ခုတွင်နှာခေါင်းစည်းတပ်ဆင်ထားသူများ သွားလာနေသည်ကို တွေ့ရ
စဉ် (ဆင်ဟွာ)

ပြင်သစ်တွင်ထပ်တိုးကိုဗစ်အတည်ပြုလူနာများ၏ သုံးပုံတစ်ပုံသည် အိုမီခရွန် ရောဂါပိုး ကူးစက်ခံထားရကြောင်း အိုမီခရွန်သည် ဒယ်လ်တာဗိုင်းရပ်စ်ပိုးကို တဖြည်းဖြည်း အစားထိုးလာပြီး “လျှပ်စီးကြောင်း”သဖွယ် ကူးစက်ပြန့်ပွားနေသောကြောင့် ရောဂါဖြစ်ပွားမှုတွင်အရေအတွက် အဆမတန်တိုးလာခဲ့သည် ဟုပြင်သစ်ကူးစက်ရောဂါဗေဒပညာရှင် Philip Amuyel က ဒီဇင်ဘာ ၂၉ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ်က ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံအသီးသီးမှ ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ ဒီဇင်ဘာ ၃၀ ရက်တွင် စပိန်၌ ထပ်တိုးအတည်ပြုလူနာသည် ၁၆၁,၆၈၈ သို့ရောက်ရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း၊ လူဦးရေ ၁ သန်းအောက်သာရှိသော ဆိုက်ပရပ်စ်နိုင်ငံတွင် အတည်ပြုလူနာသည် ဒီဇင်ဘာ ၂၇ ရက်၌ ၁၉၂၅ မှဒီဇင်ဘာ ၃၁ ရက်တွင် ၅,၀၄၈ အထိ တိုးလာခဲ့ကြောင်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် ပေါ်တူဂီနိုင်ငံ၌ ထပ်တိုးကိုဗစ်အတည်ပြုလူနာ၂၈,၀၀၀ ကျော်အထိ ရောက်ရှိခဲ့ကြောင်း ၊ ဂရိတွင် အတည်ပြုလူနာသည် ဒီဇင်ဘာ ၂၇ ရက်က ၁၀,၀၀၀ ဦးမှ ဒီဇင်ဘာ ၃၁ ရက်တွင် ၄၀,၅၆၀ အထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။ဂရိအမျိုးသား ပြည်သူ့ကျန်းမာရေးအဖွဲ့မှ ဒီဇင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ နိုင်ငံ၏ လူဦးရေ ၁၁ သန်းနီးပါးတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုနှုန်းသည် ၈ ဒသမ ၃၇ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အမှန်တကယ်ရောဂါကူးစက်မှုအရေအတွက်က ပိုများနိုင်

နိုင်ငံအသီးသီးမှ တရားဝင်ထုတ်ပြန်သော ရောဂါကူးစက်မှုအရေအတွက်က အလွန်မြင့်မားနေသော်လည်း စစ်ဆေးစမ်းသပ်မှု မလုံလောက်ခြင်းနှင့် စာရင်းပြုစုမှု နှေင့်နှေးခြင်းကြောင့် အမှန်တကယ် ရောဂါဖြစ်ပွားမှုအရေအတွက်သည် ပိုမိုများနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ဗြိတိန်နိုင်ငံ သိပ္ပံနည်းပညာဆိုင်ရာအရေးပေါ် အကြံပေးအဖွဲ့မှ ထုတ်ပြန်သော နောက်ဆုံး အစီရင်ခံစာတွင် အင်္ဂလန်၌ နေ့စဉ် အိုမီခရွန် ကူးစက်မှုသည် လက်ရှိတွင် သိန်းချီရှိနေပြီး တရားဝင်ထုတ်ပြန်သည်ထက် ကျော်လွန်နေကြောင်း၊ အစီရင်ခံစာ ပေးပို့မှု နောက်ကျနေခြင်းကြောင့် လက်ရှိ ဗြိတိန်တွင် အိုမီခရွန်ကြောင့် ဆေးရုံတင်ကုသရသော လူနာအရေအတွက်သည် အမှန်တကယ်အရေအတွက်၏ ဆယ်ပုံတစ်ပုံမျှသာ ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဗိုင်းရပ်စ်ကူးစက်မှု အရှိန်အဟုန်အဆမတန် မြင့်တက်လာမှုကြောင့် စစ်ဆေးစမ်းသပ်မှုပစ္စည်းများ ပြတ်လပ်ကာ ပြည်သူများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အိမ်သုံး နျူကလိစ်အက်စစ်စစ်ဆေးရေး ပစ္စည်းများလုံလောက်စွာရရှိမှု မရှိသည့်အပြင် နျူကလိစ်အက်ဆစ်စမ်းသပ်သည့်နေရာအများစုမှာလည်း ကြိုတင်စာရင်းသွင်းခြင်းမပြုနိုင်ကြောင်း ဗြိတိန်အစိုးရဝဘ်ဆိုဒ်က ဒီဇင်ဘာ ၃၀ ရက် တွင် ထုတ်ပြန်ထားသည်။

ဂျာမနီရောဂါထိန်းချုပ်ရေးအေဂျင်စီ Robert Koch Institute က ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ်ရက်များတွင် စစ်ဆေးစမ်းသပ်မှု ပမာဏ မလုံလောက်ခြင်းနှင့် စာရင်းပြုစုမှု နောက်ကျခြင်းကြောင့် လက်ရှိအချက်အလက်များသည် ကပ်ရောဂါအခြေအနေ အပြည့်အဝကို ကိုယ်စားမပြုနိုင်ကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် ထောက်ပြခဲ့သည်။

မကြာသေးမီက စပိန်နိုင်ငံ မက်ဒရစ်တွင် သံသယလူနာအများအပြား ရှိပြီး အစိုးရဆေးရုံများတွင် စမ်းသပ်စစ်ဆေးရန် လူအများအပြား စောင့်ဆိုင်းနေရာ ဒီဇင်ဘာ ၃၀ ရက်တွင် လျှောက်ထားသည့် ရောဂါစစ်ဆေးခြင်းသည် ၅ ရက်မှသာ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖင်လန်နိုင်ငံလေဆိပ်တွင် ပြည်တွင်းသို့ဝင်ရောက်သည့် ခရီးသည်များကို nucleic acid စစ်ဆေးပြီးသည့် negative လက်မှတ်ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်းသည် လေဆိပ်တွင် ရှုပ်ထွေးမှုဖြစ်စေနိုင်ကြောင်း၊ ခရီးသည်အရေအတွက်အလွန်များပြားသောကြောင့် လူတိုင်း၏လက်မှတ်ကို စစ်ဆေးရန် မဖြစ်နိုင်ကြောင်း၊ ဖင်လန်နိုင်ငံအမျိုးသားကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာနမှ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ချက်အရ စားရင်းပြုစုမှုပေးပို့ခြင်းပြဿနာများကြောင့် ရောဂါကူးစက်မှု ထုတ်ပြန်သည့် အချက်အလက်သည် မပြည့်စုံကြောင်း လက်ရှိတွင် အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ခဲ့ကြောင်း သိရသည်။

ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများ လုံလောက်မှုမရှိ

အိုမီခရွန် ဗိုင်းရပ်စ်ပိုး၏ မြန်ဆန်သော ကူးစက်မှုကို ရင်ဆိုင်ရန် ဥရောပနိုင်ငံအများအပြား၏ အစိုးရများသည် ကပ်ရောဂါကာကွယ်ရေးအစီအမံများကို တင်းကျပ်လုပ်ဆောင်ခဲ့သော်လည်း အဆိုပါအစီအမံများသည် ဗိုင်းရပ်စကူးစက်ပြန့်ပွားကို တားဆီးရန် လုံလောက်မှုမရှိကြောင်း လူအများက ယူဆကြသည်။

ဒတ်ချ်ပြည်သူများက ဒတ်ခ်ျအစိုးရ၏ ကပ်ရောဂါကာကွယ်ခြင်းဆိုင်ရာ အစီအမံများအပေါ် ယုံကြည်မှုသည် ကူးစက်ရောဖြစ်ပွားပြီးကတည်းက အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း ဒတ်ခ်ျအမျိုးသားကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဌာနမှ ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်သည့် စစ်တမ်းအရသိရသည်။

ဗြိတိန်ရှိ Liverpool တက္ကသိုလ်မှ လူမှုရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ Stuart Wilkes-Sig က အိုမီခရွန် ရုတ်တရက်ကူးစက်ပြန့်ပွားမှုသည် ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်မှုအစီအမံအသစ်များ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ British Medical Journal ၏အပတ်စဉ်မဂ္ဂဇင်းတွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအချို့က အိုမီခရွန်သည် ကျန်းမာရေး ဝန်ဆောင်မှုစနစ် ပြိုလဲစေနိုင်ကြောင်း ၎င်းကိုကာကွယ်ရန် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများကို ချက်ချင်းအဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဝေလပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု၏ကျန်းမာရေးကာကွယ်မှုနယ်ပယ်အကြီးအကဲ Giri Shankar က ဝေလသည်လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း အိုမီခရွန် ရောဂါပိုးကူးစက်မှုသည် “ဆူနာမီ” ရေလှိုင်းသဖွယ် ပြင်းထန်နိုင်ကြောင်း ပြောကြားခဲ့သည်။

စပိန်နိုင်ငံ သိပ္ပံသုတေသန အဆင့်မြင့်ကော်မရှင်မှ ဗိုင်းရပ်စ်ဗေဒပညာရှင် Margarita Delbar က “လက်ရှိအစီအမံတွေကို ပြောင်းလဲမှုမလုပ်ပါက ရောဂါကူးစက်မှု ဆက်လက်တိုးလာမယ်” ဟု ပြောကြားခဲ့သည်။(Xinhua)

…………………………………………
(Chinese Version)

奥密克戎毒株在欧洲掀起疫情“海啸”
2022-01-01 17:55:01 分类: 社会
图片轮播
新华社马德里12月31日电(记者孟鼎博)由于新冠变异病毒奥密克戎毒株传播,近来欧洲多国单日新增病例数呈指数级增长,不断创下疫情暴发以来最高纪录。多国专家表示,由于检测不足、统计滞后,真实数据可能比官方数据更大。目前的防疫措施被认为不足以应对汹涌而来的病例潮。
病例数指数级增长
欧洲多国疫情暴发以来的日增确诊病例数纪录连日来不断被刷新。
英国政府2021年12月31日公布的疫情数据显示,该国新增确诊病例189846例,再创下疫情暴发以来最高纪录。英国卫生安全局12月29日表示,英格兰90%以上社区感染病例源于奥密克戎毒株感染。
2021年12月23日,一名儿童走过法国巴黎凯旋门附近的一处新冠病毒检测点。新华社记者高静摄
法国卫生部12月29日通报,过去24小时新增确诊病例超过20万例,达20.8万例,刷新前一日所创近18万例的单日纪录,同时打破欧洲国家单日新增最高纪录。12月31日这一数据攀升至23.22万例,再次创下新纪录。
法国流行病学家菲利普•阿穆叶尔12月29日接受媒体采访时说,如今法国三分之一的新增确诊病例为奥密克戎毒株感染。奥密克戎毒株逐渐取代德尔塔毒株的主导地位,病毒以“闪电般的速度”传播,导致确诊病例呈指数级增长。
此外,根据各国官方发布的数据,12月30日西班牙新增确诊病例达161688例,创下新纪录;人口不到100万的塞浦路斯,日增确诊病例数从12月27日的1925例增至31日的5048例;葡萄牙继12月29日创下日增2.6万多病例的新纪录之后,30日的数据达2.8万多例;希腊12月27日新增确诊病例数近1万例,31日已飙升至40560例,据希腊国家公共卫生组织12月30日发表的数据,该国近1100万人口新冠病毒阳性率已达8.37%。

真实数据或更惊人
各国官方的疫情数据已很惊人,但专家表示,由于检测不足、统计滞后,真实数据可能比官方公布的要更大。
英国紧急情况科学咨询小组发布的最新报告称,目前英格兰地区每天有“数十万”新增奥密克戎感染病例,远超官方报告的数字。由于报告滞后,目前在英观察到的因感染奥密克戎毒株而住院的病例数可能只是实际数字的十分之一。
此外,由于病毒加速传播,英国近期出现检测试剂供应短缺以及检测站点不可用的情况。英国政府网站显示,截至12月30日夜间,无论普通民众还是医护人员都无法申领到家庭核酸检测试剂,30日白天英国绝大多数核酸检测点已无法预约到。
这是2021年12月31日在英国伦敦拍摄的建设中的临时医院。新华社发(雷伊•唐摄)
德国疾控机构罗伯特•科赫研究所12月31日指出,近期是圣诞和新年假期,预计检测数量不足,统计滞后,因此相关数据可能无法完整反映疫情。

西班牙马德里近日出现大量疑似病例,公立医院检测拥堵。12月30日申请的检测要过5天才能处理,公立医院电话长时间处于无人接听状态。

芬兰日前开始要求入境旅客出示新冠阴性检测证明,但边境安全专家托米•基韦纽里表示,此举可能在机场引发混乱,由于旅客数量庞大,无法检查每个人的证明,只能依据“风险评估”抽查。该国健康与福利研究所12月30日表示,由于数据传输问题,最近几天报告的新增疫情数据不完整,目前问题刚刚解决。
防疫措施被指不足
面对汹涌而来的奥密克戎毒株,欧洲多国政府程度不同地收紧防疫措施,然而这些措施被普遍认为不足以阻止病毒传播。
荷兰国家公共卫生与环境研究所12月10日发布一项调查结果显示,荷兰人对政府防疫措施的信心降至疫情暴发以来最低点。
英国利物浦大学社会政策专家斯图尔特•威尔克斯-希格对新华社记者说,高传染性的奥密克戎毒株突然出现,必然需要新的防控措施。一些医学专家近日在《英国医学杂志》周刊上发文敦促英国政府立即升级防控措施,包括减少社交接触等,以遏制奥密克戎毒株传播并防止卫生服务系统崩溃。

威尔士公共卫生局健康保护领域负责人吉里•尚卡尔发表声明说,威尔士可能会在未来几周内出现奥密克戎毒株感染病例“海啸”。
2021年12月24日,戴口罩的人们走过西班牙马德里一处圣诞集市。新华社记者孟鼎博摄
西班牙科研高等委员会病毒学家玛格丽塔•德尔巴尔认为,“如果我们不改变现在的措施,新增病例数将继续上升”。(参与记者:郭爽、王湘江、温新年、陈晨、陈静、郭明芳、于帅帅、张毅荣、谢宇智)