Connect with us

Africa & Middle East

အီရတ် မြို့တော် လေဆိပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အစိမ်းရောင်ဧရိယာ အနီးတွင် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဇန်နဝါရီ ၃ ရက်က ဖောက်ခွဲပစ္စည်းသယ်ဆောင်လာသည့် ဒရုန်းယာဉ် ၂ စီး တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော်လည်း သေဆုံးဒဏ်ရာရမှု မရှိခဲ့ကြောင်း အီရတ် ပြည်ထဲရေးဝန်ကြီးဌာန သတင်းအရင်းအမြစ်က ယင်းနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃ ရက် နံနက်မိုးလင်းချိန်တွင် ဖောက်ခွဲပစ္စည်းသယ်ဆောင်လာသည့် ဒရုန်းယာဉ် နှစ်စီးသည် လေဆိပ်အတွင်းရှိ ယခင်က အမေရိကန်အကြံပေးနှင့်ဌာနများ၏ စစ်အခြေစိုက်စခန်းကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း ၊ သို့သော်လည်း ၎င်းစခန်း၏ လေကြောင်းကာကွယ်ရေးစနစ်က ဖြိုခွင်းနိုင်ခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်က ဆင်ဟွာကို ပြောသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှု မရှိခဲ့ကြောင်း၊ အီရတ်လုံခြုံရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လက်ရှိတွင် မည်သည့်အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကမျှ ၎င်းတို့လက်ချက်ဟု ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။

အမေရိကန် ဦးဆောင်သည့် “အိုင်အက်စ်”အစွန်းရောက်အဖွဲ့ တိုက်ဖျက်ရေး နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်ရေးတာဝန်များ ပြီးဆုံး၍ တပ်ဖွဲ့ဝင်နှင့်စစ်လက်နက်ပစ္စည်း အားလုံး အီရတ်မှရုပ်သိမ်းသွားပြီဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ် Mustafa Al-Kadhimi က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

……………………………………
(Chinese Version)
(国际)伊拉克首都机场遭无人机袭击
2022-01-03 23:12:04
新华社巴格达1月3日电(记者董亚雷)伊拉克内政部消息人士3日证实,首都巴格达国际机场当日遭两架携带爆炸物的无人机袭击,但未造成人员伤亡。
这名不愿具名的消息人士对新华社记者说,3日黎明时分,两架携带爆炸物的无人机袭击机场内一个曾有美国顾问和机构驻扎的军事基地,但都被保护该基地的防空系统击落。袭击未造成人员伤亡,伊拉克安全部队正对此展开调查。
目前,尚无任何组织或个人宣称制造了这起袭击事件。
伊拉克总理穆斯塔法•卡迪米去年12月29日宣布,美国主导的打击极端组织“伊斯兰国”国际联盟部队的战斗任务已结束,其作战人员和战斗装备已全部撤出伊拉克。(完)
图说1:2021年11月7日,防暴警察在伊拉克巴格达“绿区”附近警戒。新华社发(哈利勒•达伍德摄)