Connect with us

COVID-19 UPDATES

အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်အပေါ် လက်ရှိကာကွယ်ဆေးများက အလားတူ ထိရောက်မှုရှိကြောင်း တောင်အာဖရိက ပညာရှင် ပြောကြား

တောင်အာဖရိကနိုင်ငံ ကိပ်တောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားများက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုရလဒ်အား ကြည့်ရှုနေသည်ကို နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

လက်ရှိကာကွယ်ဆေးများသည် အသစ်ပေါ်ထွက်လာသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန် အပေါ် အလားတူ ထိရောက်မှုရှိကြောင်း တောင်အာဖရိက အဆင့်မြင့်ကျန်းမာရေး ပညာရှင်တစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ နားလည်ထားတဲ့အခြေအနေနဲ့ အခြားဂရုပြုရန်လိုအပ်တဲ့ သန္ဓေပြောင်း ဗိုင်းရပ်စ်တွေရဲ့ ကာကွယ်ဆေးအပေါ်တုန့်ပြန်မှုတွေအရ ကြိုတင်ခန့်မှန်းနိုင်တာကတော့ ကာကွယ်ဆေးတွေဟာ ဆေးရုံတင်ကုသမှုနှင့်ရောဂါပြင်းထန်မှုကို ကာကွယ်ရာမှာ မြင့်မားတဲ့ ထိရောက်မှုရှိတယ်၊ ကာကွယ်ဆေးမှာ အားကောင်းတဲ့ ကာကွယ်နိုင်စွမ်းရှိနိုင်သေးတယ်”ဟု တောင်အာဖရိကအစိုးရ၏ အစောပိုင်း ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သည့် ထိပ်တန်းအကြံပေး Salim Abdool Karimက ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အိုမီခရွန်ကို ကြည့်ရသည်မှာ ကူးစက်နိုင်စွမ်းပို၍ အားကောင်းသော်လည်း ကူးစက်မှုကို ကြိုတင်ကာကွယ်ရန် သာမန်အားဖြင့် ပဋိပစ္စည်းစွမ်းဆောင်မှုလိုအပ်ကြောင်း၊ ရောဂါပြင်းထန်မှုကို ကာကွယ်ရန်မှာ Tဆဲလ်ကိုယ်ခံစွမ်းအား၏ တာဝန်ဖြစ်ကြောင်း ၊ ထို့ကြောင့် ဗိုင်းရပ်စ်အချို့က ပဋိပစ္စည်းကို ရှောင်ကွင်းနိုင်သော်လည်း Tဆဲလ်ကိုယ်ခံစွမ်းအား ရှောင်ရှားရန် ခဲယဉ်းကြောင်း Salim Abdool Karimက ဆိုသည်။
သို့သော် လက်ရှိအနေအထားတွင် အိုမီခရွန် ကူးစက်သူလူနာအားလုံးသည် အပျော့စားရောဂါလက္ခဏာများသာရှိသည်ဟု အတည်ပြု၍ မရသေးကြောင်း ၎င်းက ယူဆသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်သစ်သည် ကမ္ဘာတစ်ဝန် ကူးစက်လူနာဦးရေ တစ်ဟုန်တိုး တိုးပွားလာနိုင်သည့် အန္တရာယ် မြင့်မားကြောင်း ၊သို့သော် ယင်းမျိုးကွဲ၏ ကိုယ်ခံစွမ်းအားစနစ်ကို တိုက်ခိုက်နိုင်စွမ်းက စောင့်ကြည့်လေ့လာရမည်ဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်တွင် သက်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ပိုရလာနိုင်မည်ဟု ခန့်မှန်းရကြောင်း နိုဝင်ဘာ ၂၉ ရက်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
南非专家:现有疫苗可能对奥密克戎同样有效
2021-11-30 09:45:30
新华社北京11月30日电 南非一名高级卫生专家29日说,现有疫苗可能对新出现的新冠变异病毒奥密克戎毒株同样有效。
曾担任南非政府前期防疫工作首席顾问的萨利姆•阿卜杜勒•卡里姆当天在新闻发布会上说:“根据我们了解的情况和其他需要关注的病毒变种对疫苗的反应,我们可以预期,疫苗对预防住院和重症仍有高效力,疫苗可能仍有强大保护力。”
11月29日,旅客在南非开普敦国际机场查看新冠病毒检测结果。(新华社发,弗克摄)
卡里姆解释道,奥密克戎毒株看似传染性更强,但预防感染通常是由抗体发挥作用,而预防重症主要是T细胞免疫的任务,“所以,一些病毒即使逃过抗体免疫,却难逃过T细胞免疫”。
不过,卡里姆认为,现在仍不能确认感染奥密克戎毒株的患者都是轻症。
世界卫生组织29日说,奥密克戎在全球引发病例激增的风险“非常高”,不过,该毒株对免疫系统的突破能力有待观察,估计数周后会有更多相关数据。(惠晓霜)