Connect with us

COVID-19 UPDATES

အိုမီခရွန် ကူးစက်ပြန့်ပွားမှုနှုန်းက ဒယ်လ်တာထက် ၃ ဆမှ ၄ ဆအထိ ပိုမိုမြန်ဆန်ကြောင်း ဗြိတိန်က ဖော်ပြ

အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရှိ Westminster တံတားမြင်ကွင်းကို ဒီဇင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှု စုစုပေါင်း အရေအတွက်သည် ၁၁,၇၀၈ ဦးအထိ တိုးလာကြောင်း၊ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်၏ကူးစက်မှုနှုန်း R တန်ဖိုးမှာ ၃ – ၅ အကြားရှိရာ ရောဂါပိုးရှိသူတိုင်းသည် ပျမ်းမျှအားဖြင့် လူ ၃ ဦးမှ ၅ ဦးအထိ ကူးစက်မှုရှိနေကြောင်းနှင့် ဗြိတိန်နိုင်ငံရှိ ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်၏ကူးစက်မှုနှုန်း R တန်ဖိုးမှာ ၁ ဒသမ ၁ နှင့် ၁ ဒသမ ၂ ကြားဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးနှင့်လုံခြုံရေးအေဂျင်စီက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အိုမီခရွန်ရောဂါပိုး၏ မြန်ဆန်သော ကူးစက်မှုကြောင့် တစ်ရက်အတွင်း ဆေးရုံတင်ကုသရမည့် ကိုဗစ်ထပ်တိုးလူနာသည် ပြီးခဲ့သည့်ဆောင်းရာသီ၏ ကူးစက်မှုအမြင့်ဆုံးအဆင့်ကို ကျော်လွန်သွားနိုင်ကြောင်း၊ ထိုစဉ်က ဗြိတိန်တွင် တစ်ရက်အတွင်း ဆေးရုံတင်ကုသရမည့် ကိုဗစ်ထပ်တိုးလူနာမှာ ၄,၅၀၀ ကျော်ရှိကြောင်း၊ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်ပိုး အရှိန်အဟုန်ဖြင့် ကူးစက်ပြန့်ပွားလာစဉ်တွင် ဒယ်လ်တာကူးစက်မှု အရေအတွက်သည် ဆက်လက်မြင့်မားနေရာ ဗြိတိန်တွင် နှစ်ဆရိုက်ခတ်မှု နှင့်ရင်ဆိုင်နေရကြောင်း၊ လာမည့်သီတင်းပတ်များအတွင်း စံချိန်တင်ကူးစက်မှု အရေအတွက်များ ဆက်လက်ထွက်ပေါ်လာနိုင်ကြောင်း ဗြိတိန်၏ဆေးဘက်ဆိုင်ရာအရာရှိချုပ် Chris Whitty က သတိပေးထားသည်။

ဗြိတိန်ကျန်းမာရေးနှင့်လုံခြုံရေးအေဂျင်စီ၏အမှုဆောင်အရာရှိချုပ် Jenny Harris က အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ဗြိတိန်အတွက် ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း အဆိုးရွားဆုံးအန္တရာယ် ဖြစ်လာနိုင်ကြောင်းနှင့် ဆေးရုံတင်ကုသရမည့် လူနာဦးရေသည်လည်း သိသိသာသာ တိုးလာမည်ဟု ဒီဇင်ဘာ ၁၅ ရက်၌ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ ဗြိတိန်နိုင်ငံတွင် ကိုဗစ်ထပ်တိုးအတည်ပြုလူနာ ၈၈,၃၇၆ ဦးရှိခဲ့ရာ ရောဂါဖြစ်ပွားချိန်မှစ၍ နှစ်ရက်ဆက်တိုက် တစ်ရက်တည်းကူးစက်မှု အမြင့်ဆုံးစံချိန်တင် မြင့်တက်ခဲ့ကြောင်း၊ စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၁၁,၀၉၇,၈၅၁ ဦး၊ ထပ်တိုးသေဆုံးသူ ၁၄၆ ဦး ၊ စုစုပေါင်းသေဆုံးသူ ၁၄၆,၉၃၇ ဦးရှိကြောင်း သိရသည်။

အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် အစ္စရေး၊ ပြင်သစ်နှင့် အခြားနိုင်ငံများသည် ဗြိတိန်သို့ ခရီးသွားလာမှု ကန့်သတ်ထိန်းချုပ်မှု တင်းကျပ်ထားကြောင်း ကြေညာခဲ့သည်။

ယခုလ ၈ ရက်နေ့တွင် ဗြိတိန်နိုင်ငံသည် “ကိုဗစ်ကပ်ရောဂါကို တုံ့ပြန်ခြင်း-ဆောင်းဦးရာသီနှင့် ဆောင်းရာသီအစီအစဉ်” ၏ အစီအစဉ် B ကို စတင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံတွင်း အိုမီခရွန်ရောဂါပိုး အရှိန်မြှင့် ကူးစက်ပြန့်ပွားမှုကို ကိုင်တွယ်ရန် ကိုဗစ်ကပ်ရောဂါ၏ သတိပေးချက်အဆင့်ကို အဆင့် ၃ မှ အဆင့် ၄ သို့မြှင့်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
英国报告奥密克戎毒株传播力为德尔塔的3至4倍
2021-12-17 14:25:44 分类: 科学技术
新华社伦敦12月16日电(记者郭爽)英国卫生安全局16日公布的数据显示,该国累计新冠变异病毒奥密克戎毒株感染病例已激增至11708例,奥密克戎毒株传染数R值已升至3至5之间,即每个感染者平均传染3到5个人,而该国目前德尔塔毒株传染数R值为1.1至1.2之间。
2021年12月6日,人们经过英国伦敦威斯敏斯特桥。新华社发(雷伊•唐摄)
英格兰首席医疗官克里斯•惠蒂当日说,奥密克戎毒株感染病例激增可能将导致单日新增新冠入院病例数超过去年冬季峰值时的水平,当时英国单日新增入院病例数曾超过4500例。惠蒂此前警告说,随着奥密克戎毒株加速传播,英国正面临“相互叠加的”双重打击,即德尔塔毒株感染病例持续高位,同时奥密克戎毒株感染病例“迅速增长”。未来几周可能会不断出现创纪录的疫情数字。
英国卫生安全局首席执行官珍妮•哈里斯15日表示,对英国来说,奥密克戎毒株“可能是大流行暴发以来最严重的威胁”,并警告称住院人数即将激增。
英国政府16日公布的最新疫情数据显示,该国新增88376例新冠确诊病例,连续第二天创下疫情暴发以来该国单日新增病例的最高纪录,累计确诊11097851例;新增死亡146例,累计死亡146937例。
为防范奥密克戎毒株扩散,目前以色列、法国等国已宣布收紧管控措施,限制往来英国的旅行。
本月8日,英国启动《应对新冠疫情:秋冬计划》B计划,即后备计划,12日新冠疫情警报级别由3级升至4级,以应对奥密克戎毒株在该国快速传播。