Connect with us

COVID-19 UPDATES

အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် ကိုဗစ်ကာကွယ်ဆေး၏ ထိရောက်မှုကို အားနည်းစေနိုင်ကြောင်း WHO ကပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) ကို မေ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကနေဦးသက်သေအထောက်အထားများအရ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် ကာကွယ်ဆေး၏ထိရောက်မှုကို အားနည်းစေနိုင်ကြောင်း နှင့် လူများသည် ဤရောဂါပိုးကို ထပ်ခါတလဲလဲ ကူးစက်နိုင်ခြေပိုများကြောင်း၊ သို့သော် လက်ရှိ ကိုဗစ်ရောဂါစမ်းသပ်စစ်ဆေးမှုနှင့် ကုသရေးနည်းလမ်းများ၏ ထိရောက်မှုအပေါ် ထိခိုက်ခြင်းမရှိသေးကြောင်း သိရသည်။

ကနေဒါနိုင်ငံ၊ Mississauga၊ Ontario ရှိ ကိုဗစ်စမ်းသပ်ခြင်းစင်တာတွင် ကိုဗစ်ရောဂါစစ်ဆေးရန် ဓာတ်ခွဲနမူနာ ရယူနေသည်ကို ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၊ နယူးယောက်ရှိ Times Square မြင်ကွင်းကို ဒီဇင်ဘာ ၁၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

နိုဝင်ဘာ ၂၄ ရက်တွင် တောင်အာဖရိကက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အား ယင်း ဗိုင်းရပ်စ်မျိုးကွဲသစ် တွေ့ရှိသည်ဟု အကြောင်းကြားခဲ့ပြီးနောက် မကြာမီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယင်းဗိုင်းရပ်စ်အမျိုးအစားကို “ဂရုပြုရန် လိုအပ်”သည့် ဗီဇပြောင်း ဗိုင်းရပ်စ်အမည်စာရင်းတွင် ထည့်သွင်းကာ အိုမီခရွန် ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။

WHO မှ ဒီဇင်ဘာ ၁၅ ရက်ထုတ်ပြန်သော အပတ်စဉ် ကူးစက်ရောဂါဆိုင်ရာ သတင်းထုတ်ပြန်ချက်အရ အိုမီခရွန်သည်နိုင်ငံနှင့်ဒေသပေါင်း ၇၇ ခုတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က “အမှန်တကယ် အခြေအနေကတော့ ဒီရောဂါပိုးဟာ ကမ္ဘာတဝှမ်းရှိ နိုင်ငံနဲ့ဒေသတော်တော်များများကို ရောက်ရှိနေပြီ” ဟုဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

အိုမီခရွန် အဓိက ကူးစက်ပြန့်ပွားသော တောင်အာဖရိကနှင့် ဒယ်လ်တာ အဓိကကူးစက်ပြန့်ပွားသော ဗြိတိန်တို့မှ အချက်အလက်များအရ အိုမီခရွန်သည် ဒယ်လ်တာထက် ကူးစက်ပြန့်ပွားမှုပိုမိုမြန်ဆန်ကြောင်း တွေ့ရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ အိုမီခရွန်သည် တောင်အာဖရိကတွင် အလွန်လျင်မြန်စွာ ပြန့်ပွားနေကြောင်း၊ တောင်အာဖရိကတွင် နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၇ ရက်အတွင်း ပျမ်းမျှနေ့စဉ်ကူးစက်မှုအရေအတွက်မှာ လူ ၁၀၀,၀၀၀ တွင် ၈ ဒသမ ၀၇ ဦးဖြစ်ကြောင်း ၊ ဒီဇင်ဘာ ၁၃ ရက်တွင် ကူးစက်ပြန့်ပွားမှုမှာ လူ ၁၀၀,၀၀၀ တွင် ၃၄ ဒသမ ၃၇ ရောက်အထိမြှင့်တက်ခဲ့ကြောင်း သိရသည်။

ဗြိတိန်ကျန်းမာရေးဝန်ကြီး Syed Javid ကလန်ဒန်တွင် ကိုဗစ်ထပ်တိုးအတည်ပြုလူနာစုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းသည် အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဖြစ်ကြောင်းနှင့် လာမည့် ၄၈ နာရီအတွင်း မြို့တော်၏ အဓိကကူးစက်မှုသည် အိုမီခရွန် ဖြစ်လာမည်ဟု ဒီဇင်ဘာ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

အိုမီခရွန်၏ရောဂါဖြစ်ပွားနိုင်မှုဆိုင်ရာ အချက်အလက်များ သိရှိမှုမှာ နည်းပါးနေဆဲဖြစ်ကြောင်း၊ အတည်ပြုလူနာအရေအတွက်တိုးလာခြင်း၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုများဖြစ်ပေါ်မှုမှာ အချိန်ကွာဟမှုရှိသောကြောင့် လာမည့် ရက်သတ္တပတ်များတွင် အိုမီခရွန်နှင့်ပတ်သတ်သည့် အချက်အလက်များ ပို၍ ရရှိလာနိုင်မည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဆိုသည်။

အိုမီခရွန်သည် လက်ရှိကာကွယ်ဆေး၏ ရောဂါကူးစက်ပြန်ပွားမှု ကာကွယ်ရေးဆိုင်ရာ ထိရောက်မှုကိုအားနည်းစေနိုင်ကြောင်းနှင့် လူများသည် ဤရောဂါပိုးကို ထပ်ခါတလဲလဲ ကူးစက်မှု အန္တရာယ်တိုးလာနိုင်ကြောင်း ကနေဦးအချက်အလက်များအရ သိရသည်။

WHO ၏အဆိုအရ ယခုအဆင့်တွင် အိုမီခရွန်၏ ကိုယ်ခံစွမ်းအား တုံ့ပြန်မှု အတိုင်းအတာကို မဆုံးဖြတ်နိုင်သေးကြောင်း နှင့် လက်ရှိကာကွယ်ဆေးများသည် ကူးစက်ခံရသူများအပေါ် ရောဂါပြင်းထန်မှုနှင့်သေဆုံးမှုတို့ကို မည်သည့်အတိုင်းအတာအထိ ကာကွယ်ပေးနိုင်သည်ကို တိကျစွာ မသိရသေးကြောင်း၊ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်အတွက် ပိုမိုလေ့လာရန်လိုအပ်ကြောင်း သိရသည်။

အထက်ပါအချက်အလက်များအရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိုမီခရွန်ရောဂါပိုး ပြန့်ပွားမှုအန္တရာယ်သည် အလွန်မြင့်မားသည်ဟု WHO က ယူဆသည်။

အိုမီခရွန်ရောဂါပိုးသည် polymerase chain reaction (PCR) detection နှင့် လျင်မြန်သော antibody detection အပါအဝင် လက်ရှိတွင်တွင်ကျယ်ကျယ်အသုံးပြုနေသော ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးခြင်း၏ တိကျမှုကို ထိခိုက်ခြင်းမရှိကြောင်းနှင့် ရောဂါပြင်းထန်သော လူနာများအတွက် ကုသမှုများသည် အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူများအတွက် တူညီသော ထိရောက်မှုရှိကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
世卫组织:奥密克戎毒株或使疫苗有效性减弱
2021-12-16 10:11:20 分类: 社会
图片轮播
新华社北京12月16日电 世界卫生组织15日说,初步证据显示,变异新冠病毒奥密克戎毒株可能使新冠疫苗有效性减弱,并且人们重复感染这一毒株的风险更高。不过,现有检测手段和治疗方法的有效性似乎没有受到影响。
南非11月24日向世卫组织报告发现这一新毒株,世卫组织随后将这一毒株列为“需要关注”的变异株并命名为奥密克戎。
世卫组织在15日发布的每周流行病学报告中写道,已有77个国家和地区报告这一毒株感染病例。
这是世界卫生组织总干事谭德塞5月7日在瑞士日内瓦出席新闻发布会的视频截图。(新华社发)
世卫组织总干事谭德塞14日说,实际情况很可能是这一毒株已传播至全球大多数国家和地区。
这份报告写道,从目前有限数据来看,奥密克戎毒株看起来比另一变种德尔塔毒株传播速度更快。无论是在奥密克戎毒株占“主流”的南非,还是德尔塔毒株占“主流”的英国,上述结论都得到验证。
美国约翰斯•霍普金斯大学数据显示,奥密克戎毒株在南非传播极快,南非11月29日报告的过去7天日均新增感染病例为每10万人8.07例,到本月13日增长到每10万人34.37例。
12月15日,在加拿大安大略省米西索加一处“不下车”新冠病毒检测中心,一名身穿防护服的医护人员准备为检测者取样。(新华社发,邹峥摄)
英国卫生大臣赛义德•贾维德13日说,奥密克戎毒株感染病例目前占伦敦新增确诊病例的44%,将在48小时内成为首都的“主流”毒株。
世卫组织说,现阶段有关奥密克戎毒株致病程度的临床数据仍然相当有限。由于从确诊病例数量增加到重症患者、死亡病例增加存在时间差,预计未来数周人们将获得更多有关奥密克戎毒株致病力的信息。
初步数据显示,奥密克戎毒株可能使新冠疫苗对防止感染和传播的有效性减弱。同时,人们重复感染这一毒株的风险增加。
12月14日,人们走在美国纽约时报广场。(新华社发,郭克摄)
按世卫组织的说法,现阶段尚无法确定奥密克戎毒株逃避免疫的程度,也不清楚现有疫苗对避免奥密克戎感染者发展至重症和死亡的保护程度,需要更多数据才能进一步了解。
基于上述判断,世卫组织认为奥密克戎毒株在全球范围传播的风险“非常高”。
这份报告同时指出,奥密克戎毒株似乎并没有影响当前广泛使用的新冠病毒检测手段的准确性,包括聚合酶链式反应(PCR)检测和快速抗体检测。此外,针对重症和危重患者的治疗方法预计对奥密克戎感染者同样有效。(张旌)