Connect with us

Africa & Middle East

အီရန်နိုင်ငံ သမ္မတသစ် က အမေရိကန်အနေဖြင့် မတရားသည့် အရေးယူပိတ်ဆို့မှုများအားလုံးကို ပယ်ဖျက်သင့်ကြောင်း ပြောကြား

အီရန်နိုင်ငံတွင် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြောက်ခံရသည့် Ibrahim Leahy အား ဇွန် ၂၁ ရက်က တီဟီရန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံတွင် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြောက်ခံရသည့် Ibrahim Leahy က ဇွန် ၂၁ ရက်၌ တီဟီရန်တွင် ရွေးချယ်တင်မြောက်ခံခဲ့ရပြီးနောက် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံ အနေဖြင့် အီရန်နိုင်ငံအပေါ် ဆောင်ရွက်ထားသည့် မတရားသော အရေးယူပိတ်ဆို့မှုအားလုံးကို ပယ်ဖျက်ပေးရန်တာဝန်ရှိကြောင်း ၊ ဥရောပနိုင်ငံများအနေဖြင့် အီရန်နျူကလီးယားဘက်စုံသဘောတူညီချက်စာချုပ် မူဘောင်အောက်တွင် ကတိပြုချက်များကို လိုက်နာသင့်ကြောင်း ပြောကြားခဲ့သည်။သမ္မတ Ibrahim Leahy က အမေရိကန်နိုင်ငံအနေဖြင့် အီရန်နျူကလီးယားသဘောတူညီချက်သို့ ပြန်လည်ပါဝင်သင့်ပြီး ကတိပြုချက်ကို လိုက်နာသင့်ကြောင်း ၊ ဥရောပနိုင်ငံများအနေဖြင့် အမေရိကန်နိုင်ငံ၏ ဖိအားပေးမှု နှင့် နိုင်ငံခြားရေးမူဝါဒအပေါ် အရှုံးမပေးသင့်ဘဲ မိမိတို့၏ သဘောတူညီချက်တွင် ကတိပြုချက်များကို လိုက်နာသင့်ကြောင်းပြောကြားခဲ့သည်။

ထို့ပြင် Ibrahim Leahy က အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းမူဝါဒ နှင့် ကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အခြားနိုင်ငံနှင့် ဆွေးနွေးမှုပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် အီရန်နိုင်ငံသည် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ဖြင့် အီရန်နျူကလီးယားအရေးသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့သည်။ သဘောတူညီမှုအရ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်များကို ကန့်သတ်ရန် သဘောတူခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အီရန်နိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုအား ပယ်ဖျက်ပေးရန် သဘောတူခဲ့သည်။ ၂၀၁၈ ခုနှစ် မေ တွင် အမေရိကန်နိုင်ငံ အစိုးရသည် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၁၉ ခုနှစ် မေ မှစတင်၍ အီရန်နိုင်ငံ က အီရန်နျူကလီးယားအရေးသဘောတူညီချက်တွင် ပါရှိသော အချက်အလက်အချို့ကို လိုက်နာရန် ရပ်ဆိုင်းခဲ့ပြီး ဆောင်ရွက်မှုများ ပြန်လည်ပြောင်းလဲနိုင်ကြောင်း ကတိပြုခဲ့သည်။

အီရန်နျူကလီးယားသဘောတူညီချက်တွင် ပါဝင်သည့်သက်ဆိုင်ရာနိုင်ငံများက ၂၀၂၁ ခုနှစ်ဧပြီ ၆ ရက်မှစတင်၍ ဗီယင်နာတွင် ဆေးနွေးမှုများစတင်ပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံ နှင့် အီရန်နိုင်ငံ တို့အနေဖြင့် သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။ လက်ရှိချိန်ထိ အဆိုပါဆွေးနွေးမှု (၆) ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ (Xinhua)

——————————————
(Chinese Verson)

(国际)伊朗当选总统说美国应解除所有对伊“不公正制裁”

新华社德黑兰6月21日电(记者高文成 王守宝)伊朗当选总统易卜拉欣•莱希21日在德黑兰举行当选后的首场新闻发布会。他表示,美国“有责任解除所有不公正的对伊制裁”,欧洲国家应履行伊朗核问题全面协议框架下的承诺。

莱希说,美国应重回伊核协议,履行其承诺。欧洲国家不应屈从于美国的“压力和外交政策”,而应履行他们在协议中的承诺。
他还表示,伊朗不会就地区政策和国防问题同其他国家进行谈判。

2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊核协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。2018年5月,美国政府单方面退出伊核协议,随后重启并新增一系列对伊制裁。2019年5月以来,伊朗逐步中止履行伊核协议部分条款,但承诺所采取措施“可逆”。
伊核协议相关方会谈4月6日开始在维也纳举行,讨论美伊恢复履约问题,迄今已举行6轮会谈。(完)

Photo
6月21日,伊朗当选总统易卜拉欣•莱希在德黑兰出席当选后的首场新闻发布会。 新华社发(艾哈迈德•哈拉比萨斯摄)