Connect with us

Africa & Middle East

အီရတ်နိုင်ငံ မြောက်ပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွား၊ လူ ၁၃ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရ

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင် ကားဗုံးကွဲဖြစ်ပွားသည့် အခင်းဖြစ်ပွားနေရာအား ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြောက်ပိုင်း Salahudin ပြည်နယ်တွင် IS များက ဇူလိုင် ၃၀ ရက်တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။

IS အဖွဲ့က Salahudin ပြည်နယ် Yathrib မြို့နယ် ကျေးရွာတစ်ခုတွင် ဈာပနအခမ်းအနားရှိ ပြည်သူများကို ဇူလိုင် ၃၀ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ထပ်မံတိုက်ခိုက်ခဲ့ရာ လူပေါင်း ဒါဇင်နှင့်ချီ၍ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း ၊ ထို့နောက် အင်အားဖြည့်တင်းလာသည့် အီရတ်လုံခြုံရေးတပ်ဖွဲ့က အခင်းဖြစ်ပွားသည့်ဒေသကို တားဆီးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း ယင်းပြည်နယ် ရဲအရာရှိ Mohammed al-Bazi က ဆင်ဟွာကို ပြောသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေးဖမ်းဆီးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း Salahudin ပြည်နယ် အုပ်ချုပ်ရေးမှူး Ammar al-Jaber က အခင်းဖြစ်ပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် IS အဖွဲ့အား တိုက်ဖျက်မှုမှာ သမိုင်းဝင်အောင်မြင်မှုရရှိခဲ့ကြောင်း အီရတ်က ကြေညာခဲ့သော်လည်း လက်ရှိ အီရတ်နိုင်ငံအတွင်း ကျန်ရှိနေသေးသည့် အစွန်းရောက်များက အခွင့်ကြုံလျှင် တိုက်ခိုက်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————–
(Chinese Version)
(国际)伊拉克北部发生袭击事件致13死45伤
2021-07-31 07:21:07
新华社巴格达7月30日电(记者张淼)伊拉克警方30日说,极端组织“伊斯兰国”武装分子当天在伊北部萨拉赫丁省发动袭击,导致13人死亡、45人受伤。
萨拉赫丁省警方官员穆罕默德•巴齐在接受新华社记者采访时说,一伙“伊斯兰国”武装分子当晚在该省亚斯里卜镇一村庄对参加葬礼的民众发动袭击,随后又攻击附近一检查站,造成数十人伤亡。随后前来增援的伊拉克安全部队对该区域实施了封锁。
萨拉赫丁省省长阿马尔•贾比尔当天发表声明,强烈谴责武装分子制造了这起袭击事件,并表示伊安全部队将展开抓捕行动,将肇事者绳之以法。
2017年12月,伊拉克宣布取得打击“伊斯兰国”的历史性胜利,但目前伊境内仍有残余极端分子伺机发动袭击。(完)
图说1:4月15日,人们聚集在位于伊拉克首都巴格达的汽车炸弹袭击地点。 新华社/法新