Connect with us

Africa & Middle East

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်နျူကလီးယား ဆွေးနွေးမှုတွင် မဖြေရှင်းနိုင်သေးသည့် ကိစ္စရပ်များ ကျန်ရှိနေသေးကြောင်း ပြောကြား

သြစတြီးယားနိုင်ငံ ဗီယင်နာတွင် ဧပြီ ၆ ရက်၌ ကျင်းပပြုလုပ်သည့် အီရန်နျူကလီးယားသဘောတူညီချက် ညှိနှိုင်းဆောင်ရွက်မှုပူးတွဲကော်မတီ နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေး ကျင်းပပြုလုပ်နေစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

သြစတြီးယားနိုင်ငံမြို့တော် ဗီယင်နာတွင် ကျင်းပပြုလုပ်နေသည့် အီရန်နျူကလီးယားအရေးဘက်စုံသဘောတူညီမှုစာချုပ် သက်ဆိုင်ရာများ ဆွေးနွေးမှုသည် လက်ရှိတွင် ဆက်လက်ပြုလုပ်နေသော်လည်း အချို့ကိစ္စရပ်များမှာ ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Khatibzadeh က ဇွန် ၁၄ ရက်၌ ပြောကြားခဲ့သည်။

Khatibzadeh က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် အချို့သော နည်းပညာ ၊ တရားဥပဒေ နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွင် နက်ရှိုင်းရှုပ်ထွေးသည့် ပြဿနာများ တည်ရှိနေပြီး အချို့သော အဓိက ပြဿနာများကို ဆွေးနွေးပွဲတွင် ဖြေရှင်းနိုင်ရန် မျှော်လင့်ထားကြောင်း ၊ ဆွေးနွေးပွဲက ရှေ့ဆက်မရတော့သည့် အခြေအနေသို့ မရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က အမေရိကန်နိုင်ငံ၏ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အစိုးရအနေဖြင့် ယခင် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် လက်ထက်က မအောင်မြင်ခဲ့သည့် လမ်းကြောင်းကို ပြန်လည်လျှောက်လှမ်းခြင်းကို ရှောင်ရှားရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ သမ္မတHassan Rouhani က ဇွန် ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာန စီမံကိန်းအသစ် စတင်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အကယ်၍ အမေရိကန်စသည့် အီရန်နျူကလီးယားသဘောတူညီချက်တွင် ပါဝင်သည့်သက်ဆိုင်ရာနိုင်ငံများအားလုံးက ကတိပြုချက်ကို လိုက်နာခဲ့လျှင် အီရန်နိုင်ငံက စစ်ဆေးအတည်ပြုမှုပြုလုပ်ပြီးနောက်တွင် အလားတူဆောင်ရွက်မှုပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ယင်းမှာ အီရန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ နှင့် ဥရောပတိုက်အား ပေးပို့လိုသည့် တိကျသည့် သတင်းအချက်အလက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန်နိုင်ငံသည် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ဖြင့် အီရန်နျူကလီးယားအရေးသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ သဘောတူညီမှုအရ အီရန်က ၎င်း၏ နျူကလီးယားအစီအစဉ်များကို ကန့်သတ်ရန် သဘောတူခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုအား ပယ်ဖျက်ပေးရန် သဘောတူခဲ့သည်။

၂၀၁၈ ခုနှစ် မေ တွင် အမေရိကန်နိုင်ငံ အစိုးရသည် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေ မှစတင်၍ အီရန်နိုင်ငံ က အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါရှိသော အချက်အလက်အချို့ကို လိုက်နာရန် ရပ်ဆိုင်းခဲ့ပြီး ဆောင်ရွက်မှုများ ပြန်လည်ပြောင်းလဲနိုင်ကြောင်း ကတိပြုခဲ့သည်။

အီရန်နျူကလီးယားသဘောတူညီချက်တွင် ပါဝင်သည့် သက်ဆိုင်ရာနိုင်ငံအသီးသီးက ယခုနှစ် ဧပြီလဆန်းပိုင်း မှစတင်၍ ဗီယင်နာတွင် ဆွေးနွေးမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)
———————————–
(Chinese Version)
(国际)伊朗外交部:伊核会谈仍有问题未得到解决
2021-06-15 02:21:18 分类: 政治法律
新华社德黑兰6月14日电(记者王守宝 高文成)伊朗外交部发言人哈提卜扎德14日表示,正在奥地利首都维也纳举行的伊朗核问题全面协议相关方会议还在进行,仍有一些问题未得到解决。
哈提卜扎德当天在例行记者会上表示,一些技术、法律和行政方面的微妙问题以及一些主要问题仍有待在会谈中解决,会谈没有陷入僵局。
哈提卜扎德还敦促美国现任政府避免重蹈前总统特朗普时期的覆辙。
伊朗总统鲁哈尼当天在国防部一项目启动仪式上表示,如果美国等协议相关方无一例外地履行伊核协议承诺,伊朗在核查后也会立即这样做,这是伊朗向美国和欧洲发出的明确信息。
2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,以换取国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁措施。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取的措施“可逆”。为讨论美伊两国恢复履约问题,伊核协议相关方今年4月初开始在维也纳举行了多轮会谈。(完)

Photo
这是4月6日在奥地利维也纳拍摄的伊核协议联合委员会政治总司长级会议现场。新华社发(欧盟驻维也纳代表团供图)