Connect with us

COVID-19 UPDATES

အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကမ္ဘာတစ်ဝန်းပြန့်ပွားမှုအန္တရာယ် “အလွန်မြင့်မား”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အမျိုးသားအနုပညာပြတိုက်ရှေ့တွင် လာရောက်လည်ပတ်ကြည့်ရှုသူများအတွက် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန် သတိပေးသည့် ဆိုင်းဘုတ်အား ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်သည် ကမ္ဘာတစ်ဝန်းကူးစက်မှုအန္တရာယ် “အလွန်မြင့်မား”ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်း ဗိုင်းရပ်စ်မျိုးကွဲသည် ကာကွယ်ဆေးထိရောက်မှုကို လျော့နည်းစေသည်ဟု အထောက်အထားများတွင် ဖော်ပြထားသော်လည်း ရောဂါဖြစ်ပွားမှုအတိုင်းအတာကို လက်ရှိ လက်တွေ့ကုသမှုကိန်းဂဏန်းများအရ အတည်ပြုရန် မလုံလောက်သေးကြောင်း ဆိုသည်။

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တွင် တောင်အာဖရိက သမ္မတCyril Ramaphosaက သမ္မတဟောင်း F. W. de Klerk ၏အောက်မေ့ဖွယ်အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသည်ကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးစင်တာတစ်ခုတွင် ကလေးငယ်တစ်ဦးအား ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေသည်ကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နိုဝင်ဘာ ၂၄ ရက်တွင် တောင်အာဖရိကက ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အား ယင်း ဗိုင်းရပ်စ်မျိုးကွဲသစ် တွေ့ရှိသည်ဟု အကြောင်းကြားခဲ့ပြီးနောက် မကြာမီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယင်းဗိုင်းရပ်စ်အမျိုးအစားကို “ဂရုပြုရန် လိုအပ်”သည့် ဗီဇပြောင်း ဗိုင်းရပ်စ်အမည်စာရင်းတွင် ထည့်သွင်းကာ အိုမီခရွန် ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ ယခုလ ၉ ရက်နေ့အထိဆိုလျှင် အိုမီခရွန်သည် နိုင်ငံနှင့်ဒေသပေါင်း ၆၀ ကျော်သို့ ရောက်ရှိနေပြီဖြစ်သည်။

“အကြောင်းရင်းအမျိုးမျိုးရှိနိုင်တာကြောင့်၊ အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် ကမ္ဘာတစ်ဝန်းပြန့်ပွားမှုအန္တရာယ်က အလွန်မြင့်မားဆဲဖြစ်တယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ ယင်းအဆိုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ နိုဝင်ဘာ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည့် ပထမဆုံး သုံးသပ်ချက်ရလဒ်နှင့် ထပ်တူဖြစ်သည်။

ကနဦးရရှိသည့် သက်သေအထောက်အထားများအရ အိုမီခရွန်သည် ကိုဗစ်ကာကွယ်ဆေးထိရောက်မှုကို လျော့နည်းစေပြီး ကူးစက်မှုအားပို၍ကောင်းကြောင်း ယင်းထုတ်ပြန်ရှင်းလင်းချက်တွင် ရေးသားထားသည်။

အိုမီခရွန်တွေ့ရှိသည့် နိုင်ငံနှင့်ဒေသများတွင် တောင်အာဖရိကနှင့်ဗြိတိန်၏ ကူးစက်ပြန့်ပွားမှုက ပို၍ မြန်ဆန်သည်ကို တွေ့ရှိသည်ဟု WHOက ဂရုပြုမိကြောင်း သိရသည်။

နောက်ဆုံးရ ကိန်းဂဏန်းများတွင် တောင်အာဖရိကရှိ ကိုဗစ်အတည်ပြူလူနာများ၏ ၇၀ ရာခိုင်နှုန်းသည် အိုမီခရွန် ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအခြေအနေ၌ ယင်းနိုင်ငံတွင် ကိုဗစ်ကူးစက်မှုနှုန်း ၂.၅ ရှိရာ ကူးစက်သူတစ်ဦးလျှင် လူ ၂.၅ ဦးကို ကူးစက်နိုင်ခြေရှိကြောင်၊ ၎င်းမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အမြင့်ဆုံးကူးစက်မှုအတိုင်းအတာဖြစ်ကြောင်း ဆိုသည်။

ဗြိတိန်တွင် ဒီဇင်ဘာ ၁၂ ရက် သတင်းပေးပို့ချက်များအရ အိုမီခရွန်ကူးစက်လူနာ ၁,၂၃၉ ဦး ထပ်တိုးလာကြောင်း သိရသည်။ ဗြိတိန်နိုင်ငံ၌ ယင်းဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်းအတည်ပြုလူနာသည် ဒီဇင်ဘာ ၁၁ ရက်က ၁,၈၉၈ ဦးရှိရာမှ ၃,၁၃၇ ဦး တိုးလာခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပြောကြားချက်အရ လက်ရှိကိန်းဂဏန်များကို ကြည့်ပါက ရပ်ကျေးကူးစက်မှုဖြစ်ပွားသည့်ဒေသများတွင် အိုမီခရွန်၏ကူးစက်ပြန့်ပွားမှုနှုန်းက ဒယ်လ်တာထက် ပို၍ မြန်နိုင်ကြောင်း သိရသည်။ တောင်အာဖရိက၏ ကနဦး သုတေသနပြုချက်များတွင် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲ၏ ရောဂါဖြစ်ပွားမှုအခြေအနေသည် ဒယ်လ်တာထက်ပို၍ “ပျော့ပျောင်း”သည်ဟု ဖော်ပြထားပြီး ဥရောပဒေသ အိုမီခရွန်ကူးစက်လူနာအများစုသည် ရောဂါလက္ခဏအပျော့စား သို့မဟုတ် လက္ခဏမပြ ကူးစက်သူများ ဖြစ်ကြောင်း အစီရင်ခံထားသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယင်းကိန်းဂဏန်းအချက်အလက်များက ၎င်းဗိုင်းရပ်စ်မျိုးကွဲသစ်၏ ရောဂါဖြစ်ပွားမှုနှုန်းအတိုင်းအတာကို အတည်ပြုရန် မလုံလောက်သေးဟု ယူဆသည်။

“အိုမီခရွန် ဗိုင်းရပ်စ်၏ ရောဂါဖြစ်ပွားမှုအတိုင်းအတာသည် ဒယ်လ်တာထက် လျော့နည်းသော်ငြားလည်း ကူးစက်မှုအားကောင်းခြင်းကြောင့် ဆေးရုံတင်လူနာဦးရေတိုးပွားလာနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ ဆေးရုံတင်လူနာ ပို၍များလာခြင်းသည် ကျန်းမာရေးစနစ်ကို ဝန်ပိအားဖြစ်စေပြီး သေဆုံးသူပိုမိုများလာနိုင်ကြောင်း” ထုတ်ပြန်ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်ကူးစက်မှုမှ လက္ခဏာပြသည့် အချိန် ကွာဟမှုရှိခြင်းကြောင့် လာမည့် ရက်သတ္တပတ်များတွင် အိုမီခရွန်နှင့်ပတ်သတ်သည့် အချက်အလက်များ ပို၍ ရရှိလာနိုင်မည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဆိုသည်။ (Xinhua)
…………………………………………….
(Chinese Version)
世卫组织:奥密克戎全球传播风险“非常高”
2021-12-14 09:56:57
Image Carouse
新华社北京12月14日电 世界卫生组织12日说,变异新冠病毒奥密克戎毒株在全球范围传播的风险“非常高”。有证据显示,这一新毒株会使新冠疫苗有效性下降,但现有临床数据不足以确定其致病程度。
南非11月24日向世卫组织报告发现这一新毒株,世卫组织随后将这一毒株列为“需要关注”的变异株并命名为奥密克戎。截至本月9日,奥密克戎毒株已在超过60个国家和地区“现身”。
12月12日,在英国伦敦,人们经过英国国家美术馆门前要求参观者佩戴口罩的提示牌。(新华社记者李颖摄)
世卫组织在12日发布的一份简报中写道:“考虑到多重因素,新变种奥密克戎毒株在全球传播风险仍然非常高。”这一说法与世卫组织11月29日对这一毒株作出的首次评估结论一致。
这份简报写道,初步证据显示,奥密克戎毒株会使新冠疫苗有效性下降,并且传播力更强。
世卫组织注意到,在已发现奥密克戎毒株的国家和地区中,这一毒株在南非和英国传播速度较快。其中,奥密克戎已成为南非“主流”毒株,而目前在英国传播的主要毒株是德尔塔变异株。
12月12日,在南非开普敦,南非总统拉马福萨在为前总统德克勒克举行的追悼仪式上讲话。南非总统府12日晚发表声明说,南非总统拉马福萨当天新冠病毒检测结果呈阳性,正在接受治疗并进行自我隔离。(新华社记者吕天然摄)
最新数据显示,南非大约70%的新增确诊病例感染的是奥密克戎毒株。现阶段,这一非洲国家境内新冠病毒复制率为2.5,即每名感染者可能传染2.5人,是疫情暴发以来的最大值。
英国12日报告新增1239例确诊感染奥密克戎毒株的病例。英国感染这一变异毒株的累计确诊病例由此从11日的1898例升至3137例。
按世卫组织的说法,从现有数据来看,在发生社区传播的地区,奥密克戎毒株的传播速度可能比德尔塔毒株快。
12月12日,在加拿大多伦多的一处新冠疫苗接种中心,接种员准备为一名儿童接种疫苗。(新华社发,邹峥摄)
虽然南非初步研究显示奥密克戎毒株所引发症状比德尔塔毒株“温和”,并且欧洲地区报告的绝大多数奥密克戎感染病例为轻症或无症状病例,但世卫组织认为,这些数据尚不足以确定这一新毒株的致病程度。
简报写道:“即便奥密克戎毒株的致病性低于德尔塔毒株,预计住院人数也将因病毒传播性强而增加。更多患者住院将对医疗系统构成压力,导致更多人死亡。”
世卫组织说,由于从感染新冠病毒到症状显现存在时间差,预计未来数周人们将获得更多有关奥密克戎毒株的信息。(张旌)