Connect with us

Africa & Middle East

အီဂျစ် ဖာရိုဘုရင် Amenhotep I၏ မံမီရုပ်လောင်းကို ပထမဆုံးအဖြစ် ဒီဂျစ်တယ်နည်းပညာဖြင့် ဖွင့်ကြည့်ခဲ့

အီဂျစ်နိုင်ငံ ဖာရိုဘုရင် Amenhotep I၏ ဦးခေါင်းပုံစံနှင့်မြေချမျက်နှာဖုံးအားတွေ့ရစဉ်(ဓာတ်ပုံ-Egyptian Ministry of Tourism and Antiquities/Handout via Xinhua)

ကိုင်ရို၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ဖာရိုဘုရင် Amenhotep I၏ မံမီရုပ်လောင်းကို အီဂျစ်သုတေသီများက ယခုရက်ပိုင်းများတွင် CT scan စသည့် နည်းပညာများ အသုံးပြုကာ ပထမဆုံးအကြိမ်အဖြစ် ဒီဂျစ်တယ်နည်းလမ်းသုံးကာ ဖွင့်ကြည့်ခဲ့ပြီး ၎င်း၏မျက်နှာပုံစံလက္ခဏာအသေးစိတ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း အီဂျစ်နိုင်ငံ ခရီးသွားနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ ဖာရိုဘုရင် Amenhotep I၏ မြေချမျက်နှာဖုံးအားတွေ့ရစဉ် (ဓာတ်ပုံ-Egyptian Ministry of Tourism and Antiquities/Handout via Xinhua)

အီဂျစ်နိုင်ငံ ဖာရိုဘုရင် Amenhotep I၏ ဦးခေါင်းပုံစံအားတွေ့ရစဉ်(ဓာတ်ပုံ-Egyptian Ministry of Tourism and Antiquities/Handout via Xinhua)

အီဂျစ်ရှေးဟောင်းသုတေသနပညာရှင် Zahi Hawassနှင့် ကိုင်ရိုတက္ကသိုလ် ဆေးပညာကောလိပ် ဓါတ်မှန်ဗေဒ ပါမောက္ခ Sahar Saleemတို့က ခေတ်မီ x-ray၊ CT Scanနှင့် ခေတ်ရှေ့ပြေး ကွန်ပြူတာဆော့ဝဲလ်များ အသုံးပြုကာ ပထမဆုံးအကြိမ်အဖြစ် “လုံခြုံဘေးကင်းထိတွေ့မှုမရှိသည့်” ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဖာရိုဘုရင် Amenhotep I၏ မံမီရုပ်လောင်းကို ဖွင့်ကြည့်ခဲ့ပြီး ၎င်း၏မျက်နှာပုံစံလက္ခဏာ၊ အသက်နှင့် မံမီရုပ်ကလာပ်အဖြစ် စီမံစဉ်က သက်ဆိုင်ရာအချက်အလက်များကို ထုတ်ဖော်ပြသခဲ့ကြောင်း ခရီးသွားနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းသက်ဆိုင်ရာ သုတေသနရလဒ်များကို ဒီဇင်ဘာ ၂၈ ရက်က Frontiers of Medicine အကယ်ဒမစ်ဂျာနယ်တွင် ဖော်ပြခဲ့သည်။

မံမီရုပ်ကလာပ်အား ဒီဂျစ်တယ် ခွဲခြမ်းစိတ်ဖြာမှုတွင် Amenhotep I သေဆုံးစဉ်က အသက် ၃၅ နှစ်ခန့်ရှိပြီး မည်သည့် ဒဏ်ရာ သို့မဟုတ် ရောဂါဖြင့် သေဆုံးသည့် အရိပ်လက္ခဏာ မတွေ့ရှိရကြောင်း၊ မျက်နှာပုံစံသည် ၎င်း၏ဖခင်ဖြစ်သူ Ahmose Iနှင့်ဆင်တူကြောင်း၊ ဖာရိုဘုရင် Tutankhamun နှင့် Ramses IIကဲ့သို့ မံမီရုပ်ကလာပ်အဖြစ် စီမံရာတွင် ဦးနှောက်ကိုဖွယ်ရှားထားခြင်းမရှိကြောင်း ၊ မံမီရုပ်လောင်းထဲတွင် အဆောင်ပစ္စည်းပေါင်း ၃၀ ရှိပြီး ခန္ဓာကိုယ်၏အောက်ဖက်တွင် ရွှေပုလဲ ၃၄ လုံးဖြင့် စီရီထားသော ခါးပတ်ဝတ်ဆင်ထားကြောင်း ဖော်ပြထားသည်။

Amenhotep I သည် ရှေးအီဂျစ် ၁၈ ဆက်မြောက် မင်းဆက်၏ ဖာရိုဘုရင်ဖြစ်ပြီး ဘီစီ ၁၅၂၅ ခုနှစ်မှ ဘီစီ ၁၅၀၄နှစ်အတွင်း ထီးနန်းစိုးစံခဲ့ကြောင်း သိရသည်။ အီဂျစ်ပိရမစ်အွန်လိုင်းဝဘ်ဆိုက်၏ သတင်းများအရ Amenhotep I၏ မံမီရုပ်လောင်းကို ၁၈၈၁ ခုနှစ်က အီဂျစ်နိုင်ငံ Luxorရှိသည့် သင်္ချိုင်းဂူတစ်ခုတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
(Chinese Version)
(文化)埃及首次以数字方式“解封”阿蒙霍特普一世木乃伊
2021-12-29 06:37:30
新华社开罗12月28日电(记者吴丹妮 马尔瓦•叶海亚)埃及旅游和文物部28日说,该国研究人员近日运用CT扫描等技术首次以数字方式“解封”阿蒙霍特普一世法老的木乃伊,并公布其面部特征等细节。
根据埃及旅游和文物部发表的声明,埃及考古学家扎希•哈瓦斯和开罗大学医学院放射学教授萨哈尔•萨利姆使用先进的X射线技术、CT扫描技术和先进的计算机软件程序,首次以“安全的非侵入、非接触”的数字方式“解封”阿蒙霍特普一世的木乃伊,并公布其面部特征、年龄以及被制作成木乃伊时的相关信息等。有关研究结果28日发表在《医学前沿》杂志上。
对木乃伊的数字化分析表明,阿蒙霍特普一世去世时约35岁,未发现任何受伤或患病导致死亡的迹象;其面部特征与其父雅赫摩斯一世相似;其大脑仍在头骨中,并未像图坦卡蒙和拉美西斯二世等法老那样在被制作成木乃伊时大脑被移除;木乃伊内部有30个护身符,身体下方有一条由34颗金珠组成的腰带。
阿蒙霍特普一世为古埃及第十八王朝法老,约公元前1525年至公元前1504年在位。据埃及金字塔在线网站报道,阿蒙霍特普一世木乃伊于1881年在埃及卢克索的一处墓葬中被发现。(完)

Photo 1- (211228) — CAIRO, Dec. 28, 2021 (Xinhua) — This image provided by Egyptian Ministry of Tourism and Antiquities shows the head of Egyptian Pharaoh Amenhotep I and the funerary mask. (Egyptian Ministry of Tourism and Antiquities/Handout via Xinhua)
Photo 2- (211228) — CAIRO, Dec. 28, 2021 (Xinhua) — This image provided by Egyptian Ministry of Tourism and Antiquities shows the funerary mask of Egyptian Pharaoh Amenhotep I. (Egyptian Ministry of Tourism and Antiquities/Handout via Xinhua)
Photo3- (211228) — CAIRO, Dec. 28, 2021 (Xinhua) — This image provided by Egyptian Ministry of Tourism and Antiquities shows the head of Egyptian Pharaoh Amenhotep I. (Egyptian Ministry of Tourism and Antiquities/Handout via Xinhua)