Connect with us

Africa & Middle East

အီဂျစ်နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ကျော်က “ရွှေသားလျှာ”ပါ မံမီရုပ်ကြွင်း နှစ်ခုအား တူးဖော်တွေ့ရှိ

အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်း ဂူသင်္ချိုင်းတွင် တွေ့ရှိရသည့် ကျောက်ခေါင်းတလား အား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်းသုတေသနဇုန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ကျော်က မြှုပ်နှံထားသည့် “ရွှေသားလျှာ”ပါ လူသားမံမီရုပ်ကြွင်း ၂ ခုကို စပိန်မှလာသည့် ရှေးဟောင်းသုတေသနအဖွဲ့က တူးဖော်တွေ့ရှိခဲ့ကြောင်း အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၅ ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်း ဂူသင်္ချိုင်းတွင် တူးဖော်ရရှိသည့် ရွှေရှေးဟောင်းပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်း ဂူသင်္ချိုင်းတွင် တူးဖော်ရရှိသည့် ရောင်စုံ ပန်းပုရုပ်တုလေးများအား တွေ့ရစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်း ဂူသင်္ချိုင်းတွင် တူးဖော်ရရှိသည့် scarabsပိုး၏ ပုံအား တွေ့ရစဉ်(ဆင်ဟွာ)

ကပ်လျက်ရှိသည့် အဆိုပါ ဂူသင်္ချိုင်းနှစ်ခုကို Barcelona တက္ကသိုလ်က ရှေးဟောင်းသုတေသနအဖွဲ့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ယင်း ဂူသင်္ချိုင်း၏သမိုင်းကို ရှေးဟောင်းအီဂျစ်တိုင်းပြည် ၂၆ ကြိမ်မြောက် မင်းဆက်(ဘီစီ ၆၆၄ မှ ဘီစီ ၅၂၅ ခုနှစ်)တွင် ရှာဖွေတွေ့ရှိနိုင်ကြောင်း အီဂျစ် ရှေးဟောင်းပစ္စည်းသုတေသကောင်စီ အထွေထွေအတွင်းရေးမှူး Mostafa Waziriက ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ဂူသင်္ချိုင်းတစ်ခုတွင် အမျိုးသမီးပုံ ကျောက်ခေါင်းတလားဖြင့် လူသားမံမီရုပ်ကြွင်းနှစ်ခုကို တွေ့ရှိခဲ့ရာ ရုပ်အလောင်းတွင် “ရွှေသားလျှာ”ငုံထားသည်ကို တွေ့ရကြောင်း ဆိုသည်။

ကနဦးသုတေသနပြုချက်များအရ “ရွှေသားလျှာ”ငုံထားသည့် ရုပ်ကြွင်း၏ သင်္ချိုင်းအုတ်ဂူသည် ရှေးခေတ်က ဖွင့်ထားခံရဖူးပြီး ၎င်းနံဘေးရှိအုတ်ဂုတ်က ပြည့်စုံကောင်းမွန်မှုရှိရာ အမြဲပိတ်ထားသည့်အနေအထားတွင်ရှိကြောင်း၊ အဆိုပါ အုတ်ဂူကို သုတေသနအဖွဲ့က ဖွင့်ခဲ့ရာ အမျိုးသားပုံသဏ္ဍန် ကျောက်ခေါင်းတလားနှင့် ရောင်စုံပန်းပုရုပ်နှင့်အဆင်တန်ဆာ ၄၀၀ ကျော် တူးဖော်တွေ့ရှိရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရှေးဟောင်းသုတေသန တူးဖော်ရေးလုပ်ငန်းများ လက်ရှိတွင် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး “ရွှေသားလျှာ”ပါ ရုပ်ကြွင်းအား နောက်ထပ်တစ်ဆင့် သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
(文化)埃及出土两具距今超过2500年的“金舌”遗骸
2021-12-06 05:11:13
新华社开罗12月5日电(记者吴丹妮 艾哈迈德•沙菲克)埃及旅游和文物部5日发表声明说,来自西班牙的考古团队在埃及明亚省拜赫奈萨考古区发现两座距今超过2500年的墓葬,并出土两具口含“金舌”的人类遗骸。
埃及最高文物委员会秘书长穆斯塔法•瓦齐里在声明中说,两座相邻墓葬是由来自巴塞罗那大学的考古队发现的,墓葬历史可追溯到古埃及第26王朝(公元前664年至公元前525年)。其中一座墓葬中发现一口棺盖为女性形象的大型石棺和两具人类遗骸,遗骸口含“金舌”。
声明说,初步研究表明,发现“金舌”遗骸的墓葬在古代曾被打开。旁边的一座墓葬保持完好,一直处于封闭状态,考古团队将其打开后发现一口棺盖为男性形象的石棺,并出土400余件彩色小雕像及饰物等。
声明说,考古挖掘工作目前仍在继续,考古团队将对“金舌”遗骸展开进一步研究。(完)
图说1:这是埃及明亚省古墓葬中发现的石棺。 新华社发(埃及旅游和文物部供图)
图书2:这是埃及明亚省古墓葬中出土的黄金文物。 新华社发(埃及旅游和文物部供图)
图说3:这是埃及明亚省古墓葬中出土的彩色小雕像。新华社发(埃及旅游和文物部供图)
图说4:这是埃及明亚省古墓葬中出土的圣甲虫。新华社发(埃及旅游和文物部供图)